ၾကီးမားတဲ့ မ်က္နွာျပင္နဲ႔ ေရစက္ပံု notch ပါ၀င္လာမယ့္ Honor 8X Max

0
890

Zawgyi version

Honor ဆိုတာ Huawei ရဲ႕ brand အခြဲျဖစ္တယ္ဆုိတာကေတာ့ ေတာ္ေတာ္မ်ားမ်ား သိျပီးၾကျပီးပဲ ျဖစ္ပါတယ္။ ခုလဲ Huawei က Honor စီးရီးအသစ္ကိုထုတ္လုပ္ေတာ့မွာပဲ ျဖစ္ပါတယ္။ သူက မ်က္နွာျပင္က်ယ္ျပီး လုပ္ေဆာင္ခ်က္ေတြကလဲ ပိုျပီး ေကာင္းမြန္လာပါတယ္။

သူကေတာ့ ၇.၁၂လက္မ မ်က္နွာျပင္ၾကီးနဲ႔ မ်က္နွာျပင္မွာလဲ ေရစက္ပံု notch ပါ၀င္လာမွာပဲ ျဖစ္ပါတယ္။ selfie ကင္မရာကေတာ့ notch ထဲမွာပါ၀င္မွာ ျဖစ္ပါတယ္။ သူက Super Charge tech အစား 18W quick charging ကိုထည့္သြင္ေပး ထားပါတယ္။ သူကဘယ္ေလာက္ေတာင္ေကာင္းလဲဆုိေတာ့ ၁၀ မိနစ္အားသြင္းရံုနဲ႔ မိနစ္ ၄၀ ဖုန္းေျပာနုိင္မွာပဲ ျဖစ္ပါတယ္။

Honor 8X Max က RAM 4GB နဲ႔ storage 64GB နဲ႔လာမွာ ျဖစ္ပါတယ္။ 3.5mm audio jack နဲ႔ micro-USB port လဲပါ၀င္မွာ ျဖစ္ပါတယ္။ ရရွိနုိင္မယ့္  အေရာင္ေတြကေတာ့ အနက္၊ အျပာ နဲ႔ အနီပဲ ျဖစ္ပါတယ္။ Memory ေပၚမူတည္ျပီး ေစ်းနႈန္းအေျပာင္းအလဲေတြရွိနုိင္ပါေသးတယ္။

Unicode version

Honor ဆိုတာ Huawei ရဲ့ brand အခွဲဖြစ်တယ်ဆိုတာကတော့ တော်တော်များများ သိပြီးကြပြီးပဲ ဖြစ်ပါတယ်။ ခုလဲ Huawei က Honor စီးရီးအသစ်ကိုထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ သူက မျက်နှာပြင်ကျယ်ပြီး လုပ်ဆောင်ချက်တွေကလဲ ပိုပြီး ကောင်းမွန်လာပါတယ်။
သူကတော့ ၇.၁၂လက်မ မျက်နှာပြင်ကြီးနဲ့ မျက်နှာပြင်မှာလဲ ရေစက်ပုံ notch ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ selfie ကင်မရာကတော့ notch ထဲမှာပါဝင်မှာ ဖြစ်ပါတယ်။
သူက Super Charge tech အစား 18W quick charging ကိုထည့်သွင်ပေး ထားပါတယ်။ သူကဘယ်လောက်တောင်ကောင်းလဲဆိုတော့ ၁၀ မိနစ်အားသွင်းရုံနဲ့ မိနစ် ၄၀ ဖုန်းပြောနိုင်မှာပဲ ဖြစ်ပါတယ်။
Honor 8X Max က RAM 4GB နဲ့ storage 64GB နဲ့လာမှာ ဖြစ်ပါတယ်။ 3.5mm audio jack နဲ့ micro-USB port လဲပါဝင်မှာ ဖြစ်ပါတယ်။ ရရှိနိုင်မယ့် အရောင်တွေကတော့ အနက်၊ အပြာ နဲ့ အနီပဲ ဖြစ်ပါတယ်။ Memory ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေရှိနိုင်ပါသေးတယ်။

Leave a Reply