Chrome က ဆယ်နှစ်ပြည့်အနေနဲ့ Version 69 မှာ feature အသစ်တွေထည့်သွင်းပေး
0
1187
Zawgyi Version
Unicod Version
ဒီတစ်ပတ်ကတော့ Google Chrome browser ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပါတယ်။ Google ကလည်း ဆင်နွှဲတဲ့အနေနဲ့ Chrome 69 ကို ထုတ်ပေးလိုက်ပါတယ်။
Chrome ရဲ့ နောက်ဆုံးဗားရှင်းလေးမှာ Material Design finish အသစ်၊ password management feature အသစ်များ၊ ပြင်ဆင်ထားတဲ့ Omnibox စတာတွေ ပါဝင်ပါတယ်။
Chrome 69 ကတော့ တစ်ကမ္ဘာလုံးကို ထုတ်ပေးလိုက်ပါတယ်။ သုံးချင်တယ်ဆိုရင်တော့ အောက်အထိ ဆက်ဖတ်စေချင်ပါတယ်။
ဆယ်နှစ်တောင်ကြာခဲ့ပြီတဲ့လား။ ယုံရခက်ခက်ပါပဲ။ ဒါပေမယ့် Google Chrome browser လေးကို ၂၀၀၈ခုနှစ် စက်တင်ဘာ၂ရက်နေ့မှာ launch လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာ့လူကြိုက်အများဆုံး browser လေးဖြစ်လာခဲ့ပြီးတော့ desktop ရော mobile browser ဈေးကွက်မှာပါ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ အတိုချုပ်ပြောရရင်တော့ ဆယ်နှစ်အတွင်းမှာ မယုံနိုင်အောင် အောင်မြင်ခဲ့ပါတယ်။
သူ့ရဲ့အောင်မြင်မှုကို ဆင်နွှဲဖို့အတွက် ဒီနေ့မှာတော့ Google က Google Chrome 69 ကို ထုတ်ပေးခဲ့ပါတယ်။ အခြားသော Chrome upgrade တွေနဲ့မတူတာကတော့ feature အသစ်တွေ ထည့်သွင်းပေးထားပါတယ်။
အခုပြောသွားမှာကတော့ ဘာတွေပြောင်းလဲသွားသလဲဆိုတာကိုပြောပြပေးမှာပါ။ ဘယ်လိုဒေါင်းရမလဲဆိုရင်တော့ အောက်ဆုံးမှာ ပေးထားပါတယ်။ Google Play Store မှာ ဒေါင်းလို့ရပါတယ်။
Material Design interface အသစ်
Chrome 69 မှာ uniform Material Design finish လေးကို ယူဆောင်လာပါတယ်။ တြာပီဇီယမ်အရွယ် tab တွေမရှိတော့ဘူး။ ပိုလှသွားတဲ့ ထောင့်လုံးဒီဇိုင်းလေးကို တွေ့မြင်ရမယ်။ Material Design ပိုင်းမှာ tab တွေက အသိသာဆုံးဖြစ်ပေမယ့်လည်း text box နဲ့ icon တွေလည်း လုံးလုံးလေးတွေဖြစ်သွားပါတယ်။
အဲဒီပြောင်းလဲမှုတွေက သဘာဝဆန်ဆန်လှပနေပေမယ့်လည်း Chrome 69 မှာ လုပ်ဆောင်နိုင်စွမ်းပိုကောင်းလာမှာပါ။ tab shap လေးနဲ့ color palette လေးတွေကြောင့် tab icon လေးတွေကို မြင်လွယ်ပြီးတော့ ဘယ်tab ဖွင့်ထားလဲဆိုတာ ကြည့်ရလွယ်စေမှာပါ။
forms တွေကို မြန်မြန်ဆန်ဆန် ဖြည့်မယ်
password manager ဆိုတာကတော့ ဒီနေ့အတွက် အရေးပါတဲ့ tool တစ်ခုပါပဲ။ password management လုပ်တဲ့အချိန်မှာ Chrome 69 က password creation နဲ့ management တွေကို browser လေးထဲမှာပဲ အပြီးအစီးလုပ်ဆောင်ပေးမှာပါ။
