Enterprise Social Trending
နည်းပညာအကူအညီပေးသယောင် scam ကြော်ငြာတွေကို Google မှ ကျယ်ကျယ်ပြန့်ပြန့်ဖယ်ရှားမည်
Zawgyi Version
Unicode Version
ဒီလိုလုပ်ဆောင်မှုမှာ support companies တွေအတွက်လည်း အတည်ပြုပေးမှာပါ။
Tech support scam ဆိုတာကတော့ အတော်လေးများပြားပါတယ်။ Google ကလည်း ကြော်ငြာတွေပြတဲ့အခါ အမှားအယွင်းမဖြစ်အောင် တင်းကျပ်တဲ့စစ်ဆေးမှုတွေကို လုပ်ဆောင်နေပါပြီ။ လေ့လာချက်အရ ကမ္ဘာနဲ့ချီပြီးတော့ ကြော်ငြာအမှားတွေလုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် လာမယ့်လတွေမှာ အတည်ပြုတဲ့စနစ်လေးကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း scam ads တွေကို ရှောင်နိုင်မယ်လို့တော့ အာမခံချက်မပေးထားပါဘူး။ သေချာတာကတော့ တကယ့်အထောက်အကူဖြစ်စေမှာပါ။
Google ဟာ ၂၀၁၇ခုနှစ်မှာ မကောင်းတဲ့ကြော်ငြာတွေ ၃.၂ဘီလျံလောက် ဖြုတ်ချခဲ့ပါတယ်။ rehab center နဲ့ bail bond service တွေလည်း တိုက်ထုတ်ခဲ့ပါတယ်။ tech support verification system ကတော့ စိတ်ကူးထားတုန်းပါပဲ။ တကယ့်ဝန်ဆောင်သူတွေနဲ့ အတုအယောင်တွေကြား ခွဲခြားဖို့က သာမန်လူတစ်ယောက်အနေနဲ့ မလွယ်ကူတော့ပါဘူူး။
Wall Street Journal ကနေ official Apple service အယောင်ဆောင်ပြီးတော့ လူတွေကို ဖုန်းနံပါတ်နဲ့ တိုက်ရိုက်ဆက်သွယ်ခိုင်းထားတာကို တွေ့ရှိပြီးနောက်မှာတော့ ခက်ခဲတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ ဒီလိုကမ်ပိန်းတွေက အသစ်အဆန်းမဟုတ်ပေမယ့်လည်း Google အနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.