Surface Plus ငှားတဲ့ပရိုဂရမ်ကို ရပ်ဆိုင်းလိုက်တဲ့ Microsoft

0
738

Zawgyi Version


Unicode Version

Microsoft’s Surface Plus program ကို စိတ်ဝင်စားမယ်ဆိုရင်တော့ enroll လုပ်ပြီးလောက်ပြီလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်လောက်ရှိနေပြီမလား။ အခုဆိုရင်တော့ ရပ်လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်တော်တို့ကို အဖြေမပေးထားပါဘူး။ ဒါပေမယ့်လည်း ဒီဆုံးဖြတ်ချက်ကို အတော်လေးစဉ်းစားပြီးမှ ချခဲ့တာလို့ ပြောထားပါတယ်။
မနှစ်က launch လုပ်ခဲ့တဲ့ ဝန်ဆောင်မှုတော့ ၂၄လကြာအောင် Surface လေးတွေကို ငှားရမ်းပေးခဲ့ပါတယ်။ ၂၄လပြီးသွားရင်တော့ သူတို့ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပါပြီ။ ဒါ့အပြင် သုံးစွဲသူတွေဟာ ၁၈လကြာပြီးနောက်မှာ နောက်ထပ်ပစ္စည်းအသစ်နဲ့ အလဲအထပ်လုပ်ပိုင်ခွင့် ရှိပါသေးတယ်။
ဒါပေမယ့်လည်း အဲဒီ program လေးကို ဝင်ထားတဲ့သူတွေအနေနဲ့ membership ခံစားခွင့်တွေ ရဦးမှာပါ။ လစဉ်ကြေးကို ၁၈လအထိ ဒါမှမဟုတ် ၂၄လအထိ ပေးလို့ရပါတယ်။ ဒါပေမယ့် အောက်တိုဘာလမှာစတင်ပြီးတော့ Microsoft support နဲ့ တိုက်ရိုက်ချိတ်ဆက်ရမှာပါ။ Surface Plus site ကို ပိတ်သိမ်းတော့မှာမို့ပါ။
အရင်ကပြောခဲ့သလိုပဲ ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ အများကြီးပြောထားတာ မရှိပါဘူး။ ဒါပေမယ့်လည်း သုံးစွဲသူတွေထံကနေ ကောင်းမွန်တဲ့သုံးသပ်ချက်မရခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက် အမြတ်အစွန်းလည်း မရခဲ့ဘူးလို့ ပြောထားပါတယ်။
သူတို့တွက်ထားတာကတော့ ၁၈လအကြာမှာ သုံးစွဲသူတွေက အသစ်လဲချင်ရင်လည်း အမြတ်အစွန်းရမှာပါ။ ဒါမှမဟုတ် ၂၄လကုန်သွားချိန်မှာလည်း အသစ်လိုချင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
credit score ကောင်းပေမယ့်လည်း ငြင်းပယ်ခံလိုက်ရတဲ့ သုံးစွဲသူအတော်များများ ရှိနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ နောက်ပြီး အကြွေးမရှိဘဲနဲ့လည်း ရှိတယ်လို့လိမ်လည်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် Surface Plus ပျောက်ဆုံးမှုတွေလည်း ရှိနေတဲ့အတွက်ကြောင့် ဒီပရိုဂရမ်ကို ဆက်လက်မလုပ်ဆောင်တော့တာ ဖြစ်နိုင်ပါတယ်။

Leave a Reply