Apple ရဲ႕ အနာဂတ္ဟာ AR glasses မ်ားသာျဖစ္ေန

0
1072

Zawgyi Version

ျပီးခဲ့တဲ့အပတ္တုန္းက ၂၀၁၈ အတြက္ iPhone ေမာ္ဒယ္လ္အသစ္ေတြကို ျပသမယ့္ပြဲအတြက္ Apple က ဖိတ္ထားပါတယ္။ အဲဒီမွာ Apple Watch Series 4 နဲ႕ iPad ကိုလည္း ျမင္ရႏုိင္ပါတယ္။ HomePod က မႏွစ္ကေတြ႕ျမင္ထားရတာဆိုေတာ့ အသစ္အဆန္းေတာ့ မေမွ်ာ္လင့္ေတာ့ပါဘူး။ ဒီႏွစ္မွာလည္း ပစၥည္းအသစ္မိတ္ဆက္ဖို႕အတြက္ အဆင္သင့္မျဖစ္ေသးဘူးလို႕ ေျပာရမွာပါ။
Apple ဟာ augmented reality နဲ႕ ပတ္သတ္ေနတဲ့အလုပ္အကိုင္ေတြကို ျပီးခဲ့တဲ့ရက္အတြင္းမွာ ေခၚယူေနတယ္လို႕ သတင္းရထားပါတယ္။ ၾသဂုတ္လအေစာပိုင္းတုန္းကလည္း “AR Application Engineer” ဆိုျပီးေတာ့ အလုပ္ေခၚတဲ့၀က္ဘ္ဆိုက္မွာ ေတြ႕ျမင္ထားပါတယ္။ ႏွစ္ပတ္အတြင္းမွာပဲ“AR Application” စကားလံုးပါ၀င္တဲ့ အလုပ္ေခၚစာေတြကို ငါးခုထက္မနည္း ေတြ႕ျမင္ရပါတယ္။
Apple က ဘယ္လိုထုတ္ကုန္ ၊ ၀န္ေဆာင္မႈအတြက္ ငွားေနတယ္ဆိုတာေတာ့ မေျပာထားပါဘူး။ ဒါလည္း မအံ့ၾသမိပါဘူး။ ပါးလႊာျပီးေတာ့ transparent smart glass lens ေတြထုတ္လုပ္လို႕ အဆင္ေျပမယ့္ startup ေလးတစ္ခုကို ျပီးခဲ့တဲ့ရက္အတြင္းမွာ ၀ယ္ထားပါေသးတယ္။
ဒီေတာ့ ရွင္းေနပါျပီ။ သတင္းေတြထြက္ေနတဲ့ AR smart glasses ေတြကို ေတြ႕ျမင္ရေတာ့မွာပါ။ Apple ကေတာ့ အရိပ္အျမြက္နည္းနည္းပဲ ျပထားပါတယ္။အလုပ္ေခၚစာေလးကိုၾကည့္ရေအာင္။
Digital maps ဟာ ကၽြန္ေတာ္တို႕ေန႕စဥ္ဘ၀အတြက္ အေရးပါတဲ့အရာတစ္ခုျဖစ္လာပါျပီ။ လက္ရွိမွာေတာ့ ကနဦးအဆင့္ပဲရွိေနပါေသးတယ္။ urban mobility ကေန indoor positioning အထိ ၊ LIDAR ကေန Augmented Reality အထိ အဆင့္ဆင့္ေျပာင္းလဲလာျပီးေတာ့ ဖန္တီးမႈအသစ္ေတြလည္း ေပၚထြက္လာခဲ့ပါတယ္။ Maps ကို ခ်စ္ျမတ္ႏိုးျပီးေတာ့ ဘာေတြလုပ္ႏုိင္မလဲဆိုတာ စမ္းသပ္ခ်င္တယ္ဆိုရင္ေတာ့ သင့္အတြက္ေနရာရွိပါတယ္။
Apple’s mobile Maps app မွာ လက္ရွိအေနနဲ႕ ထင္ရွားတဲ့ AR feature ေတြမပါေသးပါဘူး။ ဒါေပမယ့္လည္း တည္ေနရာႏွစ္ခုအၾကားမွာ augmented reality display ျပမယ္ဆုိတဲ့စိတ္ကူးကေတာ့AR glasses အတြက္ပဲ ျဖစ္ႏုိင္ပါတယ္။ ဆက္ျပီး ေစာင့္ၾကည့္ၾကတာေပါ့။

