IFA 2018 မှာ Huawei ကြေညာခဲ့သမျှ
0
1362
HiSilicon Kirin 980
Image result for Huawei IFA 2018
Image result for Huawei IFA 2018
P20 Pro new colors
Image result for Huawei IFA 2018
unicode
တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei ဟာ flagship စမတ်ဖုန်းတွေအတွက် စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာလို့သတ်မှတ်နိုင်တဲ့ chipset ကိုဘာလင်မှာ မိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် ဒီပွဲကြီးမှာ Huawei အနေနဲ့ P20 Pro အရောင်သစ် ၄မျိုးနဲ့အတူ Huawei Mate 20 စီးရီးတွေ မိတ်ဆက်မယ့်ရက်ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
HiSilicon Kirin 980
စွမ်းဆောင်ရည်မြင့် flagship SoC အသစ်ဖြစ်တဲ့ Kirin 980 ကိုမိတ်ဆက်လိုက်ပြီး Mate 20-series ဖုန်းတွေမှာ ပထမဆုံးထည့်သွင်း တပ်ဆင်လာမှာ ဖြစ်ပါတယ်။ Kirin 980 ရဲ့အဓိကအချက်ကတော့ ကမ္ဘာ့ပထမဆုံး7nm-based chip ဖြစ်တာပါ။ Kirin 980 မှာ 8-core CPU ဒီဇိုင်းကို အသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်းမှာ ၂ဆပိုမိုမြန်ဆန်လာတဲ့ Cortex-A76 cores နဲ့ စွမ်းအင်စားသုံးမှုပိုင်းကို ၂ဆပိုမိုထိန်းသိမ်းနိုင်မယ့် Cortex-A76 cores တို့တွဲဖက်ထားတာပါ။
သူရဲ့အမြန်နှုန်းကိုတော့ ထုတ်ပြန်သွားခြင်းမရှိပါဘူး။ ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G76 GPU ကိုသုံးထားပါတယ်။ Kirin 970 တုန်းကတော့  Mali-G72 ကိုသာသုံးခဲ့တာပါ။ စွမ်းဆောင်ရည်ပိုင်းမှာတော့ သူ့ရှေ့ကထွက်ခဲ့တဲ့ Kirin 970 ထက် ၃၇ရာခိုင်နှုန်း နီးပါးပိုကောင်းလာမှာ ဖြစ်ပါတယ်။
official  Huawei Mate 20
IFA ပွဲမှာ Huawei ဟာ Mate 20 စီးရီးဖုန်းတွေ မိတ်ဆက်မယ့်ရက်ကို တရားဝင်အသိပေးကြေညာခဲ့ပါတယ်။ Mate 20 series ဖုန်းသစ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ရက်နေ့၊ လန်ဒန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Mate 20 စီးရီးဖုန်းတွေဟာ လက်ရှိမိတ်ဆက်ထားတဲ့ Kirin 980 ကို ပထမဆုံးသုံးတဲ့ စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။ Mate 20 series ဖုန်းတွေထဲမှာ Mate 20, Mate 20 Pro နဲ့ Mate 20 Lite တု့ိ့ပါဝင်မှာ ဖြစ်ပါတယ်။ Mate 20 ရဲ့ feature ပိုင်းတွေအနေနဲ့ 6.3-inch AMOLED screen နဲ့အတူ water drop notch ဒီဇိုင်းနဲ့ ဖြစ်မှာပါ။
triple ကင်မရာ၊ 4,200mAh ဘက်ထရီစွမ်းအား၊ Wireless Charging, stereo speaker ပါဝင်ပြီး ဖုန်းရဲ့၂ဖက်လုံးကို ဖန်သားနဲ့ သုံးထားမှာ ဖြစ်ပါတယ်။ 7nm ထုတ်လုပ်မှု လုပ်ငန်းစဉ်နဲ့ဖြစ်တာကြောင့် ပထမဆုံးအနေနဲ့ 2133MHz LPDDR4X မှတ်ဉာဏ်သိုမှီးမှုနဲ့ dual NPU chip ပေါင်းစပ်ပေးမှာပါ။ “Dual-Brain Power” လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းလာပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Kirin 970 SoC မှာပါဝင်တဲ့ single NPU chip ထက်  120% ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။
P20 Pro new colors
လွန်ခဲ့တဲ့ မတ်လက ပြင်သစ်မှာမိတ်ဆက်ခဲ့တဲ့ Huawei P20 Pro ဖုန်းရဲ့ အရောင်သစ် ၄ မျိုးကို ထပ်မံမိတ်ဆက်ပေးခဲ့ပြီး ဈေးနှုန်းတွေဟာ အရောင်ပေါင်းစပ်မှု ပေါ်မူတည်ပြီး ကွာခြားမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေမှာ အရောင်သစ်နဲ့အတူ တပ်ဆင်မှု ဒီဇိုင်းပိုင်းပါအဆင့်မြင့် ပြောင်းလဲလာပါတယ်။ အရောင်လေးမျိုး မိတ်ဆက်ခဲ့ပြီး ၂မျိုးရဲ့နောက်ကျောဘက်မှာ  leather texture လေးတွေသုံးလာပါတယ်။ ဒါဟာ Samsung ရဲ့ nOte ဖုန်းတွေဖြစ်တဲ့  Galaxy Note 3 နဲ့ Galaxy Note 4 တို့မှာသုံးခဲ့တဲ့ နောက်ကျောဘက် လယ်သာဒီဇိုင်းနဲ့ ဆင်တူပါတယ်။
Golden Brown နဲ့ Elegant Black အရောင်တွေမှာလည်း ကွဲပြားချက်တွေ ရှိနေပြီး plastic/polycarbonate panel  နဲ့အတူ အီတလီနွားသားရေအစစ်နဲ့ ပြုလုပ်ပေးထားပါတယ်။ ဈေးနှုန်းပိုင်းမှာတော့  P20 Pro ရဲ့Pearl White နဲ့ Morpho Aurora အရောင်ကို ယူရို ၈၉၉ သတ်မှတ်ထားပြီး၊လယ်သာနောက်ကျောနဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ ယူရို ၉၉၉ သတ်မှတ်ထားပြီး RAM ၊ storage ပိုင်းမှာ ပိုများ လာမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၅ရက်နေ့မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။
Leave a Reply