Enterprise Trending
Android မသုံးဘဲ Tizen ကိုသာ Galaxy S10 တွင် တွေ့မြင်ရသင့်
Zawgyi Version
Unicode Version
Samsung Galaxy S10 ကတော့ Samsung အတွက် စိတ်ဝင်စားခံရဆုံးဖုန်းတစ်လုံးအဖြစ်နဲ့ သမိုင်းမှာတွင်ကျန်တော့မှာပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်လျှောက်မှာ Samsung ဟာ Google ရဲ့ Android ကို အသုံးပြုပြီးတော့ စမတ်ဖုန်းဈေးကွက်ကိုထိုးဖောက်ခဲ့တာပါ။ သူ့အနေနဲ့ ပြိုင်ဘက်ရဲ့ OS ကို အသုံးပြုနေရတာဖြစ်တဲ့အတွက်ကြောင့် ထင်သလောက်တော့ မပေါက်ရောက်ဘူးထင်ပါတယ်။ ဒီတော့ ကိုယ်ပိုင် OS သုံးမယ်ဆိုရင်ရော။
Samsung ဟာ ကိုယ်ပိုင် OS ဖြစ်တဲ့ Tizen ကို အသုံးပြုပြီးတော့ Galaxy Watch ကို Launch လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟိုးလေးတကျော်ကျော်ဖြစ်သွားတာမျိုးတော့ မရှိခဲ့ပါဘူး။ အရှု်တုန်းက Wear OS ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၃မှာ စတင်ပြီးတော့ Tizen ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။
လုပ်ဆောင်ချက်တွေနဲ့ feature တွေဟာ သုံးစွဲသူလိုချင်တဲ့အတိုင်း ပေးနိုင်တာမို့ ကောင်းတယ်လို့ပြောနိုင်ပါတယ်။ လုံလောက်တယ်လို့ပြောရမလား။ Tizen ဟာ Android app တွေကို ၂၀၁၂တည်းက run ပေးနိုင်ပါတယ်။ OpenMobile လို့ခေါ်တဲ့ Application Compatibility Layer (ACL) ရဲ့ အကူအညီရခဲ့တာလည်း ပါမှာပေါ့လေ။ ဒီနှစ် ဇန်နဝါရီလမှာတော့ အဲဒီအုပ်စုမရှိတော့ပါဘူး။ ဒီတော့ သူတို့နဲ့ချိတ်ဆက်ထားတဲ့ app တွေက အသုံးမဝင်တော့ပါဘူး။
Tizen ကိုသာ တစ်ကမ္ဘာလုံးမှာရှိတဲ့ developer တွေရဲ့အာရုံကိုဖမ်းဆွဲပေးနိုင်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ Facebook ကလူတွေလိုပေါ့။ Tizen ဟာ လကရှိမှာတော့ Facebook ပိုင်တဲ့ app တွေနဲ့ ecosystem အတော်များများကို အသုံးပြုနိုင်ပါတယ်။ WhatsApp, Instagram, Facebook Messenger စတာတွေပေါ့။
VLC လည်း ရနိုင်ပါတယ်။ GPS map လည်း ရနိုင်ပါတယ်။ သူကတော့ Google Maps နဲ့ချိတ်ထားတာပေါ့။ LINE လည်းရနိုင်တယ်။ Opera web browser နဲ့ဆိုတော့ မလုံလောက်သေးပါဘူး။ Gmail ရော။
စမတ်ဖုန်းတွေမှာသာ အသုံးပြုလိုက်မယ်ဆိုရင်တော့ လန့်စရာပါပဲ။ ဖုန်းတစ်လုံးကို နေရာတိုင်းမှာသယ်သွားနေတာဖြစ်ပါတယ်။ အဲဒီဖုန်းမှာလည်း နံပါတ်ခလုတ်တွေမရှိတော့ဘူးမလား။ သူတို့ချစ်ခင်တဲ့ iPhone ဒါမှမဟုတ် Android ဖုန်းလေးကို ခွဲချင်အောင် လုပ်ပြရမယ်မလား။ ဒီလိုကူးပြောင်းဖို့အတွက်က ခက်ခဲတဲ့အခြေအနေတစ်ခုပါ။
Samsung ကသာ ၂၀၁၉ ခုနှစ်မှာ Galaxy S သုံးလုံးကို Tizen နဲ့ထုတ်မယ်ဆိုရင်တော့ ဆရာကြီးပါပဲ။ ဖြစ်နိုင်ပါ့မလား။ အင်း ကျွန်တော်တို့စောင့်ကြည့်ရမှာပဲလေ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.