Xiaomi ရဲ႕ ဆန္းသစ္မႈကို ခ်ျပလိုက္တဲ့ Pocophone အသစ္

0
1407

Zawgyi Version

Pocophone ဆိုတာက ဖြံ႕ျဖိဳးဆဲေစ်းကြက္အတြက္ brand ခြဲတစ္ခုဆိုတာထက္ကို ပိုပါတယ္။ Lei Jun ရဲ႕ ဦးေဆာင္မႈေအာက္မွာ Xiaomi အတြက္ အခြင့္အလမ္းအသစ္ေတြ ေတြ႕ျမင္ရေတာ့မွာပါ။
flagship တစ္လံုး
Pocophone ကေတာ့ မူလလမ္းေၾကာင္းအတုိင္းပဲ ၀င္ေရာက္လာတာပါ။ ေစ်းကြက္ထဲကို ျမန္ႏႈန္းျမင့္၊ performance ပိုင္းကိုေကာင္းေကာငး္လုပ္ေဆာင္ထားျပီးေတာ့ ထုတ္လုပ္သူအေတာ္မ်ားမ်ား လုပ္ေလ့ရွိတဲ့ feauture အပိုေတြကို ေဘးဖယ္ထားပါတယ္။
Super slow motion, stylus, heart rate monitor, curved screen, digital assistant အတြက္ ခလုတ္သီးသန္႕ စတာေတြက သင့္စိတ္ၾကိဳက္လုပ္ေပးထားတယ္လို႕ဆိုရမွာျဖစ္ေပမယ့္ ေစ်းၾကီးပါတယယ္။ flagship တစ္လံုးကို အဲဒါေတြမပါဘဲ လုပ္လို႕ရလား။
မလွပေသာ္လည္း လုပ္ေဆာင္ခ်က္ျမင့္မားတဲ့ဒီဇုိင္း

IMG 20180827 161231
Pocophone F1 ကို ၾကည့္လုိက္မယ္ဆုိရင္ polycarbonate ဒီဇုိင္းကို ေတြ႕ျမင္ရမွာပါ။ ဒါဟာ စြမ္းေဆာင္ရည္သင့္ဖုန္းမွာေတာင္ မသံုးေတာ့ပါဘူး။ အမ်ားစုက metal & glass ဘက္ကို သြားေနၾကတာပါ။
Jai Mani ဆိုတဲ့ Pocophone ေခါင္းေဆာင္ကေတာ့ presentation လုပ္ေနခ်ိန္မွာ အခုလိုေျပာသြားပါတယ္။ ဖန္သားစမတ္ဖုန္းလိုခ်င္လားလို႕ေမးၾကည့္တဲ့အခါမွာ အနည္းစုကသာ လိုခ်င္တယ္လို႕ ေျဖၾကားခဲ့ပါတယ္တဲ့။
ဖုန္းကို ဘယ္ေလာက္ပဲလွေအာင္ထုတ္လုပ္ထားပါေစ ကာဗာအုပ္လုိက္မယ္ဆုိရင္ေရာ ဘယ္လိုျဖစ္သြားမလဲ။ Pocophone ကေတာ့ ပလတ္စတစ္နဲ႕လုပ္ထားလို႕ ကာဗာမတပ္လည္းရတယ္။ က်ကြဲမွာအဲေလာက္မစိုးရိမ္ရပါဘူး။ ဘယ္လုိ brand ကိုပဲၾကည့္လိုက္ပါေစ cover တစ္ခုကေတာ့ ထည့္ေပးထားၾကတာခ်ည္းမဟုတ္လား။ Pocophone မွာလည္း အဲဒီလိုပါပဲ။
စာရြက္ေပၚကအျမန္ႏႈန္းေတြနဲ႕တင္ မလံုေလာက္

