အနောက်ကင်မရာငါးလုံးနဲ့ထွက်ရှိလာတဲ့ နိုကီရာဖုန်းအသစ်
0
1321
Zawgyi Version
ကဲ ကြည့်လို့ရပါပြီ။
Unicode Version
ပြောပါမယ်။ (trypophobic )အပေါက်တွေကို ကြောက်တဲ့သူဆိုရင် ပုံကိုမကြည့်ဘဲ ကျော်သွားလိုက်ပါ။ အဲဒါက ဘာကြီးလဲဆိုတာ သိချင်လို့ Google မခေါက်ပါနဲ့။ သင့်ကိုအိပ်မက်ဆိုးတွေ မက်စေနိုင်လို့ပါ။ trypophobia ဆိုတာကတော့ အရေပြားပေါ်မှာ သာမန်မဟုတ်တဲ့ အပေါက်တွေ၊ အဖုအပိန့်တွေကို တွေ့မြင်ရမှာကြောက်တဲ့သူကို ခေါ်တာပါ။
နေပါဦး။ ဒါနဲ့ နိုကီရာဖုန်းဓါတ်ပုံနဲ့ ဆိုင်လို့လား။ ဆိုင်ပါတယ်။ ကင်မရာငါးလုံးကို အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ပုံစံက စက်ဝိုင်းပုံဖြစ်နေတဲ့အတွက်ကြောင့် အမြင်မှားသွားနိုင်ပါတယ်။
ကဲ ကြည့်လို့ရပါပြီ။
A leaked image of a Nokia phone with five camera lenses on the rear.
ကင်မရာအတွက် ပြင်ဆင်နေတယ်ဆိုတာ ကျွန်တော်တို့ကြားထားပြီးသားပါ။
HMD က PureView trademark လေးကို Microsoft ဆီကနေ ပြီးခဲ့တဲ့အပတ်က ဝယ်လိုက်ပါတယ်။ ဒီတော့ HMD က နာမည်ကြီးခဲ့တဲ့ ကင်မရာပုံရိပ်ကို ပြန်လည်ပုံဖော်တော့မယ်ထင်ပါတယ်။ Nokia 10 ကတော့ ဒီလိုပုံနဲ့ထွက်လာမယ်လို့ ပြောနေကြပါတယ်။
နောက်တစ်ခုပြောချင်တာကတော့ ဒီပုံက တရားသေမပြောနိုင်သေးပါဘူး။
ဒီဒီဇိုင်းထုတ်မယ်ဆိုရင်တော့ ဈေးကွက်မှာ အဆင်မပြေလောက်ပါဘူး။ မမိုက်တာမဟုတ်ပေမယ့်လည်း ဒီဇိုင်းကတော့ လူတိုင်းနဲ့အဆင်မပြေတာပါ။
သင်ရော ဘယ်လိုထင်လဲ။ ဒီဇိုင်းက အစစ်ဆိုရင် ကိုင်ချင်မလား။
Leave a Reply