Samsung က foldable display နည်းပညာကို ပြိုင်ဘက်တွေထံ ရောင်းချပြီး အမြတ်အစွန်းများရရှိနိုင်

0
998

Zawgyi version





 

Unicode version

ကျွန်တော်တို့သိကြတဲ့အတိုင်းSamsung က foldable smartphone ကို 2019 မှာထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။ Samsung Galaxy X မှာစတင်ထုတ်လုပ်မှာပါ။ foldable device ကတော့ အသစ်အဆန်းလို့ပြောရမှာဖြစ်ပါတယ်။
ကိုရီးယားsiteတစ်ခုဖြစ်တဲ့ ETNews (via SamMobile)ကပြောထားတာကတော့ Samsung ကသူ့ရဲ့ foldable display နည်းပညာကို ပြိုင်ဘက်တွေကိုရောင်းချမယ်ဆိုပြီးအစီအစဉ်ရှိပါတယ်တဲ့။
Samsung က သူ့ရဲ့ ကိုယ်ပိုင် product နဲ့ ပူပေါင်းပြီးနည်းပညာအသစ်ဒါမှမဟုတ် ဒီဇိုင်းအသစ်ကိုဖန်တီးပြုလုပ်နေပါတယ်။ အချိန်အတိုင်းအတာတစ်ခုကိုရောက်ရင်တော့ သူ့ရဲ့ နည်းပညာကိုရောင်းချမှာပဲ ဖြစ်ပါတယ်။
Samsung က စမတ်ဖုန်းဈေးကွက်မှာနောက်ထပ်နေရာတစ်နေရာရဖို့အတွက် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ foldable စမတ်ဖုန်းကိုအကောင်းဆုံး ထုတ်လုပ်ပြီးထွက်ရှိလာရင်တော့ Samsung အတွက် ကြီးမားတဲ့ အောင်မြင်မှုကြီး ဖြစ်လာဦးမှာပါ။
ဒါ့အပြင် Samsung သာသူ့ရဲ့ နည်းပညာကိုအောင်မြင်ပြီးစမတ်ဖုန်းဈေးကွက် အသစ်ဖန်တီးနိုင်ပြီးသူ့ရဲ့ နည်းပညာကိုလဲ ပြိုင်ဖက်တွေက ဝယ်ပြီးအပြိုင်အဆိုင် အသုံးပြုလာရင်လဲ အကျိုးအမြတ်ကလဲရရှိဦးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ product အပြင် သူ့ပြိုင်ဘက်တွေ product ရဲ့ အမြတ်အစွန်းတွေပါရရှိဦးမှာ ဖြစ်ပါတယ်။
၂၀၁၉ ကတော့ Samsung ရဲ့ မျှော်လင့်ရမယ့်နှစ်လို့ ပြောရမှာပါ။ Samsung Galaxy S10, GalaxyXနဲ့ သူ့ရဲ့ ပထမဦးဆုံး 5G ကွန်ယက်သုံးစမတ်ဖုန်းကြောင့်ပဲ ဖြစ်ပါတယ်။

 

Leave a Reply