စီးပြားေရးသံုးနယ္ပယ္မွာ Android ကို လႊမ္းမိုးေနတဲ့ iPhone

0
1539

Zawgyi Version

Android versus iOS ဆိုတာကလည္း ဖန္ေတြအတြက္ တုိက္ပြဲတစ္ခုလို ျဖစ္ေနပါတယ္။ ဆယ္စုႏွစ္တစ္ခုၾကာေပမယ့္လည္း ရွိေနဆဲပါပဲ။ Apple ကေတာ့ တန္ဖိုးၾကီး flagship စမတ္ဖုန္းေတြကို ထုတ္ေနေပမယ့္လည္း Samsung ကေတာ့ ဆန္းသစ္မႈေတြျပဳလုပ္ျပီးေတာ့ တန္ဖိုးသင့္စမတ္ဖုန္းေစ်းကြက္ကို ကူးေျပာင္းခဲ့ပါတယ္။
ဒါေပမယ့္ အစီရင္ခံစာအသစ္အရ စီးပြားေရးလုပ္ငန္းေလာကမွာ အဲဒီတိိုက္ပြဲဆိုတာ မရွိပါဘူး။ Egnyte လို႕ေခၚတဲ့ data storage and file-sharing company ေလးတစ္ခုရဲ႕ ေလ့လာခ်က္အရ ေကာ္ပုိေရးရွင္းေလာကမွာ Apple က King ျဖစ္ေနတယ္လို႕ သိရပါတယ္။
Egnyte ဟာ မႏွစ္က 18 petabytes ပမာဏရွိတဲ့ ေဒတာေတြကို ေလ့လာၾကည့္လုိက္ေတာ့ iOS လား Android လား ဆိုတာ သိလာရပါတယ္။ ၇၉% ကေတာ့ iOS ၊ Android ဖုန္း၊ တက္ဘလက္ေတြကေတာ့ ၂၁% ျဖစ္ပါတယ္။ စိတ္မေကာငး္တာကေတာ့ အဲဒီလုပ္ငန္းရဲ႕ေဖာက္သည္ထဲမွာ Blackberry မသံုးၾကပါဘူးတဲ့။
စိတ္၀င္စားစရာပိုေကာင္းတာကေတာ့ လူၾကိဳက္မ်ားတဲ့အထဲမွာ ပစၥည္းအေဟာင္းေတြထိပ္ဆံုးေရာက္ေနျခင္းပါပဲ။ ထိပ္ဆံုးငါးခုကိုေျပာရမယ္ဆိုရင္
iPhone 7
iPhone 6s
iPad Air 2
iPhone 7 Plus
iPhone 6
ဒီေတာ့ ၂၀၁၇ ခုႏွစ္တည္းက စတင္ခဲ့တဲ့ အခ်က္အလက္စုေဆာင္းမႈအရ ေကာ္ပိုေရးရွင္းေတြဟာ တစ္ေယာက္ခ်င္းစီထက္ ကိုင္ေဆာင္မႈသက္တမ္းၾကာပါတယ္။ iPhone X ေတာင္ မထြက္ေသးတဲ့အခ်ိန္က အခ်က္အလက္ေတြလည္း ျဖစ္ႏုိင္ပါတယ္။
တကယ့္စိတ္၀င္စားဖို႕ေကာင္းတဲ့အခ်က္ကေတာ့ Apple ဟာ စီးပြားေရးေစ်းကြက္မွာ လႊမ္းမိုးေနသလား။ desktops ၊ laptops နဲ႕ ယွဥ္လုိက္မယ္ဆိုရင္ အဆင္ေျပမလား။ Corporate IT ေတြကေတာ့ Windows PCs ေတြကို ပိုၾကိဳက္ၾကပါတယ္။ network-level controls, customizability နဲ႕ availability ပိုင္းမွာ ပိုေကာင္းတယ္လို႕ ယူဆၾကပါတယ္။ မိုဘိုင္းလ္အတြက္ကေတာ့ ရွင္းပါတယ္။ Android ေတြက iPhone ထက္ ေစ်းသက္သာျပီးေတာ့ customizable ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မိုဘိုင္းလ္ကို စီးပြားေရးလုပ္ငန္းအတြက္သံုးမယ္ဆိုရင္ေတာ့ iPhone ေရြးခ်ယ္တာ မ်ားေနပါတယ္။

Unicode Version

Android versus iOS ဆိုတာကလည်း ဖန်တွေအတွက် တိုက်ပွဲတစ်ခုလို ဖြစ်နေပါတယ်။ ဆယ်စုနှစ်တစ်ခုကြာပေမယ့်လည်း ရှိနေဆဲပါပဲ။ Apple ကတော့ တန်ဖိုးကြီး flagship စမတ်ဖုန်းတွေကို ထုတ်နေပေမယ့်လည်း Samsung ကတော့ ဆန်းသစ်မှုတွေပြုလုပ်ပြီးတော့ တန်ဖိုးသင့်စမတ်ဖုန်းဈေးကွက်ကို ကူးပြောင်းခဲ့ပါတယ်။
ဒါပေမယ့် အစီရင်ခံစာအသစ်အရ စီးပွားရေးလုပ်ငန်းလောကမှာ အဲဒီတိုက်ပွဲဆိုတာ မရှိပါဘူး။ Egnyte လို့ခေါ်တဲ့ data storage and file-sharing company လေးတစ်ခုရဲ့ လေ့လာချက်အရ ကော်ပိုရေးရှင်းလောကမှာ Apple က King ဖြစ်နေတယ်လို့ သိရပါတယ်။
Egnyte ဟာ မနှစ်က 18 petabytes ပမာဏရှိတဲ့ ဒေတာတွေကို လေ့လာကြည့်လိုက်တော့ iOS လား Android လား ဆိုတာ သိလာရပါတယ်။ ၇၉% ကတော့ iOS ၊ Android ဖုန်း၊ တက်ဘလက်တွေကတော့ ၂၁% ဖြစ်ပါတယ်။ စိတ်မကောင်းတာကတော့ အဲဒီလုပ်ငန်းရဲ့ဖောက်သည်ထဲမှာ Blackberry မသုံးကြပါဘူးတဲ့။
စိတ်ဝင်စားစရာပိုကောင်းတာကတော့ လူကြိုက်များတဲ့အထဲမှာ ပစ္စည်းအဟောင်းတွေထိပ်ဆုံးရောက်နေခြင်းပါပဲ။ ထိပ်ဆုံးငါးခုကိုပြောရမယ်ဆိုရင်
iPhone 7
iPhone 6s
iPad Air 2
iPhone 7 Plus
iPhone 6
ဒီတော့ ၂၀၁၇ ခုနှစ်တည်းက စတင်ခဲ့တဲ့ အချက်အလက်စုဆောင်းမှုအရ ကော်ပိုရေးရှင်းတွေဟာ တစ်ယောက်ချင်းစီထက် ကိုင်ဆောင်မှုသက်တမ်းကြာပါတယ်။ iPhone X တောင် မထွက်သေးတဲ့အချိန်က အချက်အလက်တွေလည်း ဖြစ်နိုင်ပါတယ်။
တကယ့်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Apple ဟာ စီးပွားရေးဈေးကွက်မှာ လွှမ်းမိုးနေသလား။ desktops ၊ laptops နဲ့ ယှဉ်လိုက်မယ်ဆိုရင် အဆင်ပြေမလား။ Corporate IT တွေကတော့ Windows PCs တွေကို ပိုကြိုက်ကြပါတယ်။ network-level controls, customizability နဲ့ availability ပိုင်းမှာ ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ မိုဘိုင်းလ်အတွက်ကတော့ ရှင်းပါတယ်။ Android တွေက iPhone ထက် ဈေးသက်သာပြီးတော့ customizable ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဘိုင်းလ်ကို စီးပွားရေးလုပ်ငန်းအတွက်သုံးမယ်ဆိုရင်တော့ iPhone ရွေးချယ်တာ များနေပါတယ်။

Leave a Reply