Posted on Leave a comment

သက္တမ္း ၁၀ ႏွစ္ျပည့္သြားတဲ့ Google Chrome

Google Chrome ဟာ လက္ရွိမွာ လူသံုးအမ်ားဆံုး ၀က္္ဘ္ဘေရာက္စာ ျဖစ္ပါတယ္။ သူဟာ ဒတ္စေတာ့ ဘေရာက္စာ ေစ်းကြက္မွာ ၆၀ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားပါတယ္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္အၾကာက သူ႔ကို ၀င္းဒိုး အတြက္ ဘေရာက္စာ အျဖစ္ စတင္ ျဖန္႔ခ်ီေပးခဲ့တဲ့အတြက္ သူရဲ႕ သက္တမ္းဟာ ၁၀ ႏွစ္ျပည့္သြားပါၿပီ။

ေနာက္တစ္ႏွစ္အၾကာ ၂၀၀၈ ခုႏွစ္မွာ Linux နဲ႔ macOS မ်ားအတြက္ ျဖန္႔ခ်ီေပးခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ Android Version ကို ျဖန္႔ခ်ီေပးခဲ့ပါတယ္။ Internet Explorer ကို လူေတြ ႏွစ္သက္မႈ နည္းပါးလာၿပီး Firefox ဟာ အရွိန္ယူေနတဲ့အခ်ိန္မွာ Chrome ထြက္ေပၚလာတာျဖစ္ပါတယ္။

Chrome ရဲ႕ အင္ဂ်င္နီယာမ်ားဟာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား၊ ၀က္ဘ္ စံႏႈန္း အသစ္မ်ားကို စဥ္ဆက္မျပတ္ တိုးတက္ေအာင္ ျပဳလုပ္ေပးေနပါတယ္။ Chrome Team က စက္တင္ဘာလ ၄ ရက္ေန႔မွာ အထူးေၾကညာခ်က္တစ္ခုကို ၾကားသိရမယ္လို႔ ေျပာပါတယ္။ ေနာက္ထပ္ ၁၀ ႏွစ္အတြင္းမွာ Chrome ဟာ ဘယ္ေလာက္တိုးတက္လာမလဲဆိုတာ စိတ္၀င္စားစရာ ေကာင္းပါတယ္။

Chrome ဟာ Google ရဲ႕ ထုတ္ကုန္မ်ားစြာထဲမွ ေအာင္ျမင္တဲ့ ထုတ္ကုန္ ျဖစ္ပါတယ္။ Chrome ဟာ ၀က္ဘ္ ဘေရာက္စာ တစ္ခုသာမက Windows , macOS, Linux , Android , iOS တို႔ရဲဲ႕ ပလက္ေဖာင္း တစ္ခုလိုေတာင္ ျဖစ္ေနပါၿပီ။

unicode

သက်တမ်း ၁၀ နှစ်ပြည့်သွားတဲ့ Google Chrome

Google Chrome ဟာ လက်ရှိမှာ လူသုံးအများဆုံး ဝက်ဘ်ဘရောက်စာ ဖြစ်ပါတယ်။ သူဟာ ဒတ်စတော့ ဘရောက်စာ ဈေးကွက်မှာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက သူ့ကို ဝင်းဒိုး အတွက် ဘရောက်စာ အဖြစ် စတင် ဖြန့်ချီပေးခဲ့တဲ့အတွက် သူရဲ့ သက်တမ်းဟာ ၁၀ နှစ်ပြည့်သွားပါပြီ။

နောက်တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ Linux နဲ့ macOS များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ Android Version ကို ဖြန့်ချီပေးခဲ့ပါတယ်။ Internet Explorer ကို လူတွေ နှစ်သက်မှု နည်းပါးလာပြီး Firefox ဟာ အရှိန်ယူနေတဲ့အချိန်မှာ Chrome ထွက်ပေါ်လာတာဖြစ်ပါတယ်။

Chrome ရဲ့ အင်ဂျင်နီယာများဟာလည်း လုပ်ဆောင်ချက် အသစ်များ၊ ဝက်ဘ် စံနှုန်း အသစ်များကို စဉ်ဆက်မပြတ် တိုးတက်အောင် ပြုလုပ်ပေးနေပါတယ်။ Chrome Team က စက်တင်ဘာလ ၄ ရက်နေ့မှာ အထူးကြေညာချက်တစ်ခုကို ကြားသိရမယ်လို့ ပြောပါတယ်။ နောက်ထပ် ၁၀ နှစ်အတွင်းမှာ Chrome ဟာ ဘယ်လောက်တိုးတက်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Chrome ဟာ Google ရဲ့ ထုတ်ကုန်များစွာထဲမှ အောင်မြင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ Chrome ဟာ ဝက်ဘ် ဘရောက်စာ တစ်ခုသာမက Windows , macOS, Linux , Android , iOS တို့ရဲ့ ပလက်ဖောင်း တစ်ခုလိုတောင် ဖြစ်နေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.