အိန္ဒိယမှာ Redmi 6, Redmi 6A နဲ့ Redmi 6 Pro တို့ကို စက်တင်ဘာ လ၀က်လောက်မှာ ရောင်းချသွားမည်

0
859

Zawgyi version







Unicode version

Redmi 6, Redmi 6A နဲ့ Redmi 6 Pro တို့ကတော့ ဇွန်လမှာ တရားဝင် မိတ်ဆက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယကိုတော့ ခုမှ ရောက်ရှိမှာပဲ ဖြစ်ပါတယ်။
Vanilla version ဖြစ်တဲ့ Redmi 6 ကတော့ upgrade အနည်းငယ်မြှင့်ထားပြီး ပိုပြီး မြန်ဆန်တဲ့ chipset Helio P22 ကိုအသုံးပြုထားတာပဲ ဖြစ်ပါတယ်။ storage ပိုင်းကတော့ 3GB/32GB နဲ့ 3GB/64GB အသီးသီးရှိကြပြီး display ပိုင်းကတော့ 5.45-inch HD+ ကိုအသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူက ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာ ၂ လုံးတပ်ဆင်ပေးထားတာကတော့ နောက်ခံအဝါးတွေရိုက်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,000mAh ဖြစ်ပြီး MIUI 9.6 နဲ့ Android 8.1 Oreo မှာ run မှာပဲ ဖြစ်ပါတယ်။
Redmi 6 Pro ကတော့ 5.84-inch display နဲ့ 1080 x 2280 pixels resolution နဲ့လာတာဖြစ်ပါတယ်။ သူ့မှာ notch ပါဝင်ပြီး notch ကိုဖျောက်ချင်ရင်လဲ setting ထဲကိုသွားပြီး ဖျောက်ထားလို့ရပါတယ်။ နာမည်ကလဲ “Pro” ဖြစ်တဲ့အတွက်ကြောင့် chipset ကိုလဲ စွမ်းအားမြင့်တဲ့ Snapdragon 625 ကိုအသုံးပြုထားတာပဲ ဖြစ်ပါတယ်။
Storage ပိုင်းကတော့ 3GB/32GB နဲ့ 4GB/64GB ဆိုပြီး ၂ မျိုးလာမှာပဲ ဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ Redmi 6 အတိုင်းပဲ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000mAh ထိပါဝင်မှာ ဖြစ်ပါတယ်။ MIUI 9.6 နဲ့ Android 8.1 Oreo + မှာ run မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ Redmi 6A ကတော့ ဈေးသက်သာမှာပဲဖြစ်ပါတယ်။ သူ့ကိုတော့ Helio A22 chipset ကိုအသုံးပြုထားပြီး storage ကတော့ 2GB/16GB နဲ့ 2GB/32GB ဆိုပြီး ၂ မျိုးရှိပါတယ်။ မျက်နှာပြင်ကလဲ 5.45-inch display နဲ့ HD+ resolution ပဲဖြစ်ပါတယ်။ နောက်ကျောဘက်ကင်မရာကတော့ 13MP ဖြစ်ပြီးတော့ ရှေ့ selfie ကတော့ 5MP ပဲဖြစ်ပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး MIUI 9.6 နဲ့ Android 8.1 Oreo + မှာ run မှာပဲ ဖြစ်ပါတယ်။
Redmi 6A ကတော့ 16GB ကို $83 ဖြစ်ပြီး 32GB ကိုတော့ $97 နဲ့ ရောင်းချမှာပဲ ဖြစ်ပါတယ်။ Redmi 6 ကိုတော့ 32GB ကို $111 ဖြစ်ပြီး 64GB ကို $132 နဲ့ ရောင်းချမှာပဲ ဖြစ်ပါတယ်။ Redmi 6 Pro ကိုတော့ 3GB/32GB ကို $152 နဲ့ ရောင်းချမှာဖြစ်ပြီး 4GB/64GB ကို $181 နဲ့ ရောင်းချသွားမှာပဲဖြစ်ပါတယ်။

 

 

Leave a Reply