အသက္ဆယ္ႏွစ္ျပည့္သြားတဲ့ Google ရဲ႕ Chrome Browser

0
780

Zawgyi Version

ဆယ္စုႏွစ္အတြင္းမွာ အေတာ္ေလးေျပာင္းလဲသြားခဲ့ပါတယ္။
Google ဟာ Chrome browser ကို လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းက ပထမဆံုးျဖန္႕ခ်ိေပးခဲ့တာျဖစ္ပါတယ္။ “fresh take on the browser” ဆိုျပီးေတာ့ Google ရဲ႕ web comic ေလးနဲ႕ ေစ်းကြက္ေဖာက္ခဲ့တာျဖစ္ပါတယ္။ ကနဦးမွာေတာ့ Windows-only beta app အေနနဲ႕သာ စတင္ခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ Linux နဲ႕ macOS ကို အဆင္ေျပေအာင္လုပ္ေပးခဲ့တာကေတာ့ ၂၀၀၉ခုႏွစ္မွပါ။ Chrome ကို စတင္ထုတ္ေပးခဲ့တဲ့အခ်ိန္တုန္းက အင္တာနက္သံုးစြဲသူအေတာ္မ်ားမ်ားဟာ Internet Explorer နဲ႕ Firefox ကိုသာ အသည္းအသန္သံုးေနၾကတဲ့အခ်ိန္ျဖစ္ပါတယ္။
Google ကေတာ့ Apple ရဲ႕ WebKit rendering engine နဲ႕ Mozilla ရဲ႕ Firefox တို႕ကို နမူနာယူျပီးေတာ့ Chrome ကို အသက္သြင္းေပးခဲ့ပါတယ္။ Chrome ရဲ႕ source code အားလံုးကိုလည္း Chromium project အျဖစ္နဲ႕ ပြင့္လင္းစြာခ်ျပခဲ့ပါတယ္။ Chrome ဟာ web standards ေတြကို အေလးေပးျပီးေတာ့ HTML5 နဲ႕ လုပ္ေဆာင္ထားတာပါ။ သူဟာထြက္ရွိတဲ့အခ်ိန္ကတည္းက Acid1 နဲ႕ Acid2 စမ္းသပ္ခ်က္ေတြကို ေအာင္ျမင္ခဲ့ပါတယ္။ Microsoft ကေတာ့ Internet Explorer browser ေလးနဲ႕ web standards ေတြၾကားမွာ ရုန္းကန္ေနရခ်ိန္ ျဖစ္ပါတယ္။
Chrome စတင္ထြက္ရွိခဲ့တုန္းက “sandboxing” individual browser tab ဆိုတဲ့ feature ေလးကလည္း ထင္ရွားပါတယ္။ tab တစ္ခုအဆင္မေျပျဖစ္သြားလည္း ေနာက္တစ္ခုကို မထိခိုက္ပါဘူး။ ဒါေၾကာင့္လည္း Chrome ရဲ႕ အျမန္ႏႈန္းနဲ႕ တည္ျငိမ္မႈကို တုိးတက္သြားေစပါတယ္။ Google ရဲ႕ V8 JavaScript engine ေၾကာင့္လည္း ပါတာေပါ့။
Chrome ကို ဆယ္စုႏွစ္အၾကာေနာက္ပိုင္းမွာေတာ့ ၀က္ဘ္သံုးစြဲသူအေတာ္မ်ားမ်ားရဲ႕ လက္စြဲတစ္ခုအေနနဲ႕ ေတြ႕ျမင္ရပါျပီ။ Chrome ဟာ desktop ေစ်းကြက္မွာ ၆၀% ယူထားပါတယ္။ ေနာက္ဆံုးထြက္ web standard ေတြနဲ႕ feature ေတြကို တိုးတက္ေကာင္းမြန္ေစဖို႕အတြက္ Chrome အဖြဲ႕ကလည္း အျမဲတေစၾကိဳးစားေနပါတယ္။ အခုဆိုရင္ Windows, macOS, Linux, Android နဲ႕ iOS ေပၚမွာေတာင္ ရေနပါျပီ။


Chrome OS ဆိုတဲ့ ေပါ့ပါးျပီးေတာ့ သံုးရအဆင္ေျပတဲ့ဗားရွင္းေလးကိုလည္း laptop နဲ႕ တက္ဘလက္ေတြမွာ ရႏုိင္ေနပါျပီ။ တက္ဘလက္ေတြအတြက္က အဆင္သင့္သိပ္မျဖစ္ေသးေပမယ့္လည္း Google ကေတာ့ Android app ေတြကို Chrome OS ေပၚတင္ေပးျပီးေတာ့ ခံစားမႈေကာင္းေကာင္းေတြ ေပးစြမ္းေနပါတယ္။ မ်ားမၾကာခင္မွာ Chrome OS ေပၚကို Linux app ေတြ ေရာက္လာေတာ့မွာပါ။ redesign မလုပ္တာအေတာ္ၾကာေနတယ္ဆိုေပမယ့္လည္း Material Design Refresh လုပ္တာကေတာ့ ဒီလထဲမွာ ေတြ႕ျမင္ရမွာပါ။
Chrome ရဲ႕ အနာဂတ္ကေတာ့ web browser နဲ႕ စခဲ့ေပမယ့္လည္း platform တစ္ခုအေနနဲ႕ ေတြ႕ျမင္ရေတာ့မွာပါ။ Chrome ဟာ web developers ေတြၾကားမွာ လႊမ္းမိုးေနတဲ့ Internet Explorer 6 နဲ႕ ယွဥ္ရမွာျဖစ္ျပီးေတာ့ Google engineers ေတြကလည္း ၾကိဳးစားေပးေနပါတယ္။ ဆယ္ႏွစ္သက္တမ္းၾကာခဲ့ျပီဆိုေတာ့ ဘယ္လိုေတြေျပာင္းလဲလာခဲ့သလဲ၊ ေျပာင္းလဲမႈေတြကို ၾကိဳက္ရဲ႕လား သံုးသပ္ေပးသြားၾကပါဦး။

Unicode Version

ဆယ်စုနှစ်အတွင်းမှာ အတော်လေးပြောင်းလဲသွားခဲ့ပါတယ်။
Google ဟာ Chrome browser ကို လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ပထမဆုံးဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ “fresh take on the browser” ဆိုပြီးတော့ Google ရဲ့ web comic လေးနဲ့ ဈေးကွက်ဖောက်ခဲ့တာဖြစ်ပါတယ်။ ကနဦးမှာတော့ Windows-only beta app အနေနဲ့သာ စတင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ Linux နဲ့ macOS ကို အဆင်ပြေအောင်လုပ်ပေးခဲ့တာကတော့ ၂၀၀၉ခုနှစ်မှပါ။ Chrome ကို စတင်ထုတ်ပေးခဲ့တဲ့အချိန်တုန်းက အင်တာနက်သုံးစွဲသူအတော်များများဟာ Internet Explorer နဲ့ Firefox ကိုသာ အသည်းအသန်သုံးနေကြတဲ့အချိန်ဖြစ်ပါတယ်။
Google ကတော့ Apple ရဲ့ WebKit rendering engine နဲ့ Mozilla ရဲ့ Firefox တို့ကို နမူနာယူပြီးတော့ Chrome ကို အသက်သွင်းပေးခဲ့ပါတယ်။ Chrome ရဲ့ source code အားလုံးကိုလည်း Chromium project အဖြစ်နဲ့ ပွင့်လင်းစွာချပြခဲ့ပါတယ်။ Chrome ဟာ web standards တွေကို အလေးပေးပြီးတော့ HTML5 နဲ့ လုပ်ဆောင်ထားတာပါ။ သူဟာထွက်ရှိတဲ့အချိန်ကတည်းက Acid1 နဲ့ Acid2 စမ်းသပ်ချက်တွေကို အောင်မြင်ခဲ့ပါတယ်။ Microsoft ကတော့ Internet Explorer browser လေးနဲ့ web standards တွေကြားမှာ ရုန်းကန်နေရချိန် ဖြစ်ပါတယ်။
Chrome စတင်ထွက်ရှိခဲ့တုန်းက “sandboxing” individual browser tab ဆိုတဲ့ feature လေးကလည်း ထင်ရှားပါတယ်။ tab တစ်ခုအဆင်မပြေဖြစ်သွားလည်း နောက်တစ်ခုကို မထိခိုက်ပါဘူး။ ဒါကြောင့်လည်း Chrome ရဲ့ အမြန်နှုန်းနဲ့ တည်ငြိမ်မှုကို တိုးတက်သွားစေပါတယ်။ Google ရဲ့ V8 JavaScript engine ကြောင့်လည်း ပါတာပေါ့။
Chrome ကို ဆယ်စုနှစ်အကြာနောက်ပိုင်းမှာတော့ ဝက်ဘ်သုံးစွဲသူအတော်များများရဲ့ လက်စွဲတစ်ခုအနေနဲ့ တွေ့မြင်ရပါပြီ။ Chrome ဟာ desktop ဈေးကွက်မှာ ၆၀% ယူထားပါတယ်။ နောက်ဆုံးထွက် web standard တွေနဲ့ feature တွေကို တိုးတက်ကောင်းမွန်စေဖို့အတွက် Chrome အဖွဲ့ကလည်း အမြဲတစေကြိုးစားနေပါတယ်။ အခုဆိုရင် Windows, macOS, Linux, Android နဲ့ iOS ပေါ်မှာတောင် ရနေပါပြီ။


Chrome OS ဆိုတဲ့ ပေါ့ပါးပြီးတော့ သုံးရအဆင်ပြေတဲ့ဗားရှင်းလေးကိုလည်း laptop နဲ့ တက်ဘလက်တွေမှာ ရနိုင်နေပါပြီ။ တက်ဘလက်တွေအတွက်က အဆင်သင့်သိပ်မဖြစ်သေးပေမယ့်လည်း Google ကတော့ Android app တွေကို Chrome OS ပေါ်တင်ပေးပြီးတော့ ခံစားမှုကောင်းကောင်းတွေ ပေးစွမ်းနေပါတယ်။ များမကြာခင်မှာ Chrome OS ပေါ်ကို Linux app တွေ ရောက်လာတော့မှာပါ။ redesign မလုပ်တာအတော်ကြာနေတယ်ဆိုပေမယ့်လည်း Material Design Refresh လုပ်တာကတော့ ဒီလထဲမှာ တွေ့မြင်ရမှာပါ။
Chrome ရဲ့ အနာဂတ်ကတော့ web browser နဲ့ စခဲ့ပေမယ့်လည်း platform တစ်ခုအနေနဲ့ တွေ့မြင်ရတော့မှာပါ။ Chrome ဟာ web developers တွေကြားမှာ လွှမ်းမိုးနေတဲ့ Internet Explorer 6 နဲ့ ယှဉ်ရမှာဖြစ်ပြီးတော့ Google engineers တွေကလည်း ကြိုးစားပေးနေပါတယ်။ ဆယ်နှစ်သက်တမ်းကြာခဲ့ပြီဆိုတော့ ဘယ်လိုတွေပြောင်းလဲလာခဲ့သလဲ၊ ပြောင်းလဲမှုတွေကို ကြိုက်ရဲ့လား သုံးသပ်ပေးသွားကြပါဦး။

Leave a Reply