သူ့ဘာသာ သန့်ရှင်းရေးတွေလုပ်ဆောင်ပေးသွားမယ့် iRobot Roomba i7+ Robot Vacuum

0
761

Zawgyi Version

Schedule ဆွဲနိုင်သေး


Unicode Version

ကျွန်တော်တို့ robot vacuum cleaner လေးတွေကို အိမ်မှာသုံးကြတာ နှစ်ပေါင်းအနည်းငယ်ကြာနေပါပြီ။ ကျွန်တော်တို့လည်း ချစ်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့အမှိုက်ပုံးကိုတော့ ကျွန်တော်တို့ကိုယ်တိုင်ရှင်းလင်းပေးရတဲ့ပြစ်ချက်တော့ ရှိပါတယ်။ ဒါကြောင့် iRobot ကတော့ အဲဒါလေးကို ဖြေရှင်းပေးနိုင်ပါတယ်။ သင်လည်းကြိုက်မှာ သေချာပါတယ်။
သူ့ဘာသာ သန့်ရှင်းရေးလုပ်ပေးသွားမှာပါ။
Roomba i7+ robot vacuum လေးကတော့ Clean Base Automatic Dirt Disposal ပါဝင်တဲ့အမျိုးအစားလေးပါ။ ဒီကောင်လေးကတော့ ပိုင်ရှင်တွေချစ်စေမယ့်အချက်လေးတွေ ပိုင်ဆိုင်ထားပါတယ်။ သင့်ရဲ့ floor plan လေးတွေ၊ အခန်းလေးတွေကို နာမည်လေးတွေနဲ့ မှတ်သားနိုင်ပါတယ်။ အမိုက်ဆုံးကတော့ သူ့ဘာသာ အလိုအလျောက်သန့်ရျင်းနိုင်ပါတယ်။ ဒီတော့ ကိုယ်တိုင်လိုက်ထိန်းသိမ်းနေရတာမျိုးကို မကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။
Imprint Smart Mapping လေးကို အသုံးပြုပြီးတော့ Roomba i7+ လေးဟာ သင့်အိမ်ရဲ့ Floor plan လေးကို သင်ကြားနိုင်၊ ချိန်ဆနိုင်ပါတယ်။ iRobot HOME App ဒါမှမဟုတ် Alexa ကနေ အသံနဲ့ထိန်းပြီးတော့လည်း ခိုင်းလို့ရပါသေးတယ်။ Google ကိုလည်း အသုံးပြုနိုင်မှာပါ။
Roomba i7+ လေးကတော့ သင့်ရဲ့ကြမ်းပြင်တွေကို သန့်ရှင်းအောင်လုပ်ပေးမှာပါ။ သန့်ရှင်းပြီးတဲ့ အခါမှာလည်း Clean Base လေးထဲကိုစိုက်ပြီးတော့ အမှိုက်ကန့်ကို သန့်ရှင်းနိုင်စွမ်းရှိပါတယ်။ Clean Base လေးထဲမှာတော့ bin ၃၀ ဆံ့မယ့်နေရာလေးရှိပါတယ်။ ဒီတော့ နေ့စဉ်သုံးနေလို့ ပြည့်သွားမှာ မစိုးရိမ်ရပါဘူး။ တစ်ပတ်လောက်တော့ အေးဆေးပစ်ထားလို့ရမှာပါ။
Schedule ဆွဲနိုင်သေး

iRobot Roomba i7+ Robot Vacuum Can Now Empty Itself
iRobot HOME app ကို အသုံးပြုပြီးတော့ သန့်ရှင်းရေးအချိန် သတ်မှတ်ထားနိုင်ပါတယ်။ ပြီးတော့ အိမ်အတွက် Clean Map ကိုလည်း ကြည့်လို့ရပါတယ်။ cleaning setting တွေလည်း ပါဝင်နေပါသေးတယ်။ နေ့တိုင်းအမှိုက်မသွန်ရတော့ဘူးဆိုတော့လည်း သက်သာပါတယ်။ တစ်အိမ်လုံးတောက်ပြောင်နေပြီးတော့ အလုပ်ရှုပ်သက်သာမယ့် စက်လေးကို မလိုချင်ကြဘူးလား။

Leave a Reply