ရာထူးကေန အနားယူေတာ့မယ့္ Alibaba တည္ေထာင္သူ Jack Ma

0
717

Alibaba ကိုပူးတြဲတည္ေထာင္သူႀကီး ျဖစ္တဲ့ ဂ်က္မားဟာ ပရဟိတလုပ္ငန္းေတြကို ပိုမိုလုပ္ေဆာင္ႏုိင္ဖို႔အတြက္ e-commerce  ကုမၸဏီကေန အနားယူေတာ့မယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ေသာၾကာေန႔က နယူးေယာက္တိုင္းနဲ႔ အင္တာဗ်ဴးမွာ အထက္ပါအတုိင္းေျပာၾကားခဲ့တာ ျဖစ္ၿပီး ဂ်က္မားအေနနဲ႔ သူယခင္က လုပ္ခဲ့တဲ့ အဂၤလိပ္စာသင္ၾကားတဲ့ ဆရာအလုပ္ကို ျပန္လည္အားစိုက္သြားမွာ ျဖစ္ၿပီးပရဟိတအလုပ္ေတြကို ယခုထပ္ပိုမို ျပဳလုပ္ခ်င္တာေၾကာင့္လို႔ ဆိုပါတယ္။

ဂ်က္မားဟာ တရုတ္ႏုိင္ငံရဲ႕ စီးပြားေရးဆိုင္ရာ ေခါင္းေဆာင္ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ၿပီး Alibaba ကလည္း လက္ရွိအခ်ိန္မွာ အေတာ္ေအာင္ျမင္ေနတဲ့ ကုမၸဏီတစ္ခုပါ။ သူ႔အေနနဲ႔ အလုပ္ကေန အနားယူလိုက္တယ္ဆိုေပမယ့္ ကုမၸဏီရဲ႕ဒါရိုက္တာအဖြဲ႔မွာ ပါဝင္ေနအုံးမွာျဖစ္ၿပီး စီမံခန္႔ခြဲမႈပိုင္းေတြကိုေတာ့ ဆက္လက္ေဆာင္ရြက္ေနအုံးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဂ်က္မားဟာ Alibaba ကို ၁၉၉၉ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၃ခုႏွစ္မွာေတာ့ ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒီသတင္းနဲ႔ ပတ္သတ္ၿပီး Alibaba ဘက္ကေတာ့ တစ္စုံတရာ သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။ Forbes magazine ရဲ႕ေဖာ္ျပခ်က္အရ ဂ်က္မားတရုတ္ႏုိင္ငံရဲ႕ အခ်မ္းသာဆုံးစာရင္းမွာ နံပါတ္ ၃ေနရာ ရရွိထားၿပီး တစ္ဦးခ်င္းဝင္ေငြအရ ေဒၚလာ ၃၆.၆ ဘီလီယမ္ရွိတယ္လို႔ သိရပါတယ္။ Alibaba ကိုဂ်က္မား အပါအဝင္ ဦးေဆာင္သူ ၁၈ဦးနဲ႔ စတင္တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ အခ်ိန္ျပည့္အလုပ္သမားေပါင္း 66,000 ေက်ာ္ရွိေနပါတယ္။

unicode

Alibaba ကိုပူးတွဲတည်ထောင်သူကြီး ဖြစ်တဲ့ ဂျက်မားဟာ ပရဟိတလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် e-commerce  ကုမ္ပဏီကနေ အနားယူတော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က နယူးယောက်တိုင်းနဲ့ အင်တာဗျူးမှာ အထက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပြီး ဂျက်မားအနေနဲ့ သူယခင်က လုပ်ခဲ့တဲ့ အင်္ဂလိပ်စာသင်ကြားတဲ့ ဆရာအလုပ်ကို ပြန်လည်အားစိုက်သွားမှာ ဖြစ်ပြီးပရဟိတအလုပ်တွေကို ယခုထပ်ပိုမို ပြုလုပ်ချင်တာကြောင့်လို့ ဆိုပါတယ်။

ဂျက်မားဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး Alibaba ကလည်း လက်ရှိအချိန်မှာ အတော်အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ သူ့အနေနဲ့ အလုပ်ကနေ အနားယူလိုက်တယ်ဆိုပေမယ့် ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့မှာ ပါဝင်နေအုံးမှာဖြစ်ပြီး စီမံခန့်ခွဲမှုပိုင်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျက်မားဟာ Alibaba ကို ၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီး Alibaba ဘက်ကတော့ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Forbes magazine ရဲ့ဖော်ပြချက်အရ ဂျက်မားတရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၃နေရာ ရရှိထားပြီး တစ်ဦးချင်းဝင်ငွေအရ ဒေါ်လာ ၃၆.၆ ဘီလီယမ်ရှိတယ်လို့ သိရပါတယ်။ Alibaba ကိုဂျက်မား အပါအဝင် ဦးဆောင်သူ ၁၈ဦးနဲ့ စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အချိန်ပြည့်အလုပ်သမားပေါင်း 66,000 ကျော်ရှိနေပါတယ်။

Leave a Reply