Apple face ID ကိုယွဥ္မယ့္ 3D Face Unlock လုပ္ေဆာင္ခ်က္ကုိ MediaTek ဖန္တီး

0
686

ဖုန္းေတြရဲ႕လုံၿခံဳေရးဆိုင္ရာပိုင္းနဲ႔ ပတ္သတ္ရင္ Apple ရဲ႕ FaceID ကအေကာင္းဆုံးလို႔ သတ္မွတ္ႏိုင္ပါတယ္။ အခုေတာ့ Apple face ID ကိုယွဥ္မယ့္ 3D Face Unlock စနစ္ကို ပရိုဆက္ဆာ ထုတ္လုပ္သူ MediaTek ဖန္တီးလိုက္ၿပီ ျဖစ္ပါတယ္။ MediaTek ရဲ႕ ဒီစြမ္းေဆာင္ခ်က္ဟာ ေစ်းႏႈန္းအလြန္ သက္သာပါလိမ့္မယ္။ Xiaomi Mi 8 Explorer နဲ႔ Oppo  Find X ဖုန္းေတြမွာ Structured-LIght 3D sensors သုံးလာတဲ့အခ်ိန္မွာ MediaTek အေနနဲ႔လည္း နည္းပညာေျခလွမ္း ေနာက္တဆင့္ကို လွမ္းခ်င္ပုံရပါတယ္။

MediaTek ရဲ႕  Facial Recognition စနစ္ကို Active Stereo လို႔အမည္ေပးထားၿပီး Helio P60 ၊ Helio P22 Chipset တို႔မွာ အလုပ္လုပ္ႏုိင္ပါတယ္။ Infrared Projector ၊ Infrared Lens ႏွစ္ခု၊ Machine Learing Softwar သံုးထားတဲ့ Facial Recognition နဲ႔ Depth-of Field Acceleration Engine တို႔ ေပါင္းစပ္ကာ ဖုန္းကုိ တိက်စြာ ဖြင့္ေပးမွာ ျဖစ္ပါတယ္။ MediaTek က IR Projector နဲ႔ Len မ်ားကို Himax က ဖန္တီးထားၿပီး ေဆာ့၀ဲလ္ပုိင္းကုိေတာ့ Vision Technology Face++ က ဖန္တီးထားတယ္လို႔ ဆိုပါတယ္။

Apple အေနနဲ႔ Face ID ကိုအသံုးျပဳျပီးေတာ့ အျခားသူတစ္ေယာက္က သင့္ဖုန္းကိုဖြင့္ႏုိင္ဖို႕ဆိုတာ အခြင့္အလမ္းေပါင္း ၁၀၀၀၀၀၀ မွာမွ ၁ ၾကိမ္သာ ရွိပါတယ္လို႕ ေျပာၾကားထားပါတယ္။ ဒါေၾကာင့္ MediaTek ရဲ႕ 3D Face Unlock က Apple ထက္ပိုတိကဖုိ႔ လိုပါတယ္။ MediaTek ရဲ႕ 3D Face Unlock နည္းပညာေၾကာင့္ေတာ့ ေနာက္ပိုင္းမွာ တန္ဘိုးနည္းစမတ္ဖုန္းေတြမွာပါ Face ID နည္းပညာကို အသုံးျပဳႏိုင္လာပါ ေတာ့မယ္။

unicode

ဖုန်းတွေရဲ့လုံခြုံရေးဆိုင်ရာပိုင်းနဲ့ ပတ်သတ်ရင် Apple ရဲ့ FaceID ကအကောင်းဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ အခုတော့ Apple face ID ကိုယှဉ်မယ့် 3D Face Unlock စနစ်ကို ပရိုဆက်ဆာ ထုတ်လုပ်သူ MediaTek ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ MediaTek ရဲ့ ဒီစွမ်းဆောင်ချက်ဟာ ဈေးနှုန်းအလွန် သက်သာပါလိမ့်မယ်။ Xiaomi Mi 8 Explorer နဲ့ Oppo  Find X ဖုန်းတွေမှာ Structured-LIght 3D sensors သုံးလာတဲ့အချိန်မှာ MediaTek အနေနဲ့လည်း နည်းပညာခြေလှမ်း နောက်တဆင့်ကို လှမ်းချင်ပုံရပါတယ်။

MediaTek ရဲ့  Facial Recognition စနစ်ကို Active Stereo လို့အမည်ပေးထားပြီး Helio P60 ၊ Helio P22 Chipset တို့မှာ အလုပ်လုပ်နိုင်ပါတယ်။ Infrared Projector ၊ Infrared Lens နှစ်ခု၊ Machine Learing Softwar သုံးထားတဲ့ Facial Recognition နဲ့ Depth-of Field Acceleration Engine တို့ ပေါင်းစပ်ကာ ဖုန်းကို တိကျစွာ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ MediaTek က IR Projector နဲ့ Len များကို Himax က ဖန်တီးထားပြီး ဆော့ဝဲလ်ပိုင်းကိုတော့ Vision Technology Face++ က ဖန်တီးထားတယ်လို့ ဆိုပါတယ်။

Apple အနေနဲ့ Face ID ကိုအသုံးပြုပြီးတော့ အခြားသူတစ်ယောက်က သင့်ဖုန်းကိုဖွင့်နိုင်ဖို့ဆိုတာ အခွင့်အလမ်းပေါင်း ၁၀၀၀၀၀၀ မှာမှ ၁ ကြိမ်သာ ရှိပါတယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် MediaTek ရဲ့ 3D Face Unlock က Apple ထက်ပိုတိကဖို့ လိုပါတယ်။ MediaTek ရဲ့ 3D Face Unlock နည်းပညာကြောင့်တော့ နောက်ပိုင်းမှာ တန်ဘိုးနည်းစမတ်ဖုန်းတွေမှာပါ Face ID နည်းပညာကို အသုံးပြုနိုင်လာပါ တော့မယ်။

Leave a Reply