Android 9.0 Pie ကို ယူဆောင်လာတဲ့ OnePlus 6 Open Beta 1
0
670
Zawgyi Version
ဒေါင်းလုတ်ယူရန်
Unicode Version
OnePlus 6 ပိုင်ရှင်တစ်ယောက်ဆိုရင်တော့ OxygenOS အတွက် Android 9.0 Pie version အသစ်စက်စက်လေးကို ဒီနေ့ပဲခံစားနိုင်ပါပြီ။ ဒီဆောင်းပါးထဲမှာ ဒေါင်းလုတ်လင့်လေး ပေးထားပါတယ်။ ဘယ်လိုလုပ်ရမလဲ ကြည့်လိုက်ရအောင်။
အလျင်မလိုပါနဲ့ဦး။ ဒီ software အကြောင်း သိထားသင့်တာလေးတွေ ပြောပြချင်လို့ပါ။ မများပါဘူး။ ခဏပါပဲ။
ပထမဆုံးတစ်ခုကတော့ Android 9.0 Pie က stable ထွက်ထားပေမယ့်လည်း အခု Oneplus OxygenOS ကတော့ skin ပြင်ထားတာ ပထမဆုံးပါ။ OxygenOS ဟာ stock Android နဲ့ နီးစပ်တဲ့အတွက်ကြောင့် တအားခြားနားနေတာခံစားမရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း မတူတဲ့အတွက်ကြောင့် stable မဖြစ်သေးဘူးလို့ ပြောချင်ပါတယ်။ ဥပမာ ဒီ open beta လေးမှာ Google Pay က အလုပ်မလုပ်နိုင်သေးပါဘူး။ Google Play Store ကနေ ဒေါင်းလုတ်လုပ်မယ်ဆိုရင်လည်း Google ရဲ့ အသိအမှတ်မပြုထားဘူးလို့ ပြောပါလိမ့်မယ်။ အခက်ကြုံရမှာပါ။
နောက်တစ်ခုကတော့ bugs တွေကိုမကြိုက်ဘူး။ stable Oreo version ပဲ လိုချင်တယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ OnePlus 6 လေးကို wipe လုပ်ပြီးမှာ Android ကို ပြန်သွင်းရမှာဆိုတော့ ဖုန်းလေးကို အသစ်အတိုင်းကိုင်ရမှာပါ။ app နဲ့ settings တွေ ပြောင်းကုန်မှာပါ။
အကုန်ပြောပြီးပြီဆိုတော့ OnePlus အတွက် beta လေးထဲမှာ စိတ်ဝင်စားဖို့ကောင်းတာလေးတွေလည်း တွေ့မြင်ရနိုင်တယ်လို့ ပြောချင်ပါတယ်။ OnePlus 6 ၊ OnePlus 5 နဲ့ 5T ၊ OnePlus 3 နဲ့ 3T တို့လည်း မကြာခင်မှာ ရလာတော့မှာပါ။ OnePlus 6T ကိုတော့ Android 9.0 Pie နဲ့ တွေ့မြင်ရမယ်လို့ မှန်းထားပါတယ်။
ဒီတော့ ဒေါင်းလုတ်ယူလိုက်ပါတော့။
ဒေါင်းလုတ်ယူရန်
Leave a Reply