TENAA မွာထြက္ရွိလာတဲ့ 6.5 လက္မ screen နဲ႔ Honor 8X

0
623

Honor 8X စမတ္ဖုန္းဟာပုံမွန္ဗားရွင္းအျပင္  ပိုႀကီးမားတဲ့ Honor 8X Max စမတ္ဖုန္းနဲ႔ ထြက္ရွိလာဖို႔မ်ားပါတယ္။ လက္ရွိၾကားေနရတဲ့ သတင္းေတြကေတာ့ ပိုႀကီးမားတဲ့ စမတ္ဖုန္းဟာ 7.12 လက္မ screen နဲ႔ျဖစ္ဖို႔မ်ားပါတယ္။ 8X ဖုန္းကိုေတာ့ ပုံမွန္ေမာ္ဒယ္ ဖုန္းျဖစ္တဲ့အတုိင္း ပိုေသးတဲ့မ်က္ႏွာျပင္၊ ဘက္ထရီကို သုံးလာမွာပါ။ Honor 8X စမတ္ဖုန္းနဲ႔ ပတ္သတ္ၿပီး ဓာတ္ပုံေတြ အခ်က္အလက္ေတြဟာ ခန္႔မွန္းခ်က္အရ အေတာ္တိက်တဲ့ အေျခအေနကို ေရာက္ေနပါၿပီ။

သူ႕မွာ ပရိုဆက္ဆာပိုင္းအတြက္ 2.2 GHz အျမန္ႏႈန္း Snapdragon 660 chipset ကိုသုံးလာမွာျဖစ္ၿပီး RAM ေရြးခ်ယ္မႈအတြက္ 4 GB နဲ႔ 6 GB ဆိုၿပီး ျဖစ္မွာပါ။ အခ်က္အလက္ သိုေလွာင္မႈပိုင္းမွာလည္း 64 GB (သို႔) 128 GB ျဖစ္မွာပါ။ ဒီေန႔ ထြက္လာတဲ့  အခ်က္အလက္ပိုင္းမွာေတာ့  6.5 လက္မ screen မွာ 2340 x 1080 pixels နဲ႔အတူ ဖုန္းကိုယ္ထည္ကေတာ့ 160.4 x 76.6 x 7.8 mm ရွိမွာပါ။ ဘက္ထရီစြမ္းအားပိုင္းအတြက္ 3,650 mAh ကိုသုံးလာမယ့္ အျပင္ ပိုႀကီးတဲ့ စမတ္ဖုန္း 8X Max မွာေတာ့ 5,000 mAh စြမ္းအားနဲ႔ပါ။

ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ dual နဲ႔ျဖစ္ၿပီး 20 MP + 2 MP သုံးလာမွာပါ။ selfie ရိုက္ကူးမႈပိုင္းအတြက္ 16 MP အရည္အေသြးနဲ႔ ျဖစ္မွာပါ။ OS ပိုင္းမွာ Android 8.1 အေျချပဳ EMUI 8.1 ကိုသုံးလာမွာပါ။ Honor 8X နဲ႔ Honor 8X Max  ဖုန္းေတြကို စက္တင္ဘာ ၅ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။

unicode

Honor 8X စမတ်ဖုန်းဟာပုံမှန်ဗားရှင်းအပြင်  ပိုကြီးမားတဲ့ Honor 8X Max စမတ်ဖုန်းနဲ့ ထွက်ရှိလာဖို့များပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းတွေကတော့ ပိုကြီးမားတဲ့ စမတ်ဖုန်းဟာ 7.12 လက်မ screen နဲ့ဖြစ်ဖို့များပါတယ်။ 8X ဖုန်းကိုတော့ ပုံမှန်မော်ဒယ် ဖုန်းဖြစ်တဲ့အတိုင်း ပိုသေးတဲ့မျက်နှာပြင်၊ ဘက်ထရီကို သုံးလာမှာပါ။ Honor 8X စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး ဓာတ်ပုံတွေ အချက်အလက်တွေဟာ ခန့်မှန်းချက်အရ အတော်တိကျတဲ့ အခြေအနေကို ရောက်နေပါပြီ။

သူ့မှာ ပရိုဆက်ဆာပိုင်းအတွက် 2.2 GHz အမြန်နှုန်း Snapdragon 660 chipset ကိုသုံးလာမှာဖြစ်ပြီး RAM ရွေးချယ်မှုအတွက် 4 GB နဲ့ 6 GB ဆိုပြီး ဖြစ်မှာပါ။ အချက်အလက် သိုလှောင်မှုပိုင်းမှာလည်း 64 GB (သို့) 128 GB ဖြစ်မှာပါ။ ဒီနေ့ ထွက်လာတဲ့  အချက်အလက်ပိုင်းမှာတော့  6.5 လက်မ screen မှာ 2340 x 1080 pixels နဲ့အတူ ဖုန်းကိုယ်ထည်ကတော့ 160.4 x 76.6 x 7.8 mm ရှိမှာပါ။ ဘက်ထရီစွမ်းအားပိုင်းအတွက် 3,650 mAh ကိုသုံးလာမယ့် အပြင် ပိုကြီးတဲ့ စမတ်ဖုန်း 8X Max မှာတော့ 5,000 mAh စွမ်းအားနဲ့ပါ။

ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ dual နဲ့ဖြစ်ပြီး 20 MP + 2 MP သုံးလာမှာပါ။ selfie ရိုက်ကူးမှုပိုင်းအတွက် 16 MP အရည်အသွေးနဲ့ ဖြစ်မှာပါ။ OS ပိုင်းမှာ Android 8.1 အခြေပြု EMUI 8.1 ကိုသုံးလာမှာပါ။ Honor 8X နဲ့ Honor 8X Max  ဖုန်းတွေကို စက်တင်ဘာ ၅ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Leave a Reply