Google က ၂၀၁၈ မှာ Pixel Watch ထုတ်လုပ်မည်မဟုတ်
0
700
Zawgyi Version
Unicode Version
Pixel Watch ကို မကြာခင်မှာ တွေ့မြင်ရမယ်လို့ ကောလာဟလတွေထွက်နေခဲ့ပေမယ့်လည်း Google ကတော့ ဒီနှစ်မှာ Wear OS Watch လေးကို ထုတ်ဖြစ်မှာမဟုတ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူတို့ဟာ စမတ်နာရီပြုလုပ်သူတွေနဲ့ပူးပေါင်းပြီးတော့ IFA 2018 မှာ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်သွားမှာပါ။ ဘာလင်မြို့မှာ စမတ်နာရီအတော်များများကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီတော့ wearable အသစ်လိုချင်သူတွေကတော့ မကျေနပ်စရာအကြောင်းမရှိပါဘူး။
Google ရဲ့ ဒါရိုက်တာတစ်ယောက်ကတော့ သူတို့ဟာ platform အတွက် အလေးပေးဆောင်ရွက်နေတာဖြစ်ပြီးောတ့ စမတ်နာရီလေးကို one-size-fits-all device အနေနဲ့လုပ်ဆောင်ဖို့အတွက် စိတ်ကူးထားတယ်လို့ ပြောပါတယ်။ PR ကိုယ်စားလှယ်ကတော့ Pixel Watch ကို ဒီနှစ်မှာ မြင်ရနိုင်ချေမရှိလို့ ပြောထားပါတယ်။
Wear OS ကို OEMs တွေနဲ့ပူးပေါင်းပြီးတော့ smartwatch တွေအတွက် ဒီဇိုင်းအသစ်တွေ၊ firmware update တွေ လုပ်ဆောင်နေတာဖြစ်လို့ feature အသစ်တွေလည်း ရလာနိုင်လောက်ပါတယ်။ နောက်တစ်ခုကတော့ heart rate sensor ၊ NFC chip တွေလည်း ထည့်သွင်းလာနိုင်လောက်ပါတယ်။ Wear OS update လေးကို Google Assistant ကောင်းကောင်းအသုံးပြုနိုင်မယ့်အနေအထားနဲ့ ထုတ်လုပ်ပေးမှာပါ။
Google ဟာ ဒီဇိုင်းကောင်းကောင်းနဲ့ feature အလန်းစားတွေထည့်သွင်းပြီးတော့ ဒီနှစ်ထဲမှာ ထုတ်ပြမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာတော့ AI နဲ့ machine learning တွေကိုပူးပေါင်းပြီးတော့ Pixel စမတ်ဖုန်းတွေအတွက်လည်း အဆင့်မြှင့်ပေးနိုင်ပါတယ်။
အခုအချိန်မှာတော့ Google ဟာ Wear OS update အတွက် အလုပ်ရှုပေ်နပြီးတော့ IFA အတွက် ပြင်ဆင်နေကြပါတယ်။ ဒါဟာ စမတ်နာရီသုံးစွဲသူအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့်လုပ်ရပ်ပါပဲ။
Leave a Reply