ေငြရွင္းဖုိ႔ တန္းစီ စရာမလိုတဲ့ Amazon Go Store ကို နယူးေယာက္ စီးတီးမွာ ဖြင့္မည္

0
669

အေမဇုန္က Cashier မ်ား သို႔မဟုတ္ ေငြရွင္း ေကာင္တာမ်ား မရွိတဲ့ Go Store မ်ားကို ျပဳလုပ္ေပးထားပါတယ္။ တစ္နည္းအားျဖင့္ ေငြရွင္းဖုိ႔ တန္းစီ စရာမလိုေတာ့ပါဘူး။ ေငြရွင္းေတာ့မယ္ဆိုရင္ စတိုးရဲ႕ ဆန္ဆာမ်ားက က်သင့္ေငြကို တြက္ခ်က္ေပးၿပီး သင့္ရဲ႕ အေမဇုန္ အေကာင့္မွာ ထည့္သြင္းထားတဲ့ ကဒ္ကေန ျဖတ္သြားမွာပါ။ Go Store မွာ ေစ်း၀ယ္ဖို႔အတြက္ Amazon Go App ကို သင့္ စမတ္ဖုန္းမွာ ထည့္သြင္းထားရမွာ ျဖစ္ပါတယ္။

Amazon Go Store မ်ားဟာ နည္းပညာျမင့္ စတိုးဆိုင္မ်ား ျဖစ္ပါတယ္။ အဲဒီ ဆိုင္မ်ားမွာ ကင္မရာ၊ ဆန္ဆာမ်ားကို တပ္ဆင္ထားၿပီး ေစ်း၀ယ္သူမ်ား ၀ယ္ယူထားတဲ့ ကုန္ပစၥည္းမ်ားကို တြက္ခ်က္ျခင္း၊ အလစ္သုတ္သမားမ်ား၊ သူခိုးမ်ားကို ဖမ္းေပးျခင္းမ်ားကို ျပဳလုပ္ေပးႏုိင္ပါတယ္။

အေမဇုန္က Go Store ကို ဆီေရတယ္မွာ ၃ ဆိုင္ ဖြင့္လွစ္ေပးထားပါတယ္။ ခ်ီကာဂိုနဲ႔ ဆန္ဖရန္စစၥကိုမွာ စတိုး အသစ္ ႏွစ္ခုကို ဖြင့္လွစ္ေတာ့မယ္လို႔ မၾကာခင္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ အေမဇုန္ဟာ နယူးေယာက္စီးတီးမွာလည္း Amazon Go Store ကို ဖြင့္ဖို႔ အျမန္စီစဥ္ေနတယ္လို႔ CNN သတင္းဌာနက ေဖာ္ျပထားပါတယ္။

နယူးေယာက္ စီးတီးမွာ ဖြင့္လွစ္မယ့္ ဆိုင္အေရအတြက္ကို မသိရေသးပါဘူး။ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက နယူးေယာက္မွာ Go Store တစ္ခုကို ဖြင့္ဖို႔ စီစဥ္ေနေၾကာင္း အတည္ျပဳလိုက္ပါတယ္။ အေမဇုန္က အဲဒီ စတိုးအတြက္ ၀န္ထမ္းမ်ားကိုေခၚယူေနပါတယ္။ အေမဇုန္က Go Store မ်ားကို လူမ်ား ႏွစ္သက္တယ္ဆိုရင္ အနာဂတ္မွာ တိုးခ်ဲ႕ဖြင့္လွစ္ေပးသြားမွာ ျဖစ္ပါတယ္။

unicode

ငွေရှင်းဖို့ တန်းစီ စရာမလိုတဲ့ Amazon Go Store ကို နယူးယောက် စီးတီးမှာ ဖွင့်မည်

အမေဇုန်က Cashier များ သို့မဟုတ် ငွေရှင်း ကောင်တာများ မရှိတဲ့ Go Store များကို ပြုလုပ်ပေးထားပါတယ်။ တစ်နည်းအားဖြင့် ငွေရှင်းဖို့ တန်းစီ စရာမလိုတော့ပါဘူး။ ငွေရှင်းတော့မယ်ဆိုရင် စတိုးရဲ့ ဆန်ဆာများက ကျသင့်ငွေကို တွက်ချက်ပေးပြီး သင့်ရဲ့ အမေဇုန် အကောင့်မှာ ထည့်သွင်းထားတဲ့ ကဒ်ကနေ ဖြတ်သွားမှာပါ။ Go Store မှာ ဈေးဝယ်ဖို့အတွက် Amazon Go App ကို သင့် စမတ်ဖုန်းမှာ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

Amazon Go Store များဟာ နည်းပညာမြင့် စတိုးဆိုင်များ ဖြစ်ပါတယ်။ အဲဒီ ဆိုင်များမှာ ကင်မရာ၊ ဆန်ဆာများကို တပ်ဆင်ထားပြီး ဈေးဝယ်သူများ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းများကို တွက်ချက်ခြင်း၊ အလစ်သုတ်သမားများ၊ သူခိုးများကို ဖမ်းပေးခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။

အမေဇုန်က Go Store ကို ဆီရေတယ်မှာ ၃ ဆိုင် ဖွင့်လှစ်ပေးထားပါတယ်။ ချီကာဂိုနဲ့ ဆန်ဖရန်စစ္စကိုမှာ စတိုး အသစ် နှစ်ခုကို ဖွင့်လှစ်တော့မယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ အမေဇုန်ဟာ နယူးယောက်စီးတီးမှာလည်း Amazon Go Store ကို ဖွင့်ဖို့ အမြန်စီစဉ်နေတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

နယူးယောက် စီးတီးမှာ ဖွင့်လှစ်မယ့် ဆိုင်အရေအတွက်ကို မသိရသေးပါဘူး။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက နယူးယောက်မှာ Go Store တစ်ခုကို ဖွင့်ဖို့ စီစဉ်နေကြောင်း အတည်ပြုလိုက်ပါတယ်။ အမေဇုန်က အဲဒီ စတိုးအတွက် ဝန်ထမ်းများကိုခေါ်ယူနေပါတယ်။ အမေဇုန်က Go Store များကို လူများ နှစ်သက်တယ်ဆိုရင် အနာဂတ်မှာ တိုးချဲ့ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply