Posted on Leave a comment

Apple ရဲ႕ ပထမဆံုးေမာင္းသူမဲ့ကား မေတာ္တဆမႈျဖစ္ပြား

Zawgyi Version

Apple ရဲ႕ ေမာင္းသူမဲ့ကားဟာ ယာဥ္ေၾကာက်ပ္ေနစဥ္အတြင္း မေတာ္တဆမႈျဖစ္ပြားခဲ့တယ္လို႕ သိရပါတယ္။ Apple ကေတာ့ သူ႕ရဲ႕ေမာင္းသူမဲ့ကားစီမံကိန္းကို ထုတ္မျပဘဲထားတာပါ။ ဒါေပမယ့္လည္း သူတို႕ဘာလုပ္ေနတယ္ဆိုတာကိုေတာ့ ကၽြန္ေတာ္တို႕ တစ္စြန္းတစ္စသိထားပါတယ္။ ေမာင္းသူမဲ့ကားထဲမွ တစ္စီးဟာ မေတာ္တဆမႈျဖစ္ပြားခဲ့ပါတယ္။ ဒီလိုျဖစ္ရတာလည္း လူေတြေၾကာင့္ပါပဲ။
စာတမ္းေတြအလိုအရ Apple ရဲ႕ အစမ္းကားတစ္စီးဟာ autonomous mod နဲ႕ ၾသဂုတ္လ၂၄ရက္ေန႕ ၂နာရီ ၅၈မိနစ္မွာ 2016 Nissan Leaf နဲ႕ တိုက္