Unicode Version

ပြီးခဲ့တဲ့အပတ်တုန်းက ၂၀၁၈ အတွက် iPhone မော်ဒယ်လ်အသစ်တွေကို ပြသမယ့်ပွဲအတွက် Apple က ဖိတ်ထားပါတယ်။ အဲဒီမှာ Apple Watch Series 4 နဲ့ iPad ကိုလည်း မြင်ရနိုင်ပါတယ်။ HomePod က မနှစ်ကတွေ့မြင်ထားရတာဆိုတော့ အသစ်အဆန်းတော့ မမျှော်လင့်တော့ပါဘူး။ ဒီနှစ်မှာလည်း ပစ္စည်းအသစ်မိတ်ဆက်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောရမှာပါ။
Apple ဟာ augmented reality နဲ့ ပတ်သတ်နေတဲ့အလုပ်အကိုင်တွေကို ပြီးခဲ့တဲ့ရက်အတွင်းမှာ ခေါ်ယူနေတယ်လို့ သတင်းရထားပါတယ်။ သြဂုတ်လအစောပိုင်းတုန်းကလည်း “AR Application Engineer” ဆိုပြီးတော့ အလုပ်ခေါ်တဲ့ဝက်ဘ်ဆိုက်မှာ တွေ့မြင်ထားပါတယ်။ နှစ်ပတ်အတွင်းမှာပဲ“AR Application” စကားလုံးပါဝင်တဲ့ အလုပ်ခေါ်စာတွေကို ငါးခုထက်မနည်း တွေ့မြင်ရပါတယ်။
Apple က ဘယ်လိုထုတ်ကုန် ၊ ဝန်ဆောင်မှုအတွက် ငှားနေတယ်ဆိုတာတော့ မပြောထားပါဘူး။ ဒါလည်း မအံ့သြမိပါဘူး။ ပါးလွှာပြီးတော့ transparent smart glass lens တွေထုတ်လုပ်လို့ အဆင်ပြေမယ့် startup လေးတစ်ခုကို ပြီးခဲ့တဲ့ရက်အတွင်းမှာ ဝယ်ထားပါသေးတယ်။
ဒီတော့ ရှင်းနေပါပြီ။ သတင်းတွေထွက်နေတဲ့ AR smart glasses တွေကို တွေ့မြင်ရတော့မှာပါ။ Apple ကတော့ အရိပ်အမြွက်နည်းနည်းပဲ ပြထားပါတယ်။အလုပ်ခေါ်စာလေးကိုကြည့်ရအောင်။
Digital maps ဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်လာပါပြီ။ လက်ရှိမှာတော့ ကနဦးအဆင့်ပဲရှိနေပါသေးတယ်။ urban mobility ကနေ indoor positioning အထိ ၊ LIDAR ကနေ Augmented Reality အထိ အဆင့်ဆင့်ပြောင်းလဲလာပြီးတော့ ဖန်တီးမှုအသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ Maps ကို ချစ်မြတ်နိုးပြီးတော့ ဘာတွေလုပ်နိုင်မလဲဆိုတာ စမ်းသပ်ချင်တယ်ဆိုရင်တော့ သင့်အတွက်နေရာရှိပါတယ်။
Apple’s mobile Maps app မှာ လက်ရှိအနေနဲ့ ထင်ရှားတဲ့ AR feature တွေမပါသေးပါဘူး။ ဒါပေမယ့်လည်း တည်နေရာနှစ်ခုအကြားမှာ augmented reality display ပြမယ်ဆိုတဲ့စိတ်ကူးကတော့AR glasses အတွက်ပဲ ဖြစ်နိုင်ပါတယ်။ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။

Leave a Reply