Uncategorized

သင္ ႏွလံုးေရာဂါေၾကာင့္ ေသမလားဆိုတာ ေဟာကိန္းထုတ္ေပးမယ့္ AI

AI ဟာ က႑ေပါင္းစံုမွာ လူသားမ်ားကို အက်ိဳးျပဳေနပါတယ္။ အခုလည္း က်န္းမာေရး ေစာင့္ေရွာက္မႈ နယ္ပယ္မွာ သူ႔ကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနၾကပါတယ္။ အခုေတာ့ Francis Crick Institute မွ သုေတသန ပညာရွင္မ်ားဟာ ဥာဏ္ရည္တု နည္းပညာကို အသံုးျပဳ၍ ေရာဂါမ်ားကို အေျဖရွာဖုိ႔အတြက္ နည္းလမ္းအသစ္တစ္ခုကို ဖန္တီးလိုက္ၾကပါတယ္။ သူတို႔ရဲ႕ AI က ႏွလံုးေရာဂါေၾကာင့္ လူ ေသဆံုးမႈကိုႀကိဳတင္တြက္ခ်က္ရာမွာ ဆရာ၀န္ထက္ ပ္ိုမို တိက်တယ္ဆိုတာစမ္းသပ္ေတြ႕ရွိခဲ့ပါတယ္။

တီထြင္သူမ်ားထဲမွ တစ္ဦး ျဖစ္တဲ့ Andrew Steele က “အနာဂတ္မွာ AI မ်ားက လူနာမ်ားကို ေဆးကုသဖို႔အတြက္ အၾကံဥာဏ္မ်ားေတာင္ ေပးႏုိင္လာမွာပါ။ ကြန္ျပဴတာကို လူတစ္ဦးရဲ႕ ေဆးမွတ္တမ္းမ်ားကို ေပးျခင္းျဖင့္ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးမလားဆိုတာ ႀကိဳတင္ တြက္ခ်က္ႏုိင္တယ္ဆိုတာ သက္ေသျပလိုက္ႏုိင္ပါၿပီ။ သူ႔ရဲ႕ တြက္ခ်က္မႈဟာ ဆရာ၀န္မ်ားထက္ေတာင္ ပိုမို မွန္ကန္ေနပါတယ္။ “ လို႔ ေျပာပါတယ္။

AI က လူနာရဲ႕ အသက္၊ လိင္၊ နားမက်န္းမႈ အေျခအေနမ်ား အပါအ၀င္ ေဒတာ အမ်ိဳးအစား ၃၇ ခုကို ေကာက္ယူၿပီး တြက္ခ်က္ခဲ့ပါတယ္။ Patent ေပါင္း ၆၀၀ နဲ႔ လူနာ ေဆးမွတ္တမ္းေပါင္း ၈၀ ၀၀၀ ကို အေျခခံထားတဲ့ AI ရဲ႕ တြက္ခ်က္မႈဟာ ဆရာ၀န္မ်ားထက္ ပိုမို တိက်ခဲ့ပါတယ္။ အခု စမ္းသပ္မႈကို ျပဳလုပ္ဖို႔အတြက္ Steele နဲ႔ အဖြဲ႕ဟာ Farr Institute of Health Informatics Research and University College London Hospitals NHS Foundation Trust မွ သုေတသန ပညာရွင္မ်ားနဲ႔ ပူးေပါင္းခဲ့ပါတယ္။

Stele က “ ႀကိဳတင္တြက္ခ်က္ရတာ ခက္ခဲပါတယ္။ ဒီလို တြက္ခ်က္ႏုိင္တဲ့ AI ကို ဖန္တီးရတာလည္း မလြယ္ကူဘဲ အခ်ိန္မ်ားစြာကုန္ပါတယ္။ AI ရဲ႕ အားသာခ်က္ကေတာ့ အံ့မခန္း ျဖစ္ပါတယ္။ ေဒတာမ်ား ထည့္ေပးလိုက္တာနဲ႔ ကြန္ျပဴတာက အလုပ္လုပ္ေပးမွာပါ။ “ လို႔ ေျပာပါတယ္။

unicode

သင် နှလုံးရောဂါကြောင့် သေမလားဆိုတာ ဟောကိန်းထုတ်ပေးမယ့် AI

AI ဟာ ကဏ္ဍပေါင်းစုံမှာ လူသားများကို အကျိုးပြုနေပါတယ်။ အခုလည်း ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာ သူ့ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ အခုတော့ Francis Crick Institute မှ သုတေသန ပညာရှင်များဟာ ဉာဏ်ရည်တု နည်းပညာကို အသုံးပြု၍ ရောဂါများကို အဖြေရှာဖို့အတွက် နည်းလမ်းအသစ်တစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ သူတို့ရဲ့ AI က နှလုံးရောဂါကြောင့် လူ သေဆုံးမှုကိုကြိုတင်တွက်ချက်ရာမှာ ဆရာဝန်ထက် ပိုမို တိကျတယ်ဆိုတာစမ်းသပ်တွေ့ရှိခဲ့ပါတယ်။

တီထွင်သူများထဲမှ တစ်ဦး ဖြစ်တဲ့ Andrew Steele က “အနာဂတ်မှာ AI များက လူနာများကို ဆေးကုသဖို့အတွက် အကြံဉာဏ်များတောင် ပေးနိုင်လာမှာပါ။ ကွန်ပြူတာကို လူတစ်ဦးရဲ့ ဆေးမှတ်တမ်းများကို ပေးခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးမလားဆိုတာ ကြိုတင် တွက်ချက်နိုင်တယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။ သူ့ရဲ့ တွက်ချက်မှုဟာ ဆရာဝန်များထက်တောင် ပိုမို မှန်ကန်နေပါတယ်။ “ လို့ ပြောပါတယ်။

AI က လူနာရဲ့ အသက်၊ လိင်၊ နားမကျန်းမှု အခြေအနေများ အပါအဝင် ဒေတာ အမျိုးအစား ၃၇ ခုကို ကောက်ယူပြီး တွက်ချက်ခဲ့ပါတယ်။ Patent ပေါင်း ၆၀၀ နဲ့ လူနာ ဆေးမှတ်တမ်းပေါင်း ၈၀ ၀၀၀ ကို အခြေခံထားတဲ့ AI ရဲ့ တွက်ချက်မှုဟာ ဆရာဝန်များထက် ပိုမို တိကျခဲ့ပါတယ်။ အခု စမ်းသပ်မှုကို ပြုလုပ်ဖို့အတွက် Steele နဲ့ အဖွဲ့ဟာ Farr Institute of Health Informatics Research and University College London Hospitals NHS Foundation Trust မှ သုတေသန ပညာရှင်များနဲ့ ပူးပေါင်းခဲ့ပါတယ်။

Stele က “ ကြိုတင်တွက်ချက်ရတာ ခက်ခဲပါတယ်။ ဒီလို တွက်ချက်နိုင်တဲ့ AI ကို ဖန်တီးရတာလည်း မလွယ်ကူဘဲ အချိန်များစွာကုန်ပါတယ်။ AI ရဲ့ အားသာချက်ကတော့ အံ့မခန်း ဖြစ်ပါတယ်။ ဒေတာများ ထည့်ပေးလိုက်တာနဲ့ ကွန်ပြူတာက အလုပ်လုပ်ပေးမှာပါ။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.