Xiaomi Mi 8 Youth ရဲ့ အချက်အလက်တစ်ချို့

0
1309

Zawgyi version




Unicode version

Xiaomi ကတော့ Mi8, Mi8 SE နဲ့ Mi8EE ထွက်ပြီးတဲ့အချိန်မှာ နောက်ထပ် Mi 8 စီးရီးဖြစ်တဲ့ Mi8 Youth(Mi8X) ကိုမိတ်ဆက်မှာပဲ ဖြစ်ပါတယ်။ သူကတော့ 6.26လက်မ မျက်နှာပြင်ကျယ်နဲ့ ထွက်ရှိလာပြီး chipset ပိုင်းဆိုရင်တော့ Snapdragon 710 ကိုအသုံးပြုပေးထားပါတယ်။
Resolution ကတော့ 2280 x 1080 pixels ရှိပြီးတော့ 19:9 ratio ပဲဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ notch ပါဝင်ပါတယ်။ RAM ကတော့ 6GB ဖြစ်ပြီးတော့ storage ပိုင်းကတော့ 64GB ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ ၂ လုံးတပ်ဆင်ပေးထားပြီး primary sensor က 12MP ပဲဖြစ်ပါတယ်။ secondary ကတော့ 2 MP or 5 MP ပဲဖြစ်ပါတယ်။
Selfie ကင်မရာကတော့ 24MP တောင်ဆိုတော့ သူက ဓာတ်ပုံရိုက်ဝါသနာပါတဲ့ လူငယ်တွေအတွက် တော်တော်အဆင်ပြေမှာပဲ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ 3,350mAh ဖြစ်ပြီး အားအမြန်သွင်းစနစ် Quick Charge 3.0 နည်းပညာကို အသုံးပြုပေးထားပါတယ်။ MIUI 9.6 ကိုအသုံးပြုထားပြီး Android Oreo ပေါ်မှာ run မှာပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.