Razer Phone 2 ရဲ႕အခ်က္အလက္မ်ား ေပါက္ၾကားလာ

0
728

ဒီေန႔မွာေတာ့ Razer Phone 2 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္အခ်ိဳ႕ Geekbench မွာထြက္ရွိလာပါတယ္။ Geekbench ရဲ႕benchmarked စမ္းသပ္ခ်က္မွာ ျပထားတာကေတာ့ သူ႕မွာ  8GB RAM နဲ႔အတူ Snapdragon 845 chipset သုံးထားပါတယ္။ တရုတ္ကလာတဲ့ သတင္းေတြအရ Razer ရဲ႕ဖုန္းအသစ္ျဖစ္တဲ့ Razer Phone 2 ကိုဒီဇင္ဘာလမွာ မိတ္ဆက္သြားမယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္က ထြက္ထားတဲ့သတင္းေတြမွာေတာ့ အဲ့ဒီဖုန္းမွာ 855 SoC သုံးလာမယ္ဆိုတာပါ။ single-core နဲ႔  multi-core စမ္းသပ္ခ်က္ ၂ခုလံုးဟာ လက္ရွိထြက္ထားတဲ့ ထိပ္တန္းဖုန္းေတြထက္ နိမ့္ပါတယ္။ single-core မွာ 2026 ရွိၿပီး၊ multi-core မွာေတာ့ 8234 မွတ္ရရွိထားပါတယ္။ ပထမမ်ိဳးဆက္ Razer Phone မွာေတာ့ ၅.၇ လက္မ QHD IGZO LCD တပ္ဆင္ထားၿပီး 120Hz Refresh Rate ေထာက္ပံ့ပါတယ္။ GPU နဲ႔ Display ကို Sync လုပ္ေပးတဲ့ Adaptive Refresh နည္းပညာပါပါတယ္။ သူ႔ကို UltraMotion လို႔ အမည္ေပးထားၿပီး Qualcomm နဲ႔ ပူးေပါင္း ဖန္တီးထား ပါတယ္။

ပထမမ်ိဳးဆက္ Razer Phone ဖုန္းရဲ႕ setting ထဲမွာ Game Booster feature လည္းထည့္သြင္းေပးထားၿပီး ဂိမ္းကစားေနစဥ္မွာ ဖုန္းဝင္မလာေအာင္တားဆီးေပးတာ ၊ ပါဝါသုံးစြဲမႈပိုင္းဆိုင္ရာနဲ႔ Performance ပိုင္းဆိုင္ရာ ေတြကို ခ်ိန္ညွိႏိုင္ပါတယ္။ ဒါေၾကာင့္ ယခုႏွစ္ကုန္မွာ ထြက္လာမယ့္ Razer Phone 2 ဖုန္းမွာေတာ့ ပထမမ်ိဳးဆက္ထက္ ပိုမိုအဆင့္ျမင့္တဲ့ နည္းပညာေတြ ထည့္သြင္းလာမယ္လို႔ ခန္႔မွန္းရပါတယ္။

unicode

ဒီနေ့မှာတော့ Razer Phone 2 နဲ့ပတ်သတ်တဲ့ အချက်အလက်အချို့ Geekbench မှာထွက်ရှိလာပါတယ်။ Geekbench ရဲ့benchmarked စမ်းသပ်ချက်မှာ ပြထားတာကတော့ သူ့မှာ  8GB RAM နဲ့အတူ Snapdragon 845 chipset သုံးထားပါတယ်။ တရုတ်ကလာတဲ့ သတင်းတွေအရ Razer ရဲ့ဖုန်းအသစ်ဖြစ်တဲ့ Razer Phone 2 ကိုဒီဇင်ဘာလမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်က ထွက်ထားတဲ့သတင်းတွေမှာတော့ အဲ့ဒီဖုန်းမှာ 855 SoC သုံးလာမယ်ဆိုတာပါ။ single-core နဲ့  multi-core စမ်းသပ်ချက် ၂ခုလုံးဟာ လက်ရှိထွက်ထားတဲ့ ထိပ်တန်းဖုန်းတွေထက် နိမ့်ပါတယ်။ single-core မှာ 2026 ရှိပြီး၊ multi-core မှာတော့ 8234 မှတ်ရရှိထားပါတယ်။ ပထမမျိုးဆက် Razer Phone မှာတော့ ၅.၇ လက်မ QHD IGZO LCD တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ပါတယ်။ GPU နဲ့ Display ကို Sync လုပ်ပေးတဲ့ Adaptive Refresh နည်းပညာပါပါတယ်။ သူ့ကို UltraMotion လို့ အမည်ပေးထားပြီး Qualcomm နဲ့ ပူးပေါင်း ဖန်တီးထား ပါတယ်။

ပထမမျိုးဆက် Razer Phone ဖုန်းရဲ့ setting ထဲမှာ Game Booster feature လည်းထည့်သွင်းပေးထားပြီး ဂိမ်းကစားနေစဉ်မှာ ဖုန်းဝင်မလာအောင်တားဆီးပေးတာ ၊ ပါဝါသုံးစွဲမှုပိုင်းဆိုင်ရာနဲ့ Performance ပိုင်းဆိုင်ရာ တွေကို ချိန်ညှိနိုင်ပါတယ်။ ဒါကြောင့် ယခုနှစ်ကုန်မှာ ထွက်လာမယ့် Razer Phone 2 ဖုန်းမှာတော့ ပထမမျိုးဆက်ထက် ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေ ထည့်သွင်းလာမယ်လို့ ခန့်မှန်းရပါတယ်။

Leave a Reply