ေဒၚလာငါးေသာင္းဖိုးကို စကၠန္႕သံုုးဆယ္အတြင္းခိုးေပမယ့္ တစ္ျပားမွသံုးမရလုိက္တဲ့သူခိုးမ်ား

0
1681

Zawgyi Version

သူခိုးေတြကေတာ့ Apple Store ကို ပစ္မွတ္ထားတယ္ဆိုတာ အသစ္အဆန္း္ေတာ့မဟုတ္ပါဘူး။ ဓါးျပမႈအသစ္ေတြကို အပတ္တုိင္းလိုလိုမွာ ၾကားေနရပါတယ္။ Bay Area Apple Store ကို နွစ္ပတ္အတြင္းမွာ ငါးၾကိမ္ေျမာက္ ဓါးျပတုိက္ခံရပါတယ္။ အဲဒီစတုိးဆုိင္ကို ပစ္မွတ္ထားခံရတာကေတာ့ ေလးၾကိမ္ရွိိပါျပီ။
Burlingame store မွာ တနဂၤေႏြေန႕မနက္ခင္းပိုင္းမွာ သူခိုးေတြက ေဒၚလာ ၅၀ ၀၀၀ တန္ေၾကးရွိပစၥည္းေတြကို စကၠန္႕သံုးဆယ္အတြင္းမွာ ယူသြားခဲ့တာပါ။ ဒါေၾကာင့္လည္း အခ်ိန္နည္းနည္းေပးျပီး ျမိဳးျမိဳးျမက္ျမက္ရတဲ့ Apple Store ေတြက ပစ္မွတ္ျဖစ္ေနတာေပါ့။
Burlingame ရဲေတြကေတာ့ အဲဒီေန႕မနက္ ၁၁နာရီ ၂၅မိနစ္ေလာက္မွာ ေရာက္လာခဲ့တယ္လို႕ ေျပာပါတယ္။
“ျပထားတဲ့ဖုနး္ေတြအားလံုးကို ယူသြားျပီးေတာ့ ကြန္ပ်ဴတာေတြလည္း မခ်န္ထားခဲ့ပါဘူး။ လံုျခံဳေရးစည္းေတြကို ဖ်က္ဆီးျပီးေတာ့ ေျပးသြားတာပါ။ ဒါေတြအားလံုးျဖစ္ပ်က္ခ်ိန္က စကၠန္႕သံုးဆယ္ပါပဲ။”Volvo S70 လို႕ထင္ရတဲ့ကားဆီကို ေျပးခဲ့ၾကတာပါ။ မ်က္ႏွာေတြလည္းအုပ္ထားပါတယ္လို႕ ရဲတပ္ဖြဲ႕က ေျဖၾကားခဲ့ပါတယ္။
စိတ္၀င္စားဖို႕ေကာင္းတာတစ္ခုကေတာ့ စတိုးဆိုင္ေလးခုလံုးကို ဒီလူေတြပဲ တုိက္ခိုက္တာျဖစ္မယ္လို႕ ရဲတပ္ဖြဲ႕ေတြက ယံုၾကည္ေနၾကပါတယ္။ စိတ္၀င္စားဖို႕ေကာင္းတဲ့အခ်က္က အဲဒီပစၥည္းေတြက Apple Store WiFi network န႕ မခ်ိတ္ထားလို႕ အသံုးျပဳလို႕မရပါဘူး။ ဒီေတာ့ သူခိုးေတြ ေသျပီေလ။

Unicode Version

သူခိုးတွေကတော့ Apple Store ကို ပစ်မှတ်ထားတယ်ဆိုတာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဓါးပြမှုအသစ်တွေကို အပတ်တိုင်းလိုလိုမှာ ကြားနေရပါတယ်။ Bay Area Apple Store ကို နှစ်ပတ်အတွင်းမှာ ငါးကြိမ်မြောက် ဓါးပြတိုက်ခံရပါတယ်။ အဲဒီစတိုးဆိုင်ကို ပစ်မှတ်ထားခံရတာကတော့ လေးကြိမ်ရှိပါပြီ။
Burlingame store မှာ တနင်္ဂနွေနေ့မနက်ခင်းပိုင်းမှာ သူခိုးတွေက ဒေါ်လာ ၅၀ ၀၀၀ တန်ကြေးရှိပစ္စည်းတွေကို စက္ကန့်သုံးဆယ်အတွင်းမှာ ယူသွားခဲ့တာပါ။ ဒါကြောင့်လည်း အချိန်နည်းနည်းပေးပြီး မြိုးမြိုးမြက်မြက်ရတဲ့ Apple Store တွေက ပစ်မှတ်ဖြစ်နေတာပေါ့။
Burlingame ရဲတွေကတော့ အဲဒီနေ့မနက် ၁၁နာရီ ၂၅မိနစ်လောက်မှာ ရောက်လာခဲ့တယ်လို့ ပြောပါတယ်။
“ပြထားတဲ့ဖုန်းတွေအားလုံးကို ယူသွားပြီးတော့ ကွန်ပျူတာတွေလည်း မချန်ထားခဲ့ပါဘူး။ လုံခြုံရေးစည်းတွေကို ဖျက်ဆီးပြီးတော့ ပြေးသွားတာပါ။ ဒါတွေအားလုံးဖြစ်ပျက်ချိန်က စက္ကန့်သုံးဆယ်ပါပဲ။”Volvo S70 လို့ထင်ရတဲ့ကားဆီကို ပြေးခဲ့ကြတာပါ။ မျက်နှာတွေလည်းအုပ်ထားပါတယ်လို့ ရဲတပ်ဖွဲ့က ဖြေကြားခဲ့ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ စတိုးဆိုင်လေးခုလုံးကို ဒီလူတွေပဲ တိုက်ခိုက်တာဖြစ်မယ်လို့ ရဲတပ်ဖွဲ့တွေက ယုံကြည်နေကြပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က အဲဒီပစ္စည်းတွေက Apple Store WiFi network န့ မချိတ်ထားလို့ အသုံးပြုလို့မရပါဘူး။ ဒီတော့ သူခိုးတွေ သေပြီလေ။

Leave a Reply