OnePlus 6T ပုံရိပ်များပေါက်ကြားလာ
0
927
Zawgyi Version
Unicode Version
OnePlus 6T ရဲ့ ပုံရိပ်တစ်ခုကို မနေ့ကနေ့လယ်ခင်းလောက်မှာ တွေ့မြင်လိုက်ရပါတယ်။ အများကြီးခန့်မှန်းချက်တွေ ထုတ်ပြန်လို့မရသေးပေမယ့်လည်း အနည်းဆုံးတော့ မြင်လိုက်ရတယ်လို့ ဆိုရမှာပါ။
Weibo မှာ တွေ့မြင်လိုက်ရတဲ့ပုံရိပ်လေးကတော့ စီးပွားရေးလုပ်ငန်းကြီးတွေဆီကနေ ပေါက်ကြားမှုတွေထုတ်ပြန်နေတဲ့ site လေးတစ်ခုမှ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းလေးရဲ့ တရုတ်ဗားရှင်းကို မြင်လိုက်ရပါတယ်။ Weibo user 老爆科技 က အသွင်အပြင်တွေပေါ်ထွက်လာဖို့ နှောင့်နှေးမှုမရှိစေရလို့ ရေးသားထားပါတယ်။
ဖုန်းလေးရဲ့သွင်ပြင်ကတော့ ထူးဆန်းနေတာမျိုး မဟုတ်ပါဘူး။ အရင်တုန်းကမြင်ခဲ့ဖူးတဲ့ပုံလေးတွေ ဖြစ်ပါတယ်။ OPPO ကလည်း အဲဒီပုံစံမျိုးကို ထုတ်ခဲ့ဖူးပါတယ်။ OnePlus ကလည်း အဲဒီလိုလုပ်ဖို့အတွက် ဆုံးဖြတ်ရတဲ့အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ Vivo ကလည်း OnePlus နဲ့ OPPO တို့နည်းတူ လုပ်ဆောင်ထားတာပါ။
ဒီဖုန်းရဲ့ feature လေးတွေက ဘာတွေဖြစ်မလဲလို့မေးရင်တော့ ရေစက်ပုံ Notch စတိုင်လေးကို တွေ့ပါလိမ့်မယ်။ OPPO စမတ်ဖုန်းနှစ်လုံးထက်မနည်းမှာ တွေ့မြင်ထားဖူးပါတယ်။ ဒါဟာ notch တွေရဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ Essential Phone PH-1 နဲ့ နည်းနည်းဆင်တူပါတယ်။ ဒါပေမယ့်လည်း ဘေးဘက်တွေမှာ အတိုးအလျှော့လေးတော့ ရှိပါတယ်။
အနောက်ဘက်မှာတော့ ကင်မရာသုံးလုံးကို တွေ့မြင်ရပါတယ်။ LED flashဖျောက်ထားတာ ဒါမှမဟုတ် ကင်မရာရဲ့ညာဘက်မှာ တွေ့မြင်ရမယ်လို့ မှန်းထားပါတယ်။ ဒါမှလည်း အလှတရားကို ပြီးပြည့်စုံသွားစေမှာမလား။
လက်ဗွေကတော့ အနောက်ဘက်မှာ ရောက်သွားပါတယ်။ OnePlus ဟာ OPPO နဲ့ Vivo အလုပ်ရှုပ်နေတဲ့နည်းပညာတွေအစား ရိုးရိုးလေးကို အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လက်ဗွေစနစ်ဟာ မျိုးဆက်တွေမြင့်လာတာနဲ့အမျှ မြန်နှုန်းပိုမြင့်လာပါတယ်။ Apple နဲ့ Samsung ဟာ လက်ဗွေစနစ်ကို မျက်နှာပြင်အောက်မှာ မထားလို့ မထုတ်တော့ဘူးလို့ မပြောနိုင်ပါဘူး။
OnePlus က အရင်အတိုင်းထုတ်လုပ်မယ်ဆိုရင်တော့ နိုဝင်ဘာအလယ်လောက်မှာ မြင်ရပါလိမ့်မယ်။ OnePlus 6T event လေးကတော့ November 20th or 21st မှာ ဖြစ်မှာပါ။ ဒီတော့ စောင့်လိုက်ရအောင်။ အဆင်သင့်ပဲလား။
Leave a Reply