ဒုတိယေျမာက္ဖုန္းကို ထုတ္လုပ္ဖုိ႔ျပင္ဆင္ေနတဲ့ Razer

0
643

Razer ကုမၸဏီရဲ႕ ၂၀၁၈ခုႏွစ္ ပထမႏွစ္ဝက္ဘ႑ာေရး အစီရင္ခံစာအရ စမတ္ဖုန္းေရာင္းခ်ျခင္းကေန $16.5 မီလီယမ္နီးပါး ဝင္ေငြရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါဟာ ေနာက္ထပ္စမတ္္ဖုန္း တစ္လုံးထပ္မံထုတ္လုပ္ဖို႔အတြက္လုံေလာက္တဲ့ ပမာဏလို႔ ဆုိႏုိင္ပါတယ္။  Razer ကထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာအရ ဆိုရင္ ကုမၸဏီဟာ အသစ္ထုတ္ေပးလုိက္တဲ့ စမတ္ဖုန္းကို အလုံးေရ  23,000 နီးပါးေရာင္းခ်ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ စမတ္ဖုန္းရဲ႕ ေစ်းႏႈန္းဟာေဒၚလာ700 ျဖစ္လို႔ပါ။ ဒီပမာဏမွာ ေလ်ာ့ေစ်းနဲ႔ ေရာင္းခ်ထားတာေတြကို ထည့္သြင္းတြက္ခ်က္ထားျခင္း မရွိပဲ အျမင့္ဆုံးေစ်းႏႈန္းေပၚ မူတည္တြက္ခ်က္ထားတာ ျဖစ္ပါတယ္။

တရုတ္နဲ႔ ဖိလစ္ပိုင္ မီဒီယာေတြမွာ ေဖာ္ျပခ်က္အရ Razer Phone 2 မွာ Qualcomm ရဲ႕ Snapdragon 855 ကိုပထမဆုံး သုံးလာႏုိင္ၿပီး ဒီဇင္ဘာလေလာက္မွာ မိတ္ဆက္လာႏုိင္တယ္လို႔သိရပါတယ္။ ပထမမ်ိဳးဆက္ Razer Phone မွာေတာ့ ၅.၇ လက္မ QHD IGZO LCD တပ္ဆင္ထားၿပီး 120Hz Refresh Rate ေထာက္ပံ့ပါတယ္။ GPU နဲ႔ Display ကို Sync လုပ္ေပးတဲ့ Adaptive Refresh နည္းပညာပါပါတယ္။ သူ႔ကို UltraMotion လို႔ အမည္ေပးထားၿပီး Qualcomm နဲ႔ ပူးေပါင္း ဖန္တီးထား ပါတယ္။

လက္ေဗြရာ အာရံုခံ ကိရိယာကို ေဘးဘက္မွ ပါ၀ါခလုတ္ေအာက္မွာ ျမွပ္ႏွံထားပါတယ္။ Android 7.1.1 Nougat ထည့္သြင္းထားၿပီး အခုေတာ့  Oreo ကို ရသြားပါၿပီ။ Qualcomm QuickCharge 4.0+ ေၾကာင့္ ဘက္ထရီကို တစ္နာရီအတြင္း ၀ ကေန ၈၅ ရာခိုင္ႏႈန္းအထိ အားသြင္းေပးႏိုင္ပါတယ္။  ဖုန္းရဲ႕ setting ထဲမွာ Game Booster feature လည္းထည့္သြင္းေပးထားၿပီး ဂိမ္းကစားေနစဥ္မွာ ဖုန္းဝင္မလာေအာင္တားဆီးေပးတာ ၊ ပါဝါသုံးစြဲမႈပိုင္းဆိုင္ရာနဲ႔ Performance ပိုင္းဆိုင္ရာ ေတြကို ခ်ိန္ညွိႏိုင္ပါတယ္။ ဒါေၾကာင့္ ယခုႏွစ္ကုန္မွာ ထြက္လာမယ့္ Razer Phone 2 ဖုန္းမွာေတာ့ ပထမမ်ိဳးဆက္ထက္ ပိုမိုအဆင့္ျမင့္တဲ့ နည္းပညာေတြ ထည့္သြင္းလာမယ္လို႔ ခန္႔မွန္းရပါတယ္။

unicode

Razer ကုမ္ပဏီရဲ့ ၂၀၁၈ခုနှစ် ပထမနှစ်ဝက်ဘဏ္ဍာရေး အစီရင်ခံစာအရ စမတ်ဖုန်းရောင်းချခြင်းကနေ $16.5 မီလီယမ်နီးပါး ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ နောက်ထပ်စမတ်ဖုန်း တစ်လုံးထပ်မံထုတ်လုပ်ဖို့အတွက်လုံလောက်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။  Razer ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ဆိုရင် ကုမ္ပဏီဟာ အသစ်ထုတ်ပေးလိုက်တဲ့ စမတ်ဖုန်းကို အလုံးရေ  23,000 နီးပါးရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းရဲ့ ဈေးနှုန်းဟာဒေါ်လာ700 ဖြစ်လို့ပါ။ ဒီပမာဏမှာ လျော့ဈေးနဲ့ ရောင်းချထားတာတွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပဲ အမြင့်ဆုံးဈေးနှုန်းပေါ် မူတည်တွက်ချက်ထားတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင် မီဒီယာတွေမှာ ဖော်ပြချက်အရ Razer Phone 2 မှာ Qualcomm ရဲ့ Snapdragon 855 ကိုပထမဆုံး သုံးလာနိုင်ပြီး ဒီဇင်ဘာလလောက်မှာ မိတ်ဆက်လာနိုင်တယ်လို့သိရပါတယ်။ ပထမမျိုးဆက် Razer Phone မှာတော့ ၅.၇ လက်မ QHD IGZO LCD တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ပါတယ်။ GPU နဲ့ Display ကို Sync လုပ်ပေးတဲ့ Adaptive Refresh နည်းပညာပါပါတယ်။ သူ့ကို UltraMotion လို့ အမည်ပေးထားပြီး Qualcomm နဲ့ ပူးပေါင်း ဖန်တီးထား ပါတယ်။

လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှ ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ Android 7.1.1 Nougat ထည့်သွင်းထားပြီး အခုတော့  Oreo ကို ရသွားပါပြီ။ Qualcomm QuickCharge 4.0+ ကြောင့် ဘက်ထရီကို တစ်နာရီအတွင်း ၀ ကနေ ၈၅ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။  ဖုန်းရဲ့ setting ထဲမှာ Game Booster feature လည်းထည့်သွင်းပေးထားပြီး ဂိမ်းကစားနေစဉ်မှာ ဖုန်းဝင်မလာအောင်တားဆီးပေးတာ ၊ ပါဝါသုံးစွဲမှုပိုင်းဆိုင်ရာနဲ့ Performance ပိုင်းဆိုင်ရာ တွေကို ချိန်ညှိနိုင်ပါတယ်။ ဒါကြောင့် ယခုနှစ်ကုန်မှာ ထွက်လာမယ့် Razer Phone 2 ဖုန်းမှာတော့ ပထမမျိုးဆက်ထက် ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေ ထည့်သွင်းလာမယ်လို့ ခန့်မှန်းရပါတယ်။

Leave a Reply