IFA 2018 မွာ Honor ဘာေတြမိတ္ဆက္ခဲ့သလဲ

0
1729

Honor အေနနဲ႔ IFA ပြဲႀကီးမွာ ကမၻာ႔ေစ်းကြက္အတြက္ Honor Play ကိုမိတ္ဆက္ေပးလုိက္ပါတယ္။ ဒီပြဲမွာ Honor အေနနဲ႔ သူတုိ႕ရဲ႕ ဂိမ္းအတြက္ ရည္ရြယ္ထားတဲ့ Play ဖုန္းအျပင္ GPU Turbo နည္းပညာနဲ႔ အနာဂတ္ဖုန္းသစ္ျဖစ္တဲ့ Honor Magic 2 ရဲ႕ေရွ႕ေျပးပုံစံ ကိုပါျပသခဲ့ပါတယ္။

Honor Play

Play စမတ္ဖုန္းမွာေတာ့ မ်က္ႏွာျပင္ 6.3” လက္မရွိၿပီး 19:9 aspect ratio ျဖစ္တာေၾကာင့္ ခပ္ရွည္ရွည္ပုံစံကို ျမင္ေတြ႕ရမွာပါ။ မ်က္ႏွာျပင္ေဖာ္ျပႏိုင္မႈကေတာ့ 1,080 x 2,280 px နဲ႔ျဖစ္ပါတယ္။ 3D game အသံထြက္နဲ႔ 7.1 channel အသံပတ္လည္ေျပးစနစ္အတြက္ Histen audio tech ကိုေထာက္ပံ့ေပးထားပါတယ္။ 4 GB of RAM နဲ႔ 64 GB storage နဲ႔ဖုန္းဟာ အေျခခံေစ်းႏႈန္းနဲ႔ ရရွိလာမွာျဖစ္ၿပီး 6GB RAM နဲ႔အျမင့္စားေမာ္ဒယ္ဆိုရင္ေတာ့ ေဒၚလာ ၃၇၅ က်သင့္မွာျဖစ္ပါတယ္။ 3,750 mAh ဘက္ထရီကိုသုံးထားၿပီး nubia Red Magic ဖုန္းနဲ႔ဘက္ထရီနဲ႔ အရြယ္အစားတူညီပါတယ္။

Image result for honor IFA 2018

Android 8.1 Oreo နဲ႔အတူ EMUI 8.2 ကိုတစ္ပါတည္း သုံးႏုိင္မွာျဖစ္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ 16 MP + 2 MP dual camera ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး 16 MP selfie camera ဟာ iPhone မွာလိုမ်ိဳး 3D portrait lighting စနစ္ထည့္သြင္းေပးထားပါတယ္။ Black နဲ႔ Violet, plus Black နဲဲ႔ Player Edition အနက္နဲ႔ အနီေရာင္အထူးထုတ္ကိုလည္း ရရွိမွာျဖစ္ပါတယ္။

GPU Turbo

အဲ့ဒီေနာက္မွာေတာ့ ဖုန္းေတြရဲ႕စြမ္းေဆာင္ရည္ပိုင္းကို ပိုမိုတိုးတက္ေကာင္းမြန္ေစမယ့္ GPU Turbo နည္းပညာ အေၾကာင္း ကို ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ဒီနည္းပညာဟာဖုန္းနဲ႔ ဂိမ္းကစားသူေတြကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ ေဆာဖ္ဝဲပိုင္းကို ပုံမွန္ထက္ ေျပာင္းလဲတိုးျမင့္လိုက္မွာ ျဖစ္ၿပီးထိေရာက္မႈအပိုင္းကို ၆၀ရာခိုင္ႏႈန္းတိုးျမင့္ေပးမွာျဖစ္ကာ၊ စြမ္းအားပိုင္းကို ၃၀ရာခိုင္ႏႈန္း ပိုမိုထိန္းသိမ္းလာႏိုင္မွာ ျဖစ္ပါတယ္။

Image result for honor IFA 2018

GPU Turbo ဟာ Huawei နဲ႔ Honor ဖုန္းေတြအတြက္ အေကာင္းဆုံးနည္းပညာ ေထာက္ပံ့မႈတစ္ခု ျဖစ္ၿပီး အခုဆိုရင္ထိပ္တန္း device ေတြမွာသံုးစြဲႏိုင္ေနၾကပါၿပီ။

Honor Magic 2

Image result for honor IFA 2018

ေနာက္ထပ္ျပသလိုက္တာကေတာ့ ဘယ္လိုမွထင္မွတ္မထားတဲ့ Honor Magic 2 ရဲ႕ေရွ႕ေျပးပုံစံပဲ ျဖစ္ပါတယ္။ Honor Magic 2 မွာ FullView display ပါဝင္လာမွာ ျဖစ္ၿပီး display မွာ notch မပါဝင္သလို bezel ေတြကိုလည္း ေလွ်ာ့ခ်ထားပါတယ္။ ဒါ့အျပင္သူ႕မွာကင္မရာပိုင္းအတြက္ slide-out ကင္မရာေတြ ပါဝင္လာမွာ ျဖစ္ပါတယ္။ ပြဲအတြင္းမွာ Honor အမႈေဆာင္အရာရိွခ်ဳပ္က ေရွ႕ေျပးပံုစံက slider ကို manual အေနနဲ႔ အသံုးျပဳျပသသြားခဲ့ပါတယ္။

