ရေစိုခံဖုန်းတွေဆိုပမယ့်ရေကူးတဲ့နေရာယူသွားလို့ရတဲ့ထိတော့ မဟုတ်

0
1167

Zawgyi version




Unicode version

တော်တော်များများသိထားကြတဲ့အတိုင်းဖုန်းဆိုတာမျိုးကတော့ ရေနဲ့ထိတွေ့ပြီး အသုံးပြုလို့မရပါဘူး။ စမတ်ဖုန်းကုမ္ပဏီတွေက ရေစိုခံဖုန်း တွေကိုထုတ်ရင် water resistance IP68 ရှိတယ်ဆိုပြီးထုတ်ကြပါတယ်။ အဲ့ဒါက ရေစိုခံတယ်လို့ ပြောပေမယ့်လဲ ရေကူးကန်ထဲကို တစ်နေ့လုံးစိမ်ထားတဲ့ထိတော့ မကြေညာကြပါဘူး။ သူတို့ဆိုလိုချင်တာကလဲ ရေစိုခံတယ်ဆိုပေမယ် ရေကူးကန်ထဲယူသွားလို့ရတဲ့အထိမဟုတ်ပါဘူး။
တစ်ကယ်လို့သင့်ဖုန်းကလဲ ရေစိုခံတယ်ထားဆိုပါစို့။ ဒါပေမယ့်အဲ့ဒါကလဲ ရေစိမ်ခံတာ မဟုတ်ပါဘူး။ ရေထဲမှာ အသုံးပြုလို့ရတဲ့အထိလဲ မဟုတ်ပါဘူး။ ရေစိုခံတယ်ဆိုတာလဲ သူ့အတိုင်းအတာသူရှိပါတယ်။ ဖုန်းတစ်လုံးဟာ ရေစိုခံတယ်ဆိုရင် ရေဘယ်လောက် အချိန်ဘယ်လောက်ပမာဏအပေါ် မူတည်ပါသေးတယ်။ သူ့ရေအတိုင်းအတာနဲ့ အချိန်ကျော်လွန်သွားရင်တော့ ရေဝင်ပြီး ရှော့ဖြစ်တတ်ပါတယ်။


တစ်ချို့စမတ်ဖုန်းထုတ်တဲ့သူတွေက သူတို့ဖုန်းရေစိုခံတယ်ဆိုတာကို သက်သေတွေနဲ့ အခိုင်အမာပြောကြပါတယ်။ သူတို့က စမ်းသပ်ပြတာကလဲ ရေသန့်နဲ့ စမ်းသပ်ပြကြတာပါ။ အဲ့ဒါကြောင့်လဲ ရေစိုခံတယ်လို့ပြောလို့ရတာပါ။ ရေကူးကန်ထဲက ရေတွေက ရေသန့်တွေမဟုတ်ပါဘူး။ ဓာတုဗေဒတွေပါဝင်ပါတယ်။ ပင်လယ်ရေဆိုရင် ပိုဆိုးပါတယ်။ သူက ဆားငန်ရေဖြစ်တဲ့ အတွက်ကြောင့် ပင်လယ်ထဲကို ပြုတ်ကျတာနဲ့ ဆားတွေက အငန်ဓာတ်ပေါက်ပြီး ပျက်စီးကုန်မှာပဲ ဖြစ်ပါတယ်။

Leave a Reply