
0
1010




unicode

Xiaomi က Mi 8 Model အသစ် ၂ မျိုးကို ရောင်းမည်

ရှောင်မီက ကုမ္ပဏီ သက်တမ်း ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Mi 8 , Mi 8 SE , Mi 8 Explorer Edition များကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ Xiaomi Mi 8 Youth, Mi 8 Screen Fingerprint Edition များကို တရုတ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ သူတို့ဟာ Mi 8 ရဲ့ မော်ဒယ်အသစ် ၂ ခု ဖြစ်ပါတယ်။

Mi 8 Screen Fingerprint Edition မှာတော့ Mi 8 Explorer Edition မှာလို မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။ အခြား အဓိက Specs များကတော့ သူဟာ Mi 8 နဲ့ တူညီနိုင်ပါတယ်။ မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပြီး 6GB RAM + 128GB Storage နဲ့ 8GB RAM + 128GB Storage များ ဖြစ်ပါတယ်။

Mi 8 Youth ဟာ Mi 8 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။ သူ့မှာ Snapdragon 710 Chipset ထည့်သွင်းထားနိုင်ပါတယ်။ ကင်မရာများကတော့ Mi 8 နဲ့ တူညီနိုင်ပါတယ်။ Mi 8 Youth အတွက် မော်ဒယ်သုံးမျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 4GB RAM + 64GB Storage, 6GB RAM + 64GB Storage, 6GB RAM + 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ အရောင်များ အနေနဲ့ အညို၊ ရွှေနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။ သူတို့ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Leave a Reply