Image result for honor IFA 2018

Magic 2 မွာ အသစ္မိတ္ဆက္မယ့္ Kirin 980 chipset ပါဝင္လာမယ္လို႔ Honor က အတည္ျပဳခဲ့ပါတယ္။ အျပင္ Magic 2 မွာဘက္ထရီအားသြင္းႏိုင္ဖို႔အတြက္ 40W fast charge အေထာက္အပံ့ ပါဝင္လာမွာျဖစ္ပါတယ္။ ဒါကို Honor က Magic Charge လို႔ အမည္ေပးထားပါတယ္။ Magic Charge ဟာ လံုၿခံဳစိတ္ခ်ရၿပီး ကာကြယ္မႈအလႊာ ၁၅ ခု ပါဝင္တယ္လို႔ သိရပါတယ္။

unicode

Honor အနေနဲ့ IFA ပွဲကြီးမှာ ကမ္ဘာ့ဈေးကွက်အတွက် Honor Play ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီပွဲမှာ Honor အနေနဲ့ သူတို့ရဲ့ ဂိမ်းအတွက် ရည်ရွယ်ထားတဲ့ Play ဖုန်းအပြင် GPU Turbo နည်းပညာနဲ့ အနာဂတ်ဖုန်းသစ်ဖြစ်တဲ့ Honor Magic 2 ရဲ့ရှေ့ပြေးပုံစံ ကိုပါပြသခဲ့ပါတယ်။

Honor Play

Play စမတ်ဖုန်းမှာတော့ မျက်နှာပြင် 6.3” လက်မရှိပြီး 19:9 aspect ratio ဖြစ်တာကြောင့် ခပ်ရှည်ရှည်ပုံစံကို မြင်တွေ့ရမှာပါ။ မျက်နှာပြင်ဖော်ပြနိုင်မှုကတော့ 1,080 x 2,280 px နဲ့ဖြစ်ပါတယ်။ 3D game အသံထွက်နဲ့ 7.1 channel အသံပတ်လည်ပြေးစနစ်အတွက် Histen audio tech ကိုထောက်ပံ့ပေးထားပါတယ်။ 4 GB of RAM နဲ့ 64 GB storage နဲ့ဖုန်းဟာ အခြေခံဈေးနှုန်းနဲ့ ရရှိလာမှာဖြစ်ပြီး 6GB RAM နဲ့အမြင့်စားမော်ဒယ်ဆိုရင်တော့ ဒေါ်လာ ၃၇၅ ကျသင့်မှာဖြစ်ပါတယ်။ 3,750 mAh ဘက်ထရီကိုသုံးထားပြီး nubia Red Magic ဖုန်းနဲ့ဘက်ထရီနဲ့ အရွယ်အစားတူညီပါတယ်။

Android 8.1 Oreo နဲ့အတူ EMUI 8.2 ကိုတစ်ပါတည်း သုံးနိုင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 16 MP + 2 MP dual camera ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 16 MP selfie camera ဟာ iPhone မှာလိုမျိုး 3D portrait lighting စနစ်ထည့်သွင်းပေးထားပါတယ်။ Black နဲ့ Violet, plus Black နဲ့ Player Edition အနက်နဲ့ အနီရောင်အထူးထုတ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။

GPU Turbo

အဲ့ဒီနောက်မှာတော့ ဖုန်းတွေရဲ့စွမ်းဆောင်ရည်ပိုင်းကို ပိုမိုတိုးတက်ကောင်းမွန်စေမယ့် GPU Turbo နည်းပညာ အကြောင်း ကို ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီနည်းပညာဟာဖုန်းနဲ့ ဂိမ်းကစားသူတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဆောဖ်ဝဲပိုင်းကို ပုံမှန်ထက် ပြောင်းလဲတိုးမြင့်လိုက်မှာ ဖြစ်ပြီးထိရောက်မှုအပိုင်းကို ၆၀ရာခိုင်နှုန်းတိုးမြင့်ပေးမှာဖြစ်ကာ၊ စွမ်းအားပိုင်းကို ၃၀ရာခိုင်နှုန်း ပိုမိုထိန်းသိမ်းလာနိုင်မှာ ဖြစ်ပါတယ်။

GPU Turbo ဟာ Huawei နဲ့ Honor ဖုန်းတွေအတွက် အကောင်းဆုံးနည်းပညာ ထောက်ပံ့မှုတစ်ခု ဖြစ်ပြီး အခုဆိုရင်ထိပ်တန်း device တွေမှာသုံးစွဲနိုင်နေကြပါပြီ။
Honor Magic 2

နောက်ထပ်ပြသလိုက်တာကတော့ ဘယ်လိုမှထင်မှတ်မထားတဲ့ Honor Magic 2 ရဲ့ရှေ့ပြေးပုံစံပဲ ဖြစ်ပါတယ်။ Honor Magic 2 မှာ FullView display ပါဝင်လာမှာ ဖြစ်ပြီး display မှာ notch မပါဝင်သလို bezel တွေကိုလည်း လျှော့ချထားပါတယ်။ ဒါ့အပြင်သူ့မှာကင်မရာပိုင်းအတွက် slide-out ကင်မရာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပွဲအတွင်းမှာ Honor အမှုဆောင်အရာရှိချုပ်က ရှေ့ပြေးပုံစံက slider ကို manual အနေနဲ့ အသုံးပြုပြသသွားခဲ့ပါတယ်။

Magic 2 မှာ အသစ်မိတ်ဆက်မယ့် Kirin 980 chipset ပါဝင်လာမယ်လို့ Honor က အတည်ပြုခဲ့ပါတယ်။ အပြင် Magic 2 မှာဘက်ထရီအားသွင်းနိုင်ဖို့အတွက် 40W fast charge အထောက်အပံ့ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါကို Honor က Magic Charge လို့ အမည်ပေးထားပါတယ်။ Magic Charge ဟာ လုံခြုံစိတ်ချရပြီး ကာကွယ်မှုအလွှာ ၁၅ ခု ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply