LG က သူ့ရဲ့ ပထမဆုံး Android One Phone ကို ပြသ

0
810


G7 One


G7 Fit


unicode

LG က သူ့ရဲ့ ပထမဆုံး Android One Phone ကို ပွသ

IFA 2018 မှာ LG က သူ့ရဲ့ ပထမဆုံး Android One Phone ဖြစ်တဲ့ LG G7 One ကို ပြသလိုက်ပါတယ်။ ဒါ့အပြင် LG G7 Fit ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Boombox Speaker , IP68 Rating , MIL-STD 810G စံနှုန်းများ ပါပါတယ်။ ဖုန်း နှစ်လုံးစလုံးရဲ့ ဈေးနှုန်းများကို နောက်ပိုင်းမှ သိရမှာပါ။

G7 One

G7 One မှာ Stock Android ထည့်သွင်းထားပြီး လစဉ် Security Patch များကို လျှင်မြန်စွာ ရမှာပါ။ ဒါဟာ Android One Device များရဲ့ အားသာချက်ပါ။ Snapdragon 845 ကို မသုံးထားဘဲ Snapdragon 835 ကိုသာ ထည့်ထားပါတယ်။ ဒါဟာ ကုန်ကျစားရိတ် သက်သာစေဖို့ ဖြစ်ပါတယ်။

G7 Fit

G7 Fit မှာ ၂ နှစ်သက်တမ်းရှိနေတဲ့ Snapdragon 821 အဟောင်းကို သုံးထားပေမယ့် LG က သူ့ရဲ့ ဈေးနှုန်းဟာ G7 One ထက် သာသာမယ်လို့ ပြောပါတယ်။ သူဟာ Android One Phone မဟုတ်ဘဲ သူ့မှာ Android 8.1 Oreo အခြေပြု LG UX ပါပါတယ်။

Leave a Reply