Apple Watch Series 4 က မျက်နှာပြင် အ၀ိုင်းနဲ့ ထွက်ရှိလာဖွယ်ရှိ

0
861

Zawgyi version





Unicode version

Apple ရဲ့ iPhone XS event ကြီးကလဲ ကျင်းပဖို့က သိပ်မလိုတော့ပါဘူး။ Apple fan တွေကလဲ Apple ရဲ့ next-generation products တွေကို ကြည့်ချင်လှပါပြီ။ Apple ရဲ့ နောက်ထွက်ရှိမယ့် product ဖြစ်တဲ့ Apple Watch Series 4 ကိုလဲ upgrade မြှင့်ထားပါတယ်။ Apple Watch ရဲ့ဒီဇိုင်းကတော့ ၂၀၁၅ ဧပြီ လောက်မှာထွက်ရှိခဲ့တဲ့ ဒီဇိုင်းအတိုင်းပါပဲ။
ဒါပေမယ့် ခုရက်ပိုင်းလောက်မှာပဲ Apple Watch ကို ဒီဇိုင်းပိုင်း သိသိသာသာ update မြှင့်ထားပါတယ်။ ပိုပြီးကြီးမားတဲ့ OLED screen နဲ့ အရင်ထွက်ရှိထားတဲ့ မော်ဒယ်တွေထက်ကို ဘေးဘောင်တွေကို သေးထားပါတယ်။ ပြီးတော့ ပိုပြီးလဲပါးလွှာလာမှာပဲ ဖြစ်ပြီး performance တွေလဲ ပိုမြင့်လာမှာပဲ ဖြစ်ပါတယ်။
Apple fan တစ်ချို့ကလဲ Apple Watch ဒီဇိုင်းကို round version ကိုလဲ မျှော်လင့်နေကြပါတယ်။ Watch ရဲ့ခုလက်ရှိ လေးထောင့်ပုံစံဒီဇိုင်းက information တွေပြဖို့အတွက်ပိုပြီး အဆင်ပြေစေပါတယ်။ မျက်နှာပြင် အဝိုင်းကတော့ ရိုးရှင်းပြီး ရှေးရိုးဆန်ပေမယ့် လူကြိုက်များပါတယ်။
Apple ရဲ့ Graphic designer ကတော့ Apple Watch ကို round version နဲ့ထုတ်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ Watch ရဲ့မျက်နှာပြင်ကိုလဲ ပိုပြီး ကြီးမားလာတဲ့ မျက်နှာပြင်နဲ့ ကိုက်ညီအောင် ဒီဇိုင်းတွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Leave a Reply