ႏို၀င္ဘာလမွာ Samsung ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို မိတ္ဆက္မွာ ေသခ်ာၿပီ

0
1000

Samsung က Foldable ဖုန္းကိုေတာ့ စီစဥ္ေနတာ ၂၀၁၆ ေလာက္မွာထဲက ျဖစ္ပါတယ္။၂၀၁၆ ေနာက္ပိုင္းမွာ ထြက္ရွိမယ္လို႔ထင္ရေပမယ့္ ထင္ထားတဲ့အတုိင္းျဖစ္မလာခဲ့ပါဘူး။ အခုေနာက္ပိုင္းမွာ ဆမ္ေဆာင္းဟာ အဲဒီ စမတ္ဖုန္းကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေၾကညာမယ္လို႔ သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ ႏုိ၀င္ဘာလမွာ ေၾကညာဖို႔ ေသခ်ာသြားပါၿပီ။

အင္တာဗ်ဴးတစ္ခုမွာ ဆမ္ေဆာင္း မိုဘိုင္း ဌာနမွ စီအီးအို ျဖစ္သူက ယခုႏွစ္ထဲမွာ တတ္ႏုိင္သမွ် ေစာၿပီး သူ႔ရဲ႕ ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာမယ္လို႔ ေျပာလိုက္ပါတယ္။ သူက ဆန္ဖရန္စစၥကိုမွာ ႏုိ၀င္ဘာလ ၇ နဲ႔ ၈ ရက္မ်ားမွာ ျပဳုလုပ္မယ့္ Samsung Developer Conference 2018 မွာ သူ႔ကို ေၾကညာမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ သူက ဖုန္းကို ျဖန္႔လိုက္ရင္ သံုးႏုိင္မယ့္ အထူး လုပ္ေဆာင္ခ်က္မ်ား ပါမယ္လို႔လည္း ေျပာပါတယ္။ အဲဒီ အခ်က္က စားသံုးသူမ်ားအတြက္ သူ႔ကို ၀ယ္ယူခ်င္စရာ ျဖစ္လာႏုိင္ပါတယ္။ စီအီးအိုကဖုန္းရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္မ်ားကိုေတာ့ ေျပာၾကားျခင္း မရွိပါဘူး။

ဆမ္ေဆာင္းက စားသံုးသူမ်ားအား ေခါက္ခ်ိဳး စမတ္ဖုန္းကို အလိုရွိလားဆိုတဲ့ စစ္တမ္းတစ္ခုကိုလည္း ေကာက္ယူခဲ့တယ္လို႔ သတင္းထြက္လာၿပီး စားသံုးသူမ်ားရဲ႕ တုန္႔ျပန္မႈက ေကာင္းမြန္ခဲ့တယ္လို႔ သိရပါတယ္။

Foldable Smartphone ကေတာ့ ကုမၸဏီအတြက္ ပထမဦးဆံုး စီးရီးအသစ္ပဲ ျဖစ္ပါတယ္။ ျပီးေတာ့ သူက ပထမဦးဆံုး 5G ဖုန္းလဲျဖစ္လာနုိင္ပါတယ္။ အျပိဳင္အဆိုင္ေတြက မ်ားတဲ့အတြက္ေၾကာင့္ Samsung ကေတာ့ ပထမဦးဆံုး Foldable Phone ကိုထြက္ရွိဖို႔ဆုိရင္ေတာ့ အခ်ိန္ကို ျမန္ျမန္ ဆန္ဆန္နဲ႔ ပိုျပီးၾကိဳးစားရမယ့္အခ်ိန္ပဲျဖစ္ပါတယ္။

unicode

နိုဝင်ဘာလမှာ Samsung ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို မိတ်ဆက်မှာ သေချာပြီ

Samsung က Foldable ဖုန်းကိုတော့ စီစဉ်နေတာ ၂၀၁၆ လောက်မှာထဲက ဖြစ်ပါတယ်။၂၀၁၆ နောက်ပိုင်းမှာ ထွက်ရှိမယ်လို့ထင်ရပေမယ့် ထင်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ အခုနောက်ပိုင်းမှာ ဆမ်ဆောင်းဟာ အဲဒီ စမတ်ဖုန်းကို လာမယ့်နှစ် အစောပိုင်းမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နိုဝင်ဘာလမှာ ကြေညာဖို့ သေချာသွားပါပြီ။

အင်တာဗျူးတစ်ခုမှာ ဆမ်ဆောင်း မိုဘိုင်း ဌာနမှ စီအီးအို ဖြစ်သူက ယခုနှစ်ထဲမှာ တတ်နိုင်သမျှ စောပြီး သူ့ရဲ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းကို ကြေညာမယ်လို့ ပြောလိုက်ပါတယ်။ သူက ဆန်ဖရန်စစ္စကိုမှာ နိုဝင်ဘာလ ၇ နဲ့ ၈ ရက်များမှာ ပြုုလုပ်မယ့် Samsung Developer Conference 2018 မှာ သူ့ကို ကြေညာမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက ဖုန်းကို ဖြန့်လိုက်ရင် သုံးနိုင်မယ့် အထူး လုပ်ဆောင်ချက်များ ပါမယ်လို့လည်း ပြောပါတယ်။ အဲဒီ အချက်က စားသုံးသူများအတွက် သူ့ကို ဝယ်ယူချင်စရာ ဖြစ်လာနိုင်ပါတယ်။ စီအီးအိုကဖုန်းရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုတော့ ပြောကြားခြင်း မရှိပါဘူး။

ဆမ်ဆောင်းက စားသုံးသူများအား ခေါက်ချိုး စမတ်ဖုန်းကို အလိုရှိလားဆိုတဲ့ စစ်တမ်းတစ်ခုကိုလည်း ကောက်ယူခဲ့တယ်လို့ သတင်းထွက်လာပြီး စားသုံးသူများရဲ့ တုန့်ပြန်မှုက ကောင်းမွန်ခဲ့တယ်လို့ သိရပါတယ်။

Foldable Smartphone ကတော့ ကုမ္ပဏီအတွက် ပထမဦးဆုံး စီးရီးအသစ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သူက ပထမဦးဆုံး 5G ဖုန်းလဲဖြစ်လာနိုင်ပါတယ်။ အပြိုင်အဆိုင်တွေက များတဲ့အတွက်ကြောင့် Samsung ကတော့ ပထမဦးဆုံး Foldable Phone ကိုထွက်ရှိဖို့ဆိုရင်တော့ အချိန်ကို မြန်မြန် ဆန်ဆန်နဲ့ ပိုပြီးကြိုးစားရမယ့်အချိန်ပဲဖြစ်ပါတယ်။

Leave a Reply