လာမယ့္ ရက္ပိုင္းမွာ ေၾကညာေတာ့မယ့္ iPhone သံုးလံုးရဲ႕ ေစ်းႏႈန္းမ်ား ထြက္ေပၚလာ

0
1872

စက္တင္ဘာလ ၁၂ ရက္ေန႔မွာ အိုင္ဖုန္း အသစ္မ်ားကို ေၾကညာေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ အမည္မ်ားကေတာ့ အခုထက္ထိ ကြဲျပားေနတုန္းပါပဲ။ အရင္က ၆.၅ လက္မ ေမာ္ဒယ္ကို iPhone Xs Plus လို႔ သိခဲ့ၾကပါတယ္။ အခုေတာ့ သူ႔ကို iPhone Xs Max အမည္နဲ႔ ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။

အိုင္ဖုန္း အသစ္သံုးလံုးရဲ႕ ေစ်းႏႈန္းမ်ားလည္း ထြက္ေပၚလာပါတယ္။ တန္ဖိုးအနည္းဆံုး ၆.၁ လက္မ LCD iPhone ဟာ ယခင္ႏွစ္ထုတ္ iPhone 8 ၊ iPhone Xs ဟာ iPhone 8 Plus ၊ iPhone Xs Max ဟာ iPhone X နဲ႔ ေစ်းႏႈန္းမ်ား တူညီေနပါတယ္။ အဲဒီအတြက္ ၆၉၉ ၊ ၇၉၉ နဲ႔ ၉၉၉ ေဒၚလာ အသီးသီး က်သင့္မွာ ျဖစ္ပါတယ္။

တန္ဖိုးႀကီး ေမာ္ဒယ္ႏွစ္ခုရဲ႕ ဓါတ္ပံုမ်ားလည္း ယခင္က ထြက္ေပၚခဲ့ပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ သူတို႔မွာ ထည့္သြင္းထားတဲ့ အစိတ္အပိုင္းမ်ားဟာ တူညီၾကပါတယ္။ အဲဒါေတြကေတာ့ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen မ်ား ျဖစ္ပါတယ္။ A12 Chipset , 4GB RAM , 64/256/512GB Storage မ်ား ထည့္သြင္းထားၾကမွာလည္း တူညီၾကပါတယ္။ iPhone X မွာ မရရွိခဲ့တဲ့ ေရႊေရာင္ကိုလည္း ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။

ေနာက္ေမာ္ဒယ္တစ္ခုက တန္ဖိုးနည္း ျဖစ္ၿပီး ၆.၁ လက္မ LCD Display ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အလူမီနီယမ္ ကိုယ္ထည္ ပါလာမွာပါ။ အေနာက္ကင္မရာ ၁ လံုး နဲ႔ 3GB RAM ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ သူတို႔ကို ေၾကညာေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။

unicode

လာမယ့် ရက်ပိုင်းမှာ ကြေညာတော့မယ့် iPhone သုံးလုံးရဲ့ ဈေးနှုန်းများ ထွက်ပေါ်လာ

စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိုင်ဖုန်း အသစ်များကို ကြေညာတော့မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အမည်များကတော့ အခုထက်ထိ ကွဲပြားနေတုန်းပါပဲ။ အရင်က ၆.၅ လက်မ မော်ဒယ်ကို iPhone Xs Plus လို့ သိခဲ့ကြပါတယ်။ အခုတော့ သူ့ကို iPhone Xs Max အမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

အိုင်ဖုန်း အသစ်သုံးလုံးရဲ့ ဈေးနှုန်းများလည်း ထွက်ပေါ်လာပါတယ်။ တန်ဖိုးအနည်းဆုံး ၆.၁ လက်မ LCD iPhone ဟာ ယခင်နှစ်ထုတ် iPhone 8 ၊ iPhone Xs ဟာ iPhone 8 Plus ၊ iPhone Xs Max ဟာ iPhone X နဲ့ ဈေးနှုန်းများ တူညီနေပါတယ်။ အဲဒီအတွက် ၆၉၉ ၊ ၇၉၉ နဲ့ ၉၉၉ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

တန်ဖိုးကြီး မော်ဒယ်နှစ်ခုရဲ့ ဓါတ်ပုံများလည်း ယခင်က ထွက်ပေါ်ခဲ့ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူတို့မှာ ထည့်သွင်းထားတဲ့ အစိတ်အပိုင်းများဟာ တူညီကြပါတယ်။ အဲဒါတွေကတော့ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen များ ဖြစ်ပါတယ်။ A12 Chipset , 4GB RAM , 64/256/512GB Storage များ ထည့်သွင်းထားကြမှာလည်း တူညီကြပါတယ်။ iPhone X မှာ မရရှိခဲ့တဲ့ ရွှေရောင်ကိုလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

နောက်မော်ဒယ်တစ်ခုက တန်ဖိုးနည်း ဖြစ်ပြီး ၆.၁ လက်မ LCD Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည် ပါလာမှာပါ။ အနောက်ကင်မရာ ၁ လုံး နဲ့ 3GB RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ သူတို့ကို ကြေညာတော့မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Leave a Reply