Trump က ယူအက်စ်အတွင်းမှာပဲထုတ်လုပ်ဖို့ Apple ကို ခေါ်နေ
0
1622
Zawgyi Version
Unicode Version
Apple ကို အမေရိကအတွင်းမှာပဲ ထုတ်လုပ်ဖို့အတွက် ပြောနေတယ်ဆိုတဲ့ Donald Trump ဆိုတဲ့သတင်းတွေ ထွက်နေတယ်ဆိုတော့ အခွန်မက်လုံးတွေနဲ့ဆွဲဆောင်နေတာဖြစ်မယ်လို့ ပြောနေကြပါတယ်။ ယူအက်စ်နဲ့တရုတ်အတွင်းက ကုန်သွယ်မှုမှာ ဆုံးရှုံးသွားတဲ့ငွေကြေးတွေကို ကာဗာလုပ်ချင်နေတာ ဖြစ်ပါတယ်။ ဒီတော့ သူတို့ထုတ်ကုန်တွေက ပိုဈေးကြီးလာမှာလား။
တရုတ်နိုင်ငံနေ တင်သွင်းလာတဲ့ပစ္စည်းတွေကို ရပ်တံ့ဖို့အတွက် လုပ်ဆောင်နေပေမယ့်လည်း လျှပ်စစ်ပစ္စည်းတွေကတော့ စာရင်းထဲမှာမပါသေးဘူးဖြစ်နေပါတယ်။ ဒါကလည်း မကြာခင်မှာ ပြောင်းလဲလာတော့မှာပါ။ Apple ၊ Fitbit နဲ့ Sonos တို့လည်း ပါဝင်နေပါတယ်။ Apple ကတော့ အမေရိကကိုပြောင်းမယ်ဆိုရင်တော့ Apple Pencil, AirPods, Apple Watch, HomePod, Mac Mini စတဲ့ပစ္စည်းလေးတွေက အခွန်၂၅% ပိုကောက်ခံရမှာပါ။ ဒီတော့ ကုန်ကျစရိတ်ကို သုံးစွဲသူတွေပေးရမယ်လို့ ပြောထားပါတယ်။
ဒီနေ့မနက်မှာတော့ Twitter ပေါ်မှာတင်ထားတဲ့ပုံစံ Trump က Apple ကို ယူအက်စ်မှာစက်ရုံတွေတည်ဆောက်ဖို့ ပြောထားပါတယ်။ အဲဒီအတွက် အခွန်မပေးရဘူးလို့တော့ပြောထားပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခုတည်းအတွက်လား မသေချာသေးပါဘူး။ နောက်ပိုင်းက နောက်ပိုင်းကိစ္စလို့ တွက်ထားသလား မသိပါဘူး။
Appple ကတော့ သူ့ရဲ့ Mac Pros တွေကို ယူအက်စ်မှာ တပ်ဆင်နေပါတယ်။ ဒါပေမယ့်လည်း ထုတ်ကုန်တွေကတော့ တရုတ်မှာထုတ်လုပ်တာ ပိုများပါတယ်။ မနှစ်ကတုန်းက iPhone မှန်တွေ ထုတ်လုပ်တဲ့ Corning မှာ Apple ရဲ့ ရင်းနှီးငွေ ဒေါ်လာ၁ဘီလျံရှိခဲ့ပါတယ်။ CEO Tim Cook က ယူအက်စ်မှာ ကြီးမားပြီးလှပတဲ့စက်ရုံသုံးခုဆောက်မယ်လို့ပြောကြားထားကြောင့် Trump က ပြောခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဘီလျံနဲ့ချီပြီးတော့ အလုပ်သမားတွေငှားရမ်းခဲ့သလို ပြည်တွင်းဈေးကွက်အတွက်လည်း အခြေခံအဆောက်အဦးတွေတည်ဆောက်ခဲ့ပါတယ်။ Apple supplier Foxconn ကလည်း ယူအက်စ်ရုံးချုပ်ကို တည်ထောင်ခဲ့ပါတယ်။
ယူအက်စ်ကို လုပ်ငန်းတွေပြောင်းရွှေ့ခြင်းဟာ တင်သွင်းမှုကိုနည်းပါးစေနိုင်ပေမယ့်လည်း Apple ထုတ်ကုန်တွေကတော့ ဈေးမသက်သာတော့ပါဘူး။ တရုတ်ဟာ နည်းပညာထုတ်လုပ်သူတွေအတွက် မျက်စိကျစရာဖြစ်နေရခြင်းကတော့ လုပ်အားခသက်သာခြင်း၊ စက်ရုံအတွက်ဈေးနှုန်းကလည်း သက်သာနေပြန်ပါတယ်။ အဲဒီလို အခြေခံအဆောက်အဦးတွေကို ပြောင်းမယ်ဆိုတော့ ကုန်ကျျစရိတ်များပါတယ်။ iPhone တစ်လုံးဟာ ယူအက်စ်မှာထုတ်လုပ်မယ်ဆိုရင်တော့ ပိုကုန်ကျမှာပါ။ တရုတ်မှာဆိုရင် တစ်လုံးကို ဒေါ်လာ၁၉၀ လောက်သာ ကျသင့်မှာပါ။ ယူအက်စ်မှာတော့ ၆၀၀ အထိ တက်သွားနိုင်တဲ့အတွက်ကြောင့် ဈေးနှုန်းက ဒေါ်လာ၂၀၀၀ အထိ ဖြစ်သွားနိုင်ပါတယ်။ ရင်ခုန်စရာပါပဲ။
Leave a Reply