အိပ်ခန်းပါဝင်တဲ့ Volvo 360c concept ကား
0
1552
Zawgyi Version
Unicode Version
ဆူညံတဲ့အင်ဂျင်၊ စတီယာတိုင်ကိုင်စရာမလိုတဲ့ ကားတစ်စီးကို Volvo က ပြင်ဆင်ထားပါတယ်။
efficiency အတွက် ရုန်းကန်နေကြချိန်မှာ ခရီးသွားတွေအတွက် စာနာမှုကင်းမဲ့လာကြတယ်။ ဒီစကားလုံးလေးကတော့ 360c fully autonomous concept car လေးအတွက် ဗွီဒီယိုလေးထဲမှာ သုံးစွဲထားခဲ့တာပါ။ Volvo ရဲ့စိတ်ကူးကတော့ အနာဂတ်ကားဒီဇိုင်းတွေက လူသားတွေကို ကူညီပေးဖို့အတွက်ဆိုတာကို ချပြလိုက်ချင်တာပါ။
Volvo 360c ကတော့ ကျွန်တော်တို့ရဲ့ကားကို လျှပ်စစ်နဲ့လည်ပတ်မှာဖြစ်ပြီးတော့ autonomous အပြည့်အဝပေးထားမှာပါ။ ဖန်သားပြင်နဲ့အုပ်မိုးထားမှာပါ။ ဘာတွေခြားနားနေလဲဆိုတော့ မြို့ပြရဲ့အခြေခံအဆောက်အဦးတွေနဲ့ ဖစ်တင်ကျပြီးတော့ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေပါတယ်။
ထုတ်ကုန်နည်းဗျူဟာခေါင်းဆောင် Marten Levenstam ကတော့ ဒီကားလေးဟာ စကားစမိရင်းကနေ စိတ်ကူးတွေရလာပြီး ကျွန်တော်တို့ရင်ဆိုင်နေရတဲ့မေးခွန်းတွေရဲ့ အဖြေတစ်ခုလည်း ဖြစ်လာပါတယ်။ Volvo ကတော့ 360c လိုမျိုးကားနဲ့ အသုံးပြုနိုင်တဲ့ usage လေးမျိုးလုပ်ထားပါတယ်။ မိုဘိုင်းလ်အိပ်ခန်းအနေနဲ့အသုံးပြုနိုင်ပါတယ်။ ခရီးသွားလာတဲ့အချိန်မှာလည်း အဆင်ပြေပြေသွားလာနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ဒီတော့ အချိန်တွေပိုထွက်လာမယ်။ မိုဘိုင်းလ်အလုပ်ခွင်အဖြစ်နဲ့တောင် အသုံးပြုလို့ရသွားမှာပါ။ ဧည့်ခန်းလား။ အပန်းဖြေစရာနေရာလား။ သင့်စိတ်ကြိုက်ပါပဲ။ အတွင်းပိုင်းမှာလည်း ပြတင်းပေါက်တွေပါဝင်နေတာဆိုတော့ အတော်လေးမိုက်သွားပါပြီ။
“လူတွေက မြို့ပြတွေမှာ နေထိုင်မှုနည်းလာပါတယ်။ ဒီတော့ သွားလာရ ကြာမြင့်လာပါပြီ။ 360c မှာတော့ လူနေထူထပ်တဲ့မြို့ပြတွေရဲ့ သွားလာမှုစနစ်ကို ချောမွေ့စေပြီးတော့ အချိန်ကုန်သက်သာစေမှာပါ။ ”
Audi ရဲ့ 25th Hour project လေးနဲ့ တူနေတယ်လို့မထင်ဘူးလား။ ကားနဲ့ခရီးသွားလာမှုရဲ့ အဆင်ပြေချောမွေ့မှုကို တိုးမြှင့်ပေးမှာပါ။ အပြင်ဒီဇိုင်းကလည်း ဆင်တူနီးပါးလောက်ဖြစ်နေပါတယ်။
Volvo 360c ရဲ့နောက်ကွယ်ကဖြစ်ရပ်လေးတွေကို စဉ်းစားကြည့်တဲ့အခါမှာတော့ Volvo ရဲ့ အမြင်တွေက ထူးခြားနေတာကို တွေ့ရပါတယ်။ ကြည့်လိုက်တာနဲ့ ခေတ်လွန်ဒီဇိုင်းမှန်း သိသာနေပါတယ်။ ကားလုံခြုံရေးပိုင်းမှာလည်း အမြဲတမ်းဂုဏ်ယူနေတဲ့သူဆိုတော့ သူ့ရဲ့ကားတွေကို စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။ benchmark တွေလည်း ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။
Leave a Reply