အခုဆိုရင်တော့ form ဖြည့်ပြီး အကောင့်ဝင်ချိန်တိုင်းမှာ အလိုအလျောက်အသုံးပြုလို့ရမယ်။ strong, random password လေးတွေကို Chrome က ဖန်တီးပေးပါလိမ့်မယ်။ password ကိုရွေးချယ်လိုက်မယ်ဆိုရင်တော့ Google account မှာ သိမ်းထားပေးမှာဖြစ်ပြီးတော့ မှတ်မိနေစရာမလိုအပ်အောင် လုပ်ဆောင်ပေးမှာပါ။
Google account နဲ့ sync လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် စမတ်ဖုန်းရဲ့ Chrome browser ကို အသုံးပြုပြီး ဝက်ဘ်ဆိုက်ဝင်ရောက်မယ်ဆိုရင်တော့ သင့်ရဲ့အချက်အလက်တွေကို မြန်ဆန်စွာနဲ့ ဖြည့်သွင်းပေးမှာပါ။
ဒါပေမယ့်လည်း Facebook, Twitter, Instagram တို့လိုမျိုး standalone app တွေအတွက်တော့ မလုပ်ပေးနိုင်ပါဘူး။ သူတို့အတွက် သုံးချင်တယ်ဆိုရင်တော့ third-party service သုံးရမှာပါ။ ကျွန်တော်တို့ကတော့ LastPass ကို ထောက်ခံပေးချင်ပါတယ်။
စွမ်းဆောင်ရည်ပို့မြင့်လာတဲ့ Omnibox
Omnibox ဆိုတာကတော့ Google Chrome ရဲ့ ဆယ်နှစ်တာအတွင်း အပြောင်းလဲဆုံးလို့ ဆိုရမှာပါ။ box ထဲမှာ URL တွေထည့်ရတဲ့နေ့တွေကုန်သွားပါပြီ။ term လေးတွေကို box ထဲမှာ ရိုက်လိုက်တာနဲ့ လုပ်ဆောင်ပေးနိုင်ပါပြီ။
Chrome 69 မှာ Omnibox က စွမ်းဆောင်ရည်ပို့မြင့်လာပါတယ်။ Omnibox နဲ့ tab ကူးစရာမလိုဘဲ ရှာနိုင်ပါပြီ။ စကားလုံးတစ်ခုရဲ့ဆိုလိုရင်း၊ ဘာသာပြန် ဒါမှမဟုတ် မေးခွန်းနဲ့အဖြေရှာမလား ရပါတယ်။
Omnibox ထဲမှာ ဖွင့်ထားတဲ့ tab တွေအတွက်လည်း ရှာနိုင်ပါတယ်။ ဝက်ဘ်ဆိုက်နာမည်ကို Omnibox ထဲမှာထည့်လိုက်တာပါ။ အဲဒီ tab ဖွင့်ထားတယ်ဆိုရင်တော့ Chrome က tab ပြောင်းမလားမေးပါလိမ့်မယ်။ tab တွေ မထပ်တော့ဘူးပေါ့။
Chrome 69 ကို ဘယ်လို update လုပ်ကြမလဲ
Google Chrome အဟောင်းကိုသုံးနေတာဆိုရင်တော့ Chrome 69 အဆင့်မြှင့်ရတာလွယ်ပါတယ်။ desktop version အတွက်ပြောပေးပါ့မယ်။
Chrome ရဲ့ညာဘက်အပေါ်နားလေးမှာ အစက်သုံးစက်လေးရှိပါတယ်။
Settings ကို နှိပ်လိုက်ပါ။
Settings profile လေးနဲ့အတူ tab အသစ် ပေါ်လာပါလိမ့်မယ်။ ဘယ်ဘက်အပေါ်နားလေးမှာ ဟမ်ဘာဂါပုံလေးရျိပါတယ်။ နှိပ်လိုက်ပါ။
အောက်နားလေးမှာရှိတဲ့ “About Chrome” လေးကိုနှိပ်လိုက်ပါ။
Chrome 69 ရတယ်ဆိုရင်တော့ ဒေါင်းလုတ်ဆွဲလို့ရပါလိမ့်မယ်။
မမြင်ရသေးဘူးဆိုရင်တော့ သင်က already up-to-date လို့ ပြောပါလိမ့်မယ်။ သင့်ဆီမရောက်သေးတဲ့သဘောပါ။ နာရီအနည်းငယ်အကြာမှ ထပ်စမ်းကြည့်ပါ။
Android ဆိုရင်တော့ Google Play Store ကိုသွားလိုက်ပါ။
Leave a Reply