မျက်နှာပြင်အောက်လက်ဗွေစနစ်သုံး ရေစက်ပုံ notch နဲ့ ထွက်ရှိလာမယ့် မျက်နှာပြင်ကျယ် vivo V11

0
955

Zawgyi version




 



Unicode version

Vivo ရဲ့ ခုထွက်ရှိလာမယ့်ဖုန်းက mid-range စီးရီးဖြစ်ပေမယ့် မျက်နှာပြင်အောက်လက်ဗွေ စနစ်ဖြစ်တဲ့ under-display fingerprint scanner ကိုအသုံးပြုပေးထားပါတယ်။ ကြီးမားတဲ့ မျက်နှာပြင် 6.41 လက်မ
AMOLED screen ကိုအသုံးပြုထားပြီး Full HD+ resolution ပဲဖြစ်ပါတယ်။ ဒါ့အပြင် ရေစက်ပုံ notch လဲ ထည့်သွင်း ပေးထားပါတယ်။
သူကတော့ Snapdragon 660 chipset ကိုအသုံးပြုပေးထားပြီး Adreno 512 GPU နဲ့ 6GB RAM ပဲဖြစ်ပါတယ်။ storage ကတော့ 128GB ဖြစ်ပြီး microSD ကဒ်လဲ ထည့်နိုင်ပါသေးတယ်။

vivo V11 from all sides in Starry Blackvivo V11 from all sides in Nebula

Vivo က mid-range စီးရီးကို under-display နည်းပညာ ထည့်သွင်း အသုံးပြုတာဟာ ခု V11 ကပထမဦးဆုံးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူက face unlock စနစ်လဲပါဝင်ပါသေးတယ်။ နောက်ကင်မရာကတော့ 12MP f/1.8 နဲ့ 5MP f/2.4 ပဲဖြစ်ပြီး ရှေ့ selfie ကင်မရာကတော့ 25MP resolution ရှိပြီး AI နည်းပညာကိုလဲ အသုံးပြုထားပါတယ်။
ဘက်ထရီပိုင်းကတော့ 3,400mAh ဖြစ်ပြီး 18W quick-charging စနစ်
ကိုလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသွင်းပေါက်ကတော့ microUSB စနစ်ပဲဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာလထဲမှာပဲ အိန္ဒိယမှာ မိတ်ဆက်မှာဖြစ်ပါတယ်။

Leave a Reply