Android 8.0 Oreo Update ရရွိၿပီျဖစ္တဲ့ Moto G5 နဲ႔ G5 Plus

0
589

Google အေနနဲ႔ ၿပီးခဲ့တဲ့လကေတာ့ Pixels ဖုန္းေတြအတြက္ Android 9 Pie ကိုထုတ္ေပးလိုက္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕စမတ္ဖုန္းေတြဟာ Oreo ကိုေတာင္မရၾကေသးပါဘူး။ ဒီထဲမွာ မိုတုိရိုလာရဲ႕ Moto G5 နဲ႔ G5 Plus တို႔လည္း ပါဝင္ပါတယ္။ အဲ့ဒီဖုန္းေတြစထြက္တဲ့ အခ်ိန္တုန္းက Android 7.0 Nougat  ကိုသာထည့္ေပးထားခဲ့ပါတယ္။ အခုေတာ့ Moto G5 နဲ႔ G5 Plus ဖုန္းေတြအတြက္ Oreo ကိုထုတ္ေပးလုိက္ပါၿပီ။ ဒါေပမယ့္ ႏိုင္ငံကန္႔သတ္ခ်က္ေတြ ရွိေနပါတယ္။

မကၠဆီမွ Moto G5 မ်ားသာ ယင္း Update ကုိ ရရွိေသးၿပီး ဘရာဇီးႏွင့္ အိႏၵိယတို႔မွာ Moto G5 Plus မ်ားသာ Update ရပါေသးတယ္။ ဒါေပမယ့္ Motorola ဟာ ယင္းႏုိင္ငံတို႔မွာ ထုတ္လႊင့္ထားတဲ့ Update က Stable ျဖစ္ၿပီဆိုရင္ေတာ့ ခ်က္ခ်င္းပဲ ေစ်းကြက္အားလံုးမွာ Update ေပးလာမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Moto G5 မွာ ၅ လက္မ FullHD IPS display နဲ႔ Gorilla Glass 3 ကို အသံုးျပဳထားပါတယ္။ Snapdragon 430 chipset နဲ႔အတူ 1.4GHz octa-core processor နဲ႔သံုးႏိုင္မွာပါ။  RAM က 2GB ျဖစ္ၿပီး storage ကို 16GB ဒါမွမဟုတ္ 32GB နဲ႔ရရိွႏိုင္ပါတယ္။ ဗားရွင္းႏွစ္မ်ိဳးစလံုးမွာ သိုေလွာင္မႈပမာဏ တိုးျမႇင့္ႏိုင္ပါတယ္။

Bluetooth battery levels android 8.1 moto g5 plus

Moto G5 Plus မွာေတာ့ ၅.၂ လက္မ display နဲ႔ octa-core 2GHz chipset ပါဝင္တဲ့ 14nm Snapdragon 625 ကို အသံုးျပဳထားပါတယ္။ RAM နဲ႔ storage ဗားရွင္းအမ်ိဳးမ်ိဳးနဲ႔ ရရိွႏိုင္ၿပီး 2GB နဲ႔ 4GB RAM အျပင္ 32GB, 64GB storage တို႔နဲ႔ ရရိွႏိုင္ပါတယ္။ သိုေလွာင္မႈပမာဏကို တိုးျမႇင့္ႏိုင္ပါတယ္။

unicode

Google အနေနဲ့ ပြီးခဲ့တဲ့လကတော့ Pixels ဖုန်းတွေအတွက် Android 9 Pie ကိုထုတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အချို့စမတ်ဖုန်းတွေဟာ Oreo ကိုတောင်မရကြသေးပါဘူး။ ဒီထဲမှာ မိုတိုရိုလာရဲ့ Moto G5 နဲ့ G5 Plus တို့လည်း ပါဝင်ပါတယ်။ အဲ့ဒီဖုန်းတွေစထွက်တဲ့ အချိန်တုန်းက Android 7.0 Nougat  ကိုသာထည့်ပေးထားခဲ့ပါတယ်။ အခုတော့ Moto G5 နဲ့ G5 Plus ဖုန်းတွေအတွက် Oreo ကိုထုတ်ပေးလိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံကန့်သတ်ချက်တွေ ရှိနေပါတယ်။

မက္ကဆီမှ Moto G5 များသာ ယင်း Update ကို ရရှိသေးပြီး ဘရာဇီးနှင့် အိန္ဒိယတို့မှာ Moto G5 Plus များသာ Update ရပါသေးတယ်။ ဒါပေမယ့် Motorola ဟာ ယင်းနိုင်ငံတို့မှာ ထုတ်လွှင့်ထားတဲ့ Update က Stable ဖြစ်ပြီဆိုရင်တော့ ချက်ချင်းပဲ ဈေးကွက်အားလုံးမှာ Update ပေးလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Moto G5 မှာ ၅ လက်မ FullHD IPS display နဲ့ Gorilla Glass 3 ကို အသုံးပြုထားပါတယ်။ Snapdragon 430 chipset နဲ့အတူ 1.4GHz octa-core processor နဲ့သုံးနိုင်မှာပါ။  RAM က 2GB ဖြစ်ပြီး storage ကို 16GB ဒါမှမဟုတ် 32GB နဲ့ရရှိနိုင်ပါတယ်။ ဗားရှင်းနှစ်မျိုးစလုံးမှာ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။

Moto G5 Plus မှာတော့ ၅.၂ လက်မ display နဲ့ octa-core 2GHz chipset ပါဝင်တဲ့ 14nm Snapdragon 625 ကို အသုံးပြုထားပါတယ်။ RAM နဲ့ storage ဗားရှင်းအမျိုးမျိုးနဲ့ ရရှိနိုင်ပြီး 2GB နဲ့ 4GB RAM အပြင် 32GB, 64GB storage တို့နဲ့ ရရှိနိုင်ပါတယ်။ သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

Leave a Reply