ႀတိဂံပံု Notch ပါလာမယ့္ OnePlus 6T

0
427

OnePlus 6T ရဲ႕ ဘူးခြံ ဓါတ္ပံုမ်ား တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ထြက္ေပၚလာပါတယ္။ သူ႔မွာ ႀတိဂံပံု Notch ပါလာမွာျဖစ္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ OnePlus Phone မ်ားဟာ Oppo R Series မ်ားနဲ႔ တူညီၾကပါတယ္။ T Model မ်ားဟာ မ်ားေသာအားျဖင့္ သာမာန္ ေမာ္ဒယ္မ်ားထက္ အဆင့္ျမွင့္ထားမႈ အနည္းငယ္သာ ရွိတတ္ပါတယ္။

OnePlus က T Series မ်ားကို ႏုိ၀င္ဘာလမွာ ေၾကညာေလ့ရွိပါတယ္။ အဲဒီအတြက္ OnePlus 6 ရဲ႕ မ်ိဳးဆက္ကို ျမင္ရဖို႔ သိပ္မလိုေတာ့ပါဘူး။ မၾကာခင္ကလည္း OnePlus 6T ကို EEC (Eurasian Economic Commission) မွာ မွတ္ပံုတင္လိုက္ပါတယ္။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္မ်ား အရ သူ႔ရဲ႕ ေမာ္ဒယ္အမည္မွာ S6013 ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ Specs နဲ႔ Features မ်ားကိုေတာ့ မသိရေသးပါဘူး။

OnePlus Phone မ်ားဟာ Oppo R Series မ်ားကို အေျချပဳ ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲဒီအတြက္ OnePlus 6T မွာ မၾကာခင္က ေၾကညာထားတဲ့ Oppo R17 Pro မွ အစိတ္အပိုင္းမ်ား၊ လုပ္ေဆာင္ခ်က္မ်ားနဲ႔ ဒီဇိုင္းကို သံုးထားႏုိင္ပါတယ္။

OnePlus 6T မွာ ကင္မရာ ၃ လံုး ပါလာႏုိင္ပါတယ္။ အေနာက္ဘက္မွာ ၂ လံုးနဲ႔ အေရွ႕ဘက္မွာ ၁ လံုး ျဖစ္မွာပါ။ Dash Charge က ပိုမို စြမ္းရည္ျမင့္မားလာမွာပါ။ Dash Charge ဟာ Oppo SuperVOOC နည္းပညာနဲ႔ ဆင္တူပါတယ္။ ေသးငယ္တဲ့ Notch ပါလာႏုိင္ပါတယ္။ ေစ်းႏႈန္း သက္သာေစဖို႔အတြက္ သူ႔မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ မပါလာႏိုင္ဘူးလို႔ေတာ့ ယခင္က သတင္းထြက္ထားပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ဒီေလာက္သာ သိရပါေသးတယ္။ လာမယ့္လမ်ားမွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ပိုမို သိလာရမွာပါ။

unicode

တြိဂံပုံ Notch ပါလာမယ့် OnePlus 6T

OnePlus 6T ရဲ့ ဘူးခွံ ဓါတ်ပုံများ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ထွက်ပေါ်လာပါတယ်။ သူ့မှာ တြိဂံပုံ Notch ပါလာမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus Phone များဟာ Oppo R Series များနဲ့ တူညီကြပါတယ်။ T Model များဟာ များသောအားဖြင့် သာမာန် မော်ဒယ်များထက် အဆင့်မြှင့်ထားမှု အနည်းငယ်သာ ရှိတတ်ပါတယ်။

OnePlus က T Series များကို နိုဝင်ဘာလမှာ ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် OnePlus 6 ရဲ့ မျိုးဆက်ကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ မကြာခင်ကလည်း OnePlus 6T ကို EEC (Eurasian Economic Commission) မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များ အရ သူ့ရဲ့ မော်ဒယ်အမည်မှာ S6013 ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Specs နဲ့ Features များကိုတော့ မသိရသေးပါဘူး။

OnePlus Phone များဟာ Oppo R Series များကို အခြေပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် OnePlus 6T မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ အစိတ်အပိုင်းများ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။

OnePlus 6T မှာ ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ ၂ လုံးနဲ့ အရှေ့ဘက်မှာ ၁ လုံး ဖြစ်မှာပါ။ Dash Charge က ပိုမို စွမ်းရည်မြင့်မားလာမှာပါ။ Dash Charge ဟာ Oppo SuperVOOC နည်းပညာနဲ့ ဆင်တူပါတယ်။ သေးငယ်တဲ့ Notch ပါလာနိုင်ပါတယ်။ ဈေးနှုန်း သက်သာစေဖို့အတွက် သူ့မှာ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါလာနိုင်ဘူးလို့တော့ ယခင်က သတင်းထွက်ထားပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။ လာမယ့်လများမှာ သူ့ရဲ့ သတင်းအချက်အလက်များကို ပိုမို သိလာရမှာပါ။

Leave a Reply