0
930
unicode
Sony က စွမ်းရည်မြင့် Xperia XZ3 ကို ကြေညာ
Sony Xperia XZ3 ရဲ့ သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ သူ့ကို တရားဝင် ကြေညာလိုက်ပါပြီ။ ဆိုနီက သူ ထုတ်လုပ်ခဲ့ဖူးတဲ့ စမတ်ဖုန်းများထဲမှာ အကောင်းဆုံးလို့ ပြောပါတယ်။ ယခင်နှစ်ထုတ် XZ2 ထက် ပိုကောင်းတဲ့ အစိတ်အပိုင်းများကို သူ့မှာ ထည့်သွင်းထားပါတယ်။
သူ့မှာ ၆ လက်မ 2880×1440 OLED Display တပ်ဆင်ထားပြီး 18:9 Aspect Ratio ဖြစ်ပါတယ်။ XZ2 မှာ ၅.၇ လက်မ 2160×1080 LCD Display ထည့်သွင်းထားပါတယ်။ XZ3 မှာ အနည်းငယ် ပိုမို ကြီးမားတဲ့ 3330mAh Battery ထည့်သွင်းထားပါတယ်။ XZ2 မှာ 3180mAh Battery သာ ပါပါတယ်။ XZ3 မှာ Android 9.0 Pie ပါလာမှာပါ။
အခြား ဟာ့ဒ်ဝဲများက XZ2 နဲ့ သိပ်မကွာခြားပါဘူး။ XZ3 မှာ ဉာဏ်ရည်တု နည်းပညာက သူ့ရဲ့ အဓိက အစိတ်အပိုင်းလို့ ဆိုနီက ပြောပါတယ်။ ဖုန်းရဲ့ ဘေးဘက်ကို နှိပ်လိုက်ရင် သင် သုံးနေကျ App များကို ပြသပေးတဲ့ Side Sense Function ပါပါတယ်။ သင် ဖုန်းကို အထက်သို့ မြှောက်လိုက်ရင် ဓါတ်ပုံရိုက်မှာကို သိနားလည်ပြီး Camera App ကို အလိုအလျှောက် ဖွင့်ပေးတဲ့ Smart Launch လည်း ပါပါတယ်။
Snapdragon 845 Processor မောင်းနှင်ထားပါတယ်။ 4GB RAM , 64GB Internal Storage များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 4K HDR Video , 960fps Slow Motion များ ရိုက်ကူးနိုင်တဲ့ 19MP Camera နဲ့ အရှေ့ဘက်မှာ 3D Face Scanning ပါတဲ့ 13MP Camera ပါပါတယ်။ နောက်ဆုံးထုတ် Android 9.0 Pie ကို XZ3 မှာ ထည့်သွင်းထားပါတယ်။ အောက်တိုဘာလမှာ ၉၀၀ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Leave a Reply