iPhone XS ကို ပထမဆုံးပြိုင်မယ့်သူက Pixel 3 မဖြစ်နိုင်
0
1263
Zawgyi Version
Unicode Version
iPhone XS ကို ယှဉ်ပြိုင်မယ့် ပထမဆုံးဖုန်းကတော့ အောက်တိုဘာလမှာ တွေ့မြင်ရမှာပါ။ ဒါပေမယ့်လည်း Pixel 3 or Pixel 3 XL မဟုတ်ပါဘူး။ Android သတင်းတွေကို လေ့လာနေသူတစ်ယောက်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ နံပါတ်တစ်ရောင်းချသူဆီက မြင်ရနိုင်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ မှန်ပါတယ်။ Huawei Mate 20 Pro ဖြစ်ပါတယ်။ Mate 20 series ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီးတော့ ပေါက်ကြားမှုတွေလည်း အတော်လေးမြင်တွေ့ခဲ့ရပြီးပါပြီ။ Mate Series ကို အောက်တိုဘာလထဲမှာ ပြသမယ်လို့ တရားဝင်သိထားပါတယ်။ ဒီတော့ regular Mate 20 နဲ့Pro version တို့ကို တွေ့မြင်ရမှာပါ။ Lite model လေးကတော့ မြင်ပြီးသွားပါပြီ။
ဒီသတင်းတွေကတော့ Huawei ဆီကနေ လာခဲ့တာပါ။ ကမ္ဘာ့ပထမဆုံးသော 7nm chi ကို ဘာလင်မှာကျင်းပခဲ့တဲ့ IFA 2018 မှာ ပြသခဲ့ချိန်တုန်းက Kirin 980 ကို ပထမဆုံးထည့်သွင်းထားတဲ့ Mate Series ကို အောက်တိုဘာလထဲမှာ မြင်တွေ့ရမယ်လို့ တစ်ခါတည်းပြောခဲ့တာပါ။ ဒါဟာ ကမ္ဘာ့ပထမဆုံးသော commercial 7nm processor ဖြစ်ပါတယ်။ မကြာခင်မှာလည်း 7nm chip ကို တပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်း 2018 iPhone XS duo နဲ့ Apple ရဲ့ စွမ်းဆောင်ရည်သင့် iPhone တွေကို တွေ့မြင်ရတော့မှာပါ။ သူတို့ကတော့ Apple ရဲ့ A12 chip ကို အသုံးပြုထားမှာပါ။
Kirin 980 ကတော့ TSMC-made 7nm chip ပါဝင်ပြီးတော့ အန်စာတုံးအရွယ်လောက်မှာ transistors ၆.၉သန်း ပါဝင်တယ်။ ဒါမှမဟုတ် အရင်မျိုးဆက်ထက် ၁.၆ဆ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ 10nm chip တွေထက် ၂၀% ပိုမိုမြန်ဆန်ပြီး ၄၀% ပိုမိုအကျိုးရှိပါတယ်။ အခြား 2018 Android flagship တွေမှာတော့ Qualcomm ၊ Samsung ၊ Huawei နဲ့ အခြားသူတွေပြုလုပ်ထားတဲ့ 10nm chip တွေကို တွေ့မြင်ခဲ့ရတာပါ။ Pixel 3 မှာကတော့ Galaxy S9 ၊ Note 9 ၊ OnePlus 6 တို့မှာ အသုံးပြုထားတဲ့ 10nm Snapdragon 845 လေးကို တွေ့မြင်ရမှာပါ။
Kirin 980 ကတော့ Cortex-A76 core လို့ခေါ်တဲ့ အရင်မျိုးဆက်ထက် ၇၅% ပိုမိုစွမ်းအားမြင့်ပြီး ၅၈%ပိုမိုလုပ်ဆောင်နိုင်မယ့်အရာတွေကို ထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံးသော SoC ဖြစ်နေပါတယ်။ core ရှစ်ခုထဲမှာ super-big Cortex-A76 core နှစ်ခု၊ Cortex-A76 core နှစ်ခု ၊ Cortex-A55 core လေးခုတို့ ပါဝင်ပါတယ်။
Kirin 980 ကတော့ Mali-G76 GPU ကို ကမ္ဘာ့ပထမဆုံး မိတ်ဆက်လိုက်တာပါ။ သူဟာ ၄၆% ပိုမိုမြန်ဆန်ပြီးတော့ ၁၇၈% ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ AI လုပ်ဆောင်နိုင်စွမ်းတွေလည်း ပါဝင်နေတဲ့အတွက်ကြောင့် workload တွေကိုသိရှိနိုင်ပြီး resource allocation တွေကို ညှိနှိုင်းပေးလို့ ဘတ်ထရီစားသက်သာစေပါတယ်။
4G LTE chip ထည့်သွင်းပေးထားလို့ အမြန်နှုန်း 1.4Gbps အထိ ရနိုင်ပါတယ်။ ပြီးတော့ LTE Cat.21 ပေးနိုင်တဲ့ ပထမဆုံး modem ဖြစ်လာပါတယ်။ 5G မဟုတ်သေးပေမယ့်လည်း အကောင်းဆုံးအနေအထားကို ပေးနိုင်မှာပါ။
dual NPU လည်း ပါဝင်နေပါတယ်။ neural processing unit လေးကိုတော့ မနှစ်က Mate 10 မှာ တွေ့မြင်ထားတဲ့ပုံစံလေးနဲ့ တွေ့မြင်ရမှာပါ။ chip အသစ်ဟာ တစ်မိနစ်ကို ပုံရိပ်ပေါင်း ၄၅၀၀ မှတ်မိနိုင်ပြီးတော့ အရင်နှစ်ထက် ၁၂၀% ပိုကောင်းလာမှာပါ။
fourth-gen ISP လေးကလည်း Kirin 980 package ထဲမှာ ပါဝင်နေပြီးတော့ multi-lens cameras, all-new HDR color reproduction technology နဲ့ multi-pass noise reduction solution စတဲ့နည်းပညာတွေအတွက် အထောက်အပံ့ပေးနိုင်မယ့် feature တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဗွီဒီယိုတွေကို နှောင့်နှေးမှု ၃၃%အထိ လျှော့ချပေးနိုင်ပါပြီ။
တစ်ခုမှတ်ထားရမှာကတော့ Mate 20 Pro ကို iPhone XS နဲ့ အခြားသာ 2018 Android flagship တွေနဲ့ယှဉ်နိုင်ဖို့ မြန်မြန်လေးထွက်လာဖို့သာ မျှော်လင့်ရမှာပါ။ Qualcomm’s 7nm Snapdragon 855ကိုလည်း နောက်နှစ်အစောပိုင်းမှာ မြင်တွေ့ရနိုင်ချေရှိနေပါတယ်။
Leave a Reply