အများမျှော်လင့်နေတဲ့ ဆမ်ဆောင်းရဲ့ foldable smartphone ကို ဒီနှစ်မှာတွေ့မြင်ရနိုင်
0
804
Zawgyi Version
Unicode Version
Android နယ်ပယ်ကတော့ foldable smartphon နဲ့ ပတ်သြတ်ပီးတော့ လူပြောများနေကြပါတယ်။ ဘယ်သူကမှ ဆမ်ဆောင်းထက်တော့ မကျော်နိုင်ကြလောက်ဘူး။ ၂၀၁၄ ခုနှစ်တည်းက စိတ်ကူးရလာခဲ့တဲ့လုပ်ငန်းမလား။ ဒီနေ့ခေတ်အတွက် ကြံ့ခိုင်မှုတွေလိုအပ်နေသေးလို့ စိန်ခေါ်မှုတွေကို အန်တုနေရပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ မမြင်ရသေးတာပါ။ ဒါပေမယ့်လည်း ဒီနှစ်ထဲမှာ ထုတ်ပြလိမ့်မယ်လို့ ပြောထားပါတယ်။
DJ Koh ကတော့ CNBC သတင်းထောက် Arjun Kharpal ကို အခုလိုပြောလိုက်ပါတယ်။ ဖြန့်ချိရတော့မယ်အချိန်ပဲလို့ ပြောခဲ့ပါတယ်။ နိုဝင်ဘာမှာကျင်းပမယ့် Samsung Developer Conference မှာ တွေ့မြင်ရနိုင်ချေလည်း ရှိနေပါတယ်။ ဒါပေမယ့် ပေါက်ကြားနေတဲ့သတင်းတွေအရ နိုဝင်ဘာလမှာ ထုတ်ပြတာဖြစ်ဖြစ်၊ အကြောင်းအရာအနည်းငယ်လောက်သာပြောပြတာဖြစ်စြဖ် လုပ်ဆောင်လိုက်မယ်ဆိုရင်တော့ ခန့်မှန်းထားတဲ့အချိန်ပါပဲ။ မြင်ရနိုင်မယ့်အချိန်ကတော့ ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၁၉ အစောပိုင်း ဖြစ်လောက်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒဏ္ဍာရီဆန်နေတဲ့ ဆမ်ဆောင်းဖုန်းလေးကတော့ ဘယ်သူတွေအတွက်ဖြစ်နိုင်မလဲ။ လေ့လာချက်တွေအရ အဲဒီဖုန်းအတွက် ဈေးကွက်ရှိနေပါတယ်။ ဒါကြောင့်လည်း ဖန်တီးဖြစ်ခဲ့တာလို့ သူကပြောထားပါတယ်။ တက်ဘဘက်လိုမျိုးခံစားချက်ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့်လည်း တက်ဘလက်တစ်လုံးနဲ့ယှဉ်လို့ရမယ်ဆိုရင် လူတွေက ဘာကြောင့်ဝယ်သင့်လဲဆိုတာ မေးရတော့မှာပါ။ ဒီအတွက် ပြင်ဆင်ထားမှာပါ။
Samsung အတွက်ကတော့ အဖြေပေးဖို့ တွန့်ဆုတ်နေပါတယ်။ အဲဒီဖုန်းလေးမှာ မျက်နှာပြင် ၇လက်မ အသုံးပြုထားလောက်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။
ZTE ကလည်း မျက်နှာပြင်နှစ်ဖက်နဲ့ ထုတ်လုပ်ထားပါတယ်။ Lenovo ၊ Huawei တို့ကလည်း ကိုယ်ပိုင်ထုတ်ကုန်လေးအတွက် စိုင်းပြင်းနေပါတယ်။ Samsung ကရော၊ သူတို့တွေရော ဈေးကွက်ရှိလို့လုပ်နေတာပဲဖြစ်မှာပါ။
စိတ်ဝင်စားစရာတော့ကောင်းနေပါပြီ။
Leave a Reply