AndroidPIT Pocophone launch event 141246
စာရြက္ေပၚမွာ ဘယ္ေလာက္ေကာင္းတဲ့အခ်က္အလက္ေတြပဲ ျမင္ေနပါေစ၊ လက္ေတြ႕မွာအသံုးမက်ရင္ ကိုင္ခ်င္မလား။ ဒါေၾကာင့္လည္း သူတို႕ရဲ႕ hardware ပိုင္းကို အေကာင္းဆံုးလုပ္ဖို႕အတြက္ Pocophone အဖြဲ႕က အာရံုစုိက္ေနၾကတာျဖစ္ပါတယ္။ LiquidCool နည္းပညာကိုအသံုးျပဳထားတဲ့အတြက္ေၾကာင့္ Qualcomm SoC ေလးကို ေအးျမေနေစမွာပါ။
software ကေတာ့ MIUI 9.6 ကို အသံုးျပဳထားပါတယ္။ ေျပာင္းလဲမႈအေတာ္ေလး လုပ္ေဆာင္ထားပါတယ္။ touch နဲ႕ scrolling ပုိင္းမွာ ျပင္ဆင္ထားပါတယ္။ animations ေတြကလည္း ပိုမိုျမန္ဆန္လာတယ္ထင္ရေအာင္ လုပ္ေဆာင္ေပးထားပါတယ္။
စတင္မႈအသစ္

IMG 6249
Pocophone ကေတာ့ Xiaomi အတြက္ လမ္းစအသစ္ျဖစ္ပါတယ္။ ဒီ brand ေလးကို သံုးစြဲသူေတြလိုခ်င္တဲ့အခ်က္အလက္ေတြကို ေစ်းမၾကီးဘဲေပးႏုိင္ေအာင္ လုပ္ေဆာင္ဖို႕ မွန္းထားပါတယ္။ Poco ဟာ MIUI မွာ app drawer ရႏုိင္တဲ့ launcher အသစ္ကို သံုးေပးထားပါတယ္။ သာမန္ MIUI ေတြမွာ မပါ၀င္တဲ့အရာတစ္ခုပါ။
launcher ေလးမွာ third-party icon pack ေတြ သံုးလို႕လည္းရပါတယ္။ ဒီေတာ့ စမတ္ဖုန္းမွာ special theme ေတြပဲ သံုးစရာမလုိေတာ့ပါဘူး။ ေအာက္နားက search bar ေလးကလည္း display နဲ႕ ျခားနားေနမွာပါ။ ျပီးေတာ့ 18.7:9 format ကို အသံုးျပဳထားပါတယ္။
စမတ္ဖုန္းေတြဟာ Project Treble support ေၾကာင့္ custom ROM ရလာေတာ့မွာပါ။ developer community ကလည္း ဒီဘတ္ဂ်က္ဖုန္းေလးကို အလားအလာေကာင္းေအာင္ ေထာက္ပံ့ေပးၾကလိမ့္မယ္လို႕ ေမွ်ာ္လင့္ပါတယ္။

Unicode Version

Pocophone ဆိုတာက ဖွံ့ဖြိုးဆဲဈေးကွက်အတွက် brand ခွဲတစ်ခုဆိုတာထက်ကို ပိုပါတယ်။ Lei Jun ရဲ့ ဦးဆောင်မှုအောက်မှာ Xiaomi အတွက် အခွင့်အလမ်းအသစ်တွေ တွေ့မြင်ရတော့မှာပါ။
flagship တစ်လုံး
Pocophone ကတော့ မူလလမ်းကြောင်းအတိုင်းပဲ ဝင်ရောက်လာတာပါ။ ဈေးကွက်ထဲကို မြန်နှုန်းမြင့်၊ performance ပိုင်းကိုကောင်းကောင်းလုပ်ဆောင်ထားပြီးတော့ ထုတ်လုပ်သူအတော်များများ လုပ်လေ့ရှိတဲ့ feauture အပိုတွေကို ဘေးဖယ်ထားပါတယ်။
Super slow motion, stylus, heart rate monitor, curved screen, digital assistant အတွက် ခလုတ်သီးသန့် စတာတွေက သင့်စိတ်ကြိုက်လုပ်ပေးထားတယ်လို့ဆိုရမှာဖြစ်ပေမယ့် ဈေးကြီးပါတယယ်။ flagship တစ်လုံးကို အဲဒါတွေမပါဘဲ လုပ်လို့ရလား။
မလှပသော်လည်း လုပ်ဆောင်ချက်မြင့်မားတဲ့ဒီဇိုင်း

IMG 20180827 161231
Pocophone F1 ကို ကြည့်လိုက်မယ်ဆိုရင် polycarbonate ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ ဒါဟာ စွမ်းဆောင်ရည်သင့်ဖုန်းမှာတောင် မသုံးတော့ပါဘူး။ အများစုက metal & glass ဘက်ကို သွားနေကြတာပါ။
Jai Mani ဆိုတဲ့ Pocophone ခေါင်းဆောင်ကတော့ presentation လုပ်နေချိန်မှာ အခုလိုပြောသွားပါတယ်။ ဖန်သားစမတ်ဖုန်းလိုချင်လားလို့မေးကြည့်တဲ့အခါမှာ အနည်းစုကသာ လိုချင်တယ်လို့ ဖြေကြားခဲ့ပါတယ်တဲ့။
ဖုန်းကို ဘယ်လောက်ပဲလှအောင်ထုတ်လုပ်ထားပါစေ ကာဗာအုပ်လိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ။ Pocophone ကတော့ ပလတ်စတစ်နဲ့လုပ်ထားလို့ ကာဗာမတပ်လည်းရတယ်။ ကျကွဲမှာအဲလောက်မစိုးရိမ်ရပါဘူး။ ဘယ်လို brand ကိုပဲကြည့်လိုက်ပါစေ cover တစ်ခုကတော့ ထည့်ပေးထားကြတာချည်းမဟုတ်လား။ Pocophone မှာလည်း အဲဒီလိုပါပဲ။
စာရွက်ပေါ်ကအမြန်နှုန်းတွေနဲ့တင် မလုံလောက်

AndroidPIT Pocophone launch event 141246
စာရွက်ပေါ်မှာ ဘယ်လောက်ကောင်းတဲ့အချက်အလက်တွေပဲ မြင်နေပါစေ၊ လက်တွေ့မှာအသုံးမကျရင် ကိုင်ချင်မလား။ ဒါကြောင့်လည်း သူတို့ရဲ့ hardware ပိုင်းကို အကောင်းဆုံးလုပ်ဖို့အတွက် Pocophone အဖွဲ့က အာရုံစိုက်နေကြတာဖြစ်ပါတယ်။ LiquidCool နည်းပညာကိုအသုံးပြုထားတဲ့အတွက်ကြောင့် Qualcomm SoC လေးကို အေးမြနေစေမှာပါ။
software ကတော့ MIUI 9.6 ကို အသုံးပြုထားပါတယ်။ ပြောင်းလဲမှုအတော်လေး လုပ်ဆောင်ထားပါတယ်။ touch နဲ့ scrolling ပိုင်းမှာ ပြင်ဆင်ထားပါတယ်။ animations တွေကလည်း ပိုမိုမြန်ဆန်လာတယ်ထင်ရအောင် လုပ်ဆောင်ပေးထားပါတယ်။
စတင်မှုအသစ်

IMG 6249
Pocophone ကတော့ Xiaomi အတွက် လမ်းစအသစ်ဖြစ်ပါတယ်။ ဒီ brand လေးကို သုံးစွဲသူတွေလိုချင်တဲ့အချက်အလက်တွေကို ဈေးမကြီးဘဲပေးနိုင်အောင် လုပ်ဆောင်ဖို့ မှန်းထားပါတယ်။ Poco ဟာ MIUI မှာ app drawer ရနိုင်တဲ့ launcher အသစ်ကို သုံးပေးထားပါတယ်။ သာမန် MIUI တွေမှာ မပါဝင်တဲ့အရာတစ်ခုပါ။
launcher လေးမှာ third-party icon pack တွေ သုံးလို့လည်းရပါတယ်။ ဒီတော့ စမတ်ဖုန်းမှာ special theme တွေပဲ သုံးစရာမလိုတော့ပါဘူး။ အောက်နားက search bar လေးကလည်း display နဲ့ ခြားနားနေမှာပါ။ ပြီးတော့ 18.7:9 format ကို အသုံးပြုထားပါတယ်။
စမတ်ဖုန်းတွေဟာ Project Treble support ကြောင့် custom ROM ရလာတော့မှာပါ။ developer community ကလည်း ဒီဘတ်ဂျက်ဖုန်းလေးကို အလားအလာကောင်းအောင် ထောက်ပံ့ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Leave a Reply