Social Trending

ကားသူခိုးတွေရန်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းအချို့

Zawgyi version

သင့်ရဲ့ ကားမှာလုံခြုံရေးအတွက် GPS-trackers, steering lockers နဲ့ အခြား သူခိုးခြေရာခံစက်တွေကိုထည့်သွင်းထားသင့်ပါတယ်။ အဲ့လိုလုပ်ဖို့ကလဲ လိုအပ်သလိုသူခိုးတွေရန်ကနေကာကွယ်ဖို့ သူတို့အာရုံစိုက်မှုနည်းလာအောင်လဲ ပြုလုပ်ထားသင့်ပါတယ်။

သင့်ကားရဲ့ မှန်အနေအထားကိုမှတ်ထားပါ

သင်ကကားကိုရပ်ထားတဲ့အခါ ကားကိုအမှတ်အသားလုပ်ထားခဲ့ပါ။ သင့်ကားရဲ့ နောက်မှန်ကိုကိုယ့်အမှတ်အသားနဲ့ ကိုယ်မှတ်ထားပါ။ ဒီလိုလုပ်တာက ဘာမှလဲကုန်ကျစရိတ်မရှိပါဘူး။ သူခိုးတွေ ရန်ကလဲစောင့်ကြည့်လို့ရပါတယ်။

ကားထဲမှာ သေးငယ်တဲ့ စောင့်ကြည့်ကင်မရာလေးတပ်ဆင်ထားပါ

တစ်ချို့ သေးငယ်တဲ့ အရာသတ္ထုလေးတွေကိုလဲ သေးငယ်တယ်ဆိုပြီး အထင်မသေးပါနဲ့။ အသုံးဝင်တဲ့ နေရာတွေလဲ ရှိပါတယ်။ စောင့်ကြည့်ကင်မရာ အသေးစားလေးက သင့်ကားထဲမှာ ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။ သင့်ကားတစ်ခုခုဖြစ်ခဲ့ရင် အဲ့ဒီ စောင့်ကြည့်ကင်မရာထဲကနေ ပြန်ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ကားးပိုင်ရှင်ထံကို ချက်ချင်းသတိပေး အကြောင်းကြားမှာတော့ မဟုတ်ပေမယ့် သူခိုးကိုတော့ ကြောက်လန့်တကြား ဖြစ်စေမှာပါ။

ဖုန်းအဟောင်းတစ်လုံးကို သင့်ကားထဲမှာ ဖွက်ထားခဲ့ပါ

သင်က သင့်ကားကို မရင်းနှီးတဲ့ နေရာ အစိမ်းမှာ ရပ်ထားခဲ့တဲ့အချိန် စိတ်မချဖြစ်နိုင်ပါတယ်။ အဲ့ဒါဆို စိတ်အေးလက်အေးဖြစ်ဖို့အတွက် သင့်ရဲ့ ဖုန်းဒါမှမဟုတ် tablet တစ်လုံးကို ကားထဲမှာ ဖွင့်ထားပြီး မမြင်တဲ့ နေရာမှာ ဖွက်ထားခဲ့ပါ။

သင့်ရဲ့ဖုန်းထဲမှာ Google account လုပ်ထားပြီး email ထဲကို login ၀င်ထားပါ။ သင့်ကားရဲ့ location ကိုသိချင်တယ်ဆိုရင်တော့ အင်တာနက်နဲ့ ချိတ်ဆက်ပြီး “Find my phone” ဆိုတဲ့ function ကိုအသုံးပြုပြီး သင့်ကားကို ရှာဖွေနိုင်ပါတယ်။

 

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.