App/Game Trending
Android ကို ရောက်ရှိလာတဲ့ YouTube ရဲ့ Dark Theme
Zawgyi Version
Unicode Version
YouTube dark theme ကို ဒီနှစ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ ထွက်ရှိအပြီး ခြောက်လအကြာမှာတော့ Android အတွက်ရောက်လာပါပြီ။
Android အတွက် YouTube လေးမှာ dark theme ရနေပါပြီ။ Reddit သုံးစွဲသူတွေဟာ အဲဒီ feature လေးရောက်လာတာကို သတိထားမိခဲ့ကြပါတယ်။ ကျွန်တော်တို့လည်း update လုပ်လိုက်တော့ ရလာခဲ့ပါတယ်။ version 13.35.51 မှာ ရလာတာပါ။ ဖွင့်လိုက်ပါ။ ပိတ်လိုက်ပါ။ ထပ်ဖွင့်ကြည့်လိုက်ပါ။
youtubedarkthemeaam2
အသုံးပြုချင်တယ်ဆိုရင်တော့ ညာဘက်အပေါ်နားမှာရှိတဲ့ profile icon လေးကိုနှိပ်လိုက်ပြီးတော့ Settings > General > Dark theme ကိုသွားလိုက်ပါ။ activate လုပ်လိုက်ပြီးတာနဲ့ UI လေးတွေက အနက်ရောင်အဖြစ်ပြောင်းလဲသွားမှာပါ။
dark theme ကို Android အတွက်ရဖို့ အကြာကြီးအချိန်ယူခဲ့ပါတယ်။ iOS ကတော့ အစောပိုင်းတည်းက လုပ်ပေးခဲ့တာပါ။ အခုလည်း ရသွားပြီဆိုတော့ကျေနပ်ပါတယ်။ YouTube app ကို အနက်လေးနဲ့ဆိုတော့ မျက်စိအေးတာပေါ့။
သင်ရောစမ်းသုံးနေပြီလား။ မသုံးရသေးရင်တော့ အခုပဲစမ်းကြည့်လိုက်ပါ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.