Huawei Mate 20 နဲ႔ Mate 20 Pro ကို ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ေၾကညာမည္

0
683

ဂ်ာမနီ ႏုိင္ငံ ဘာလင္မွာ IFA နည္းပညာ ျပပြဲကို က်င္းပေနပါတယ္။ ဟြာေ၀းက အဲဒီပြဲမွာ Huawei Mate 20 နဲ႔ Mate 20 Pro ကို ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ေၾကညာမယ္လို႔ ေၾကညာလိုက္ပါတယ္။ Mate 20 ဟာ ကမာၻ႕ ပထမဆံုး 7nm Chipset ျဖစ္တဲ့ Kirin 980 ပါမယ့္ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Mate 20 Lite ကိုေတာ့ ၿပီးခဲ့တဲ့ တစ္ပတ္က အြန္လိုင္း စတိုးမွာ စာရင္းတင္ထားတာကို ေတြ႕ရပါတယ္။ ဂ်ာမနီ ၀က္ဆိုက္မွာေတာ့ ယူရို ၄၃၅ သတ္မွတ္ထားၿပီး ပို႔ေဆာင္မယ့္ ေန႔နဲ႔ ဓါတ္ပံုကို မျပသထားပါဘူး။ ပိုလန္ ၀က္ဆိုက္မွာ ယူရို ၃၇၀ သတ္မွတ္ထားၿပီး စက္တင္ဘာလ ၉ ရက္ေန႔မွာ ပို႔ေဆာင္ေပးမယ္လို႔ ေဖာ္ျပထားပါတယ္။ ပိုလန္ ၀က္ဆိုက္မွာ အျပာနဲ႔ အနက္ေရာင္မ်ားကို ျပသထားပါတယ္။

၀က္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ Huawei Mate 20 Lite မွာ ကင္မရာ ေလးလံုး ပါပါတယ္။ အေနာက္နဲ႔ အေရွ႕ဘက္မွာ ႏွစ္လံုးစီ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ 20MP f/1.8 + 2MP Camera နဲ႔ အေရွ႕ဘက္မွာ 24MP + 2MP Camera မ်ား ျဖစ္ပါတယ္။

Huawei Mate 20 Lite ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၆.၃ လက္မ ျဖစ္ပါတယ္။ 1080x2340p Resolution ျဖစ္ၿပီး IPS LCD အမ်ိဳးအစား ျဖစ္ပါတယ္။ ထည့္သြင္းထားတဲ့ Kirin 710 Chipset ကိုေတာ့ ဟြာေ၀း ကိုယ္တိုင္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ 6GB RAM ပါတဲ့အတြက္ Multitasking ျပဳလုပ္ဖို႔ ေကာင္းမြန္မွာျဖစ္ပါတယ္။ 3650mAh Battery ထည့္သြင္းထားပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ Mate 20 မွာ ၆.၃ လက္မ AMOLED Screen ထည့္သြင္းထားၿပီး ႀတိဂံပံုသ႑ာန္ Notch ပါလာမွာပါ။ ကင္မရာ သံုးလံုး ထည့္သြင္းထားႏုိင္ပါတယ္။ 4200mAh Battery ပါလာမွာပါ။ ႀကိဳးမဲ့ အားသြင္း စနစ္ ထည့္သြင္းထားမွာပါ။ အေရွ႕နဲ႔ အေနာက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားမွာပါ။

unicode

Huawei Mate 20 နဲ့ Mate 20 Pro ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာမည်

ဂျာမနီ နိုင်ငံ ဘာလင်မှာ IFA နည်းပညာ ပြပွဲကို ကျင်းပနေပါတယ်။ ဟွာဝေးက အဲဒီပွဲမှာ Huawei Mate 20 နဲ့ Mate 20 Pro ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာမယ်လို့ ကြေညာလိုက်ပါတယ်။ Mate 20 ဟာ ကမ္ဘာ့ ပထမဆုံး 7nm Chipset ဖြစ်တဲ့ Kirin 980 ပါမယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Mate 20 Lite ကိုတော့ ပြီးခဲ့တဲ့ တစ်ပတ်က အွန်လိုင်း စတိုးမှာ စာရင်းတင်ထားတာကို တွေ့ရပါတယ်။ ဂျာမနီ ဝက်ဆိုက်မှာတော့ ယူရို ၄၃၅ သတ်မှတ်ထားပြီး ပို့ဆောင်မယ့် နေ့နဲ့ ဓါတ်ပုံကို မပြသထားပါဘူး။ ပိုလန် ဝက်ဆိုက်မှာ ယူရို ၃၇၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပါတယ်။ ပိုလန် ဝက်ဆိုက်မှာ အပြာနဲ့ အနက်ရောင်များကို ပြသထားပါတယ်။

ဝက်ဆိုက်မှာ ဖော်ပြထားချက်အရ Huawei Mate 20 Lite မှာ ကင်မရာ လေးလုံး ပါပါတယ်။ အနောက်နဲ့ အရှေ့ဘက်မှာ နှစ်လုံးစီ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 20MP f/1.8 + 2MP Camera နဲ့ အရှေ့ဘက်မှာ 24MP + 2MP Camera များ ဖြစ်ပါတယ်။

Huawei Mate 20 Lite ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၆.၃ လက်မ ဖြစ်ပါတယ်။ 1080x2340p Resolution ဖြစ်ပြီး IPS LCD အမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းထားတဲ့ Kirin 710 Chipset ကိုတော့ ဟွာဝေး ကိုယ်တိုင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 6GB RAM ပါတဲ့အတွက် Multitasking ပြုလုပ်ဖို့ ကောင်းမွန်မှာဖြစ်ပါတယ်။ 3650mAh Battery ထည့်သွင်းထားပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Mate 20 မှာ ၆.၃ လက်မ AMOLED Screen ထည့်သွင်းထားပြီး တြိဂံပုံသဏ္ဍာန် Notch ပါလာမှာပါ။ ကင်မရာ သုံးလုံး ထည့်သွင်းထားနိုင်ပါတယ်။ 4200mAh Battery ပါလာမှာပါ။ ကြိုးမဲ့ အားသွင်း စနစ် ထည့်သွင်းထားမှာပါ။ အရှေ့နဲ့ အနောက်ကို ဖန်ဖြင့် ဖုံးအုပ်ထားမှာပါ။

Leave a Reply