Sony Xperia XZ3 ဟာ အေကာင္းဆံုး Display ပိုင္ဆိုင္ထားဟု စစ္တမ္းက ဆို

0
732

ဆိုနီက XZ3 မွာ မ်က္ႏွာျပင္ကို ယခင္ေမာ္ဒယ္ XZ2 ထက္ မ်ားစြာ အဆင့္ျမွင့္ထားပါတယ္။ XZ3 မွာ ၆ လက္မ 2880×1440 OLED Display တပ္ဆင္ထားၿပီး 18:9 Aspect Ratio ျဖစ္ပါတယ္။ XZ2 မွာ ၅.၇ လက္မ 2160×1080 LCD Display ထည့္သြင္းထားပါတယ္။ အခုေတာ့ ဆိုနီရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ Strategy Analytics (SA) က ထိပ္တန္း စမတ္ဖုန္းမ်ားရဲ႕ မ်က္ႏွာျပင္မ်ားကို ဘက္မလိုက္တဲ့ စမ္းသပ္မႈ တစ္ခု ျပဳလုပ္လိုက္ပါတယ္။ စမ္းသပ္မႈကို ၾသဂုတ္လ ၂၁ နဲ႔ ၂၃ ရက္အၾကားမွာ ျပဳလုပ္ခဲ့တဲ့အတြက္ Samsung Galaxy Note 9 ေတာ့ မပါပါဘူး။

စားသံုးသူမ်ားရဲ႕ အမွတ္ေပးမႈမ်ားအရ Sony Xperia XZ3 ဟာ ၇၀ ရာခုိင္ႏႈန္းျဖင့္ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ ေရြးခ်ယ္ခံရပါတယ္။ iPhone X က ၁၃ ၊ LG V30 က ၉ ရာခုိင္ႏႈန္းမ်ားျဖင့္ ဒုတိယနဲ႔ တတိယ ေနရာကို ရရွိသြားပါတယ္။ သူတို႔ရဲ႕ ေနာက္မွာ Sony Xperia XZ2 , Samsung Galaxy S9, Huawei P20 တို႔က ၃ ရာခုိင္ႏႈန္းျဖင့္ ပူးတြဲ ရပ္တည္ေနပါတယ္။

စားသံုးသူ ၂၀၂ ေယာက္ဟာ စစ္တမ္းမွာ ပါ၀င္ခ့ဲပါတယ္။ စမ္းသပ္ထားတဲ့ ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ားကို စားသံုးသူမ်ားအား ျပသခဲ့ပါတယ္။ စားသံုးသူမ်ားက Brightness & Clarity, True life colors, Contrast, Sharpness & Definition နဲ႔ Vibrancy မ်ားအတြက္ ရမွတ္မ်ားကို သတ္မွတ္ေပးခဲ့ပါတယ္။ စမတ္ဖုန္းမ်ားရဲ႕ Brightness ကို အျမင့္ဆံုးနဲ႔ Image Settings ကို Default အေနနဲ႔ ထားၿပီး စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။

unicode

Sony Xperia XZ3 ဟာ အကောင်းဆုံး Display ပိုင်ဆိုင်ထားဟု စစ်တမ်းက ဆို

ဆိုနီက XZ3 မှာ မျက်နှာပြင်ကို ယခင်မော်ဒယ် XZ2 ထက် များစွာ အဆင့်မြှင့်ထားပါတယ်။ XZ3 မှာ ၆ လက်မ 2880×1440 OLED Display တပ်ဆင်ထားပြီး 18:9 Aspect Ratio ဖြစ်ပါတယ်။ XZ2 မှာ ၅.၇ လက်မ 2160×1080 LCD Display ထည့်သွင်းထားပါတယ်။ အခုတော့ ဆိုနီရဲ့ တောင်းဆိုချက်ကြောင့် Strategy Analytics (SA) က ထိပ်တန်း စမတ်ဖုန်းများရဲ့ မျက်နှာပြင်များကို ဘက်မလိုက်တဲ့ စမ်းသပ်မှု တစ်ခု ပြုလုပ်လိုက်ပါတယ်။ စမ်းသပ်မှုကို သြဂုတ်လ ၂၁ နဲ့ ၂၃ ရက်အကြားမှာ ပြုလုပ်ခဲ့တဲ့အတွက် Samsung Galaxy Note 9 တော့ မပါပါဘူး။

စားသုံးသူများရဲ့ အမှတ်ပေးမှုများအရ Sony Xperia XZ3 ဟာ ၇၀ ရာခိုင်နှုန်းဖြင့် အကောင်းဆုံး မျက်နှာပြင် အဖြစ် ရွေးချယ်ခံရပါတယ်။ iPhone X က ၁၃ ၊ LG V30 က ၉ ရာခိုင်နှုန်းများဖြင့် ဒုတိယနဲ့ တတိယ နေရာကို ရရှိသွားပါတယ်။ သူတို့ရဲ့ နောက်မှာ Sony Xperia XZ2 , Samsung Galaxy S9, Huawei P20 တို့က ၃ ရာခိုင်နှုန်းဖြင့် ပူးတွဲ ရပ်တည်နေပါတယ်။

စားသုံးသူ ၂၀၂ ယောက်ဟာ စစ်တမ်းမှာ ပါဝင်ခဲ့ပါတယ်။ စမ်းသပ်ထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများကို စားသုံးသူများအား ပြသခဲ့ပါတယ်။ စားသုံးသူများက Brightness & Clarity, True life colors, Contrast, Sharpness & Definition နဲ့ Vibrancy များအတွက် ရမှတ်များကို သတ်မှတ်ပေးခဲ့ပါတယ်။ စမတ်ဖုန်းများရဲ့ Brightness ကို အမြင့်ဆုံးနဲ့ Image Settings ကို Default အနေနဲ့ ထားပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply