5G ကို ေထာက္ပံ့မယ့္ Xiaomi Mi Mix 3

0
356

Xiaomi Mi Mix 3 ကို လာမယ့္လမွာ ေၾကညာမယ္လို႔ ဥကၠဌ ျဖစ္သူ လင္ဘင္က ေၾကညာထားပါတယ္။ အခုလည္း သူက Mi Mix 3 ရဲ႕ ဓါတ္ပံုတစ္ခုကို ျပသလိုက္ပါတယ္။ ဖုန္းရဲ႕ Status Bar မွာ 5G စာသားကုိ ျပသထားတဲ့အတြက္ သူ႔မွာ 5G စြမ္းရည္ပါလာႏိုင္ပါတယ္။ ဖုန္းဟာ 5G စမ္းသပ္တဲ့ ရံုးမွာ ရွိေနပံုေပၚပါတယ္။

ဖုန္းရဲ႕ Pop-Up Camera အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုတစ္ခုလည္း ထြက္ေပၚလာပါတယ္။ မၾကာခင္ကလည္း လင္ဘင္က တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ Pop-up Camera နဲ႔ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ႕ ဓါတ္ပံုကို ျပသလိုက္ပါတယ္။ သူ႔ကင္မရာရဲ႕ အလုပ္လုပ္ပံုကို ေအာက္က ဗီဒီယိုမွာ ေလ့လာပါ။

ယခင္ Mi Mix မ်ားမွာ စကရင္ရဲ႕ ေအာက္မွာ ကင္မရာကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Mi Mix 3 မွာေတာ့ အထက္ပိုင္း စကရင္ရဲ႕ အေနာက္ဘက္မွာ ကင္မရာကို ျမွပ္ႏွံထားမွာ ျဖစ္ပါတယ္။ ရိုက္မယ့္ အခ်ိန္က်မွသာ ကင္မရာက အထက္ကို တိုးထြက္လာမွာ ျဖစ္ပါတယ္။ Xiaomi Mi Mix 3 မွာ OLED Display ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အေရွ႕ဘက္မွာ ကင္မရာ ႏွစ္လံုး ထည့္သြင္းထားၿပီး IR Face Unlock ပါလာမယ္လို႔ ထင္ရပါတယ္။

unicode

5G ကို ထောက်ပံ့မယ့် Xiaomi Mi Mix 3

Xiaomi Mi Mix 3 ကို လာမယ့်လမှာ ကြေညာမယ်လို့ ဥက္ကဌ ဖြစ်သူ လင်ဘင်က ကြေညာထားပါတယ်။ အခုလည်း သူက Mi Mix 3 ရဲ့ ဓါတ်ပုံတစ်ခုကို ပြသလိုက်ပါတယ်။ ဖုန်းရဲ့ Status Bar မှာ 5G စာသားကို ပြသထားတဲ့အတွက် သူ့မှာ 5G စွမ်းရည်ပါလာနိုင်ပါတယ်။ ဖုန်းဟာ 5G စမ်းသပ်တဲ့ ရုံးမှာ ရှိနေပုံပေါ်ပါတယ်။

ဖုန်းရဲ့ Pop-Up Camera အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုတစ်ခုလည်း ထွက်ပေါ်လာပါတယ်။ မကြာခင်ကလည်း လင်ဘင်က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Pop-up Camera နဲ့ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ့ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ သူ့ကင်မရာရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာ လေ့လာပါ။

ယခင် Mi Mix များမှာ စကရင်ရဲ့ အောက်မှာ ကင်မရာကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Mi Mix 3 မှာတော့ အထက်ပိုင်း စကရင်ရဲ့ အနောက်ဘက်မှာ ကင်မရာကို မြှပ်နှံထားမှာ ဖြစ်ပါတယ်။ ရိုက်မယ့် အချိန်ကျမှသာ ကင်မရာက အထက်ကို တိုးထွက်လာမှာ ဖြစ်ပါတယ်။ Xiaomi Mi Mix 3 မှာ OLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အရှေ့ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး IR Face Unlock ပါလာမယ်လို့ ထင်ရပါတယ်။

Leave a Reply