ေရစိုဒဏ္ခံႏုိင္စြမ္းနဲ႔ ေဒၚလာ ၃၀ တန္ Honor Band 4 ထြက္႐ွိ

0
770

Huawei ရဲ႕လုပ္ငန္းခြဲလုိ႔ ဆိုႏိုင္တဲ့ Honor ဟာ Honor 8X နဲ႕ 8X Max စမတ္ဖုန္းေတြကို မိတ္ဆက္အျပီးမွာေတာ့ က်န္းမာေရးစမတ္လက္ပတ္အသစ္ျဖစ္တဲ့ Honor Band 4 ကို ထပ္မံ မိတ္ဆက္လိုက္ပါတယ္။ အသစ္ထြက္လာတဲ့ စမတ္လက္ပတ္ရဲ႕ Home button ကိုAMOLED panel သုံးထားၿပီး ေစ်းႏႈန္းကေတာ့ ေဒၚလာ ၃၀ျဖစ္ပါတယ္။ Honor Band 4 ကို အနက္၊အျပာနဲ႔ ပန္းေရာင္ေတြ ထုတ္ေပးထားပါတယ္။ ယခုလ ၂၀ရက္ေန႔မွာ စတင္ေရာင္းခ်မွာပါ။

Honor Band 4 မွာ 0.95” AMOLED screen နဲ႔အတူ  2.5D curved glass သုံးထားပါတယ္။ သူ႕မွာလုပ္ေဆာင္ခ်က္ေတြအေနနဲ႔ pedometer, sleep tracker, heart rate sensor ေတြအျပင္ ေရစုိဒဏ္၊အၾကမ္းခံႏုိင္စြမ္းပါ ထည့္သြင္းေပးထားပါတယ္။

အိပ္စက္မွဳစက္ဝန္းကို ေစာင့္ၾကည့္စစ္ေဆးျပီး ပိုင္ရွင္ရဲ႕ လုိအပ္ခ်က္အလိုက္ အိပ္စက္မွဳပုံစံကို အၾကံေပးႏိုင္မယ့္ TruSleep 2.0 feature ၊ လမ္းေလွ်ာက္၊အေျပး စတဲ့ေလ့က်င့္ခန္းေတြ လုပ္ေနခ်ိန္မွာ ႏွလုံးခုန္ႏွဳန္းကို အခ်ိန္ျပည့္တိုင္းတာေပးမယ့္  TruSeen 2.0 feature အသစ္ေတြလည္း ပါဝင္လာပါတယ္။ ဘက္ထရီကေတာ့ 100mAh ရွိျပီး၊ ၁၄ ရက္တိတိ အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

ကုမၸဏီအေနနဲ႔  Honor Band 4 ကိုPOLED display နဲ႔ Running Edition ပါထုတ္ေပးထားပါတယ္။ အဲ့ဒီလက္ပတ္မွာေတာ့ ဘက္ထရီစြမ္းအား နည္းသြားၿပီး 77 mAh ကိုသာသုံးထားပါတယ္။

unicode

Huawei ရဲ့လုပ်ငန်းခွဲလို့ ဆိုနိုင်တဲ့ Honor ဟာ Honor 8X နဲ့ 8X Max စမတ်ဖုန်းတွေကို မိတ်ဆက်အပြီးမှာတော့ ကျန်းမာရေးစမတ်လက်ပတ်အသစ်ဖြစ်တဲ့ Honor Band 4 ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ အသစ်ထွက်လာတဲ့ စမတ်လက်ပတ်ရဲ့ Home button ကိုAMOLED panel သုံးထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ဖြစ်ပါတယ်။ Honor Band 4 ကို အနက်၊အပြာနဲ့ ပန်းရောင်တွေ ထုတ်ပေးထားပါတယ်။ ယခုလ ၂၀ရက်နေ့မှာ စတင်ရောင်းချမှာပါ။

Honor Band 4 မှာ 0.95” AMOLED screen နဲ့အတူ  2.5D curved glass သုံးထားပါတယ်။ သူ့မှာလုပ်ဆောင်ချက်တွေအနေနဲ့ pedometer, sleep tracker, heart rate sensor တွေအပြင် ရေစိုဒဏ်၊အကြမ်းခံနိုင်စွမ်းပါ ထည့်သွင်းပေးထားပါတယ်။

အိပ်စက်မှုစက်ဝန်းကို စောင့်ကြည့်စစ်ဆေးပြီး ပိုင်ရှင်ရဲ့ လိုအပ်ချက်အလိုက် အိပ်စက်မှုပုံစံကို အကြံပေးနိုင်မယ့် TruSleep 2.0 feature ၊ လမ်းလျှောက်၊အပြေး စတဲ့လေ့ကျင့်ခန်းတွေ လုပ်နေချိန်မှာ နှလုံးခုန်နှုန်းကို အချိန်ပြည့်တိုင်းတာပေးမယ့်  TruSeen 2.0 feature အသစ်တွေလည်း ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 100mAh ရှိပြီး၊ ၁၄ ရက်တိတိ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့  Honor Band 4 ကိုPOLED display နဲ့ Running Edition ပါထုတ်ပေးထားပါတယ်။ အဲ့ဒီလက်ပတ်မှာတော့ ဘက်ထရီစွမ်းအား နည်းသွားပြီး 77 mAh ကိုသာသုံးထားပါတယ်။

Leave a Reply