Under-display Fingerprint Scanner , Face Access မ်ားပါတဲ့ Vivo V11

0
967





unicode

Under-display Fingerprint Scanner , Face Access များပါတဲ့ Vivo V11

Vivo က မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါတဲ့ သူ့ရဲ့ ပထမဆုံး စွမ်းရည်သင့်ဖုန်း ဖြစ်တဲ့ V11 ကို ကြေညာလိုက်ပါတယ်။ Face Access အမည်ရ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်တဲ့ စွမ်းရည် ပါပါတယ်။ အဲဒီ လုံခြုံရေး နည်းစနစ်နှစ်ခုထဲက တစ်ခုကို သုံးပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။

သူ့မှာ ၆.၄၁ လက်မ Full HD+ AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင်ရဲ့ အထက်မှာ သေးငယ်တဲ့ Notch ပါပါတယ်။ အရှေ့ဘက်မှာ 25MP f/2.0 Camera တစ်လုံးထည့်သွင်းထားပြီး AI က Selfie ဓါတ်ပုံများ လှပအောင် ကူညီမှာပါ။ အနောက်ဘက်မှာ 12MP f/1.8 + 5MP f/2.4 Camera များ ပါပြီး Vivo X21 နဲ့ Vivo NEX S တို့နဲ့ တူညီပါတယ်။

Octa-Core Snapdragon 660 Chipset, 6GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ Android Oreo 8.1 အခြေပြု Funtouch 4.5 OS မောင်းနှင်ထားပါတယ်။ UI အသစ်မှာ ဘက်ထရီ သက်တမ်း ကောင်းမွန်စေပြီး App စွမ်းဆောင်ရည် ပိုမို မြန်ဆန်စေတဲ့ Jovi AI Engine ပါပါတယ်။

Vivo V11 ကို အရောင်စပ်များဖြင့် ဖန်တီးထားပါတယ်။ Starry Night နဲ့ Nebula လို့ အမည်ပေးထားပြီး အနက်၊ အပြာစပ် အရောင်နဲ့ အပြာ၊ ခရမ်းစပ် အရောင်များ ဖြစ်ပါတယ်။ 3400mAh Battery ပါပြီး 18W Quick-Charging ပံ့ပိုးထားပါတယ်။ ဒါပေမယ့် USB-C အစား microUSB Port ကိုသာ သုံးထားပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။

Leave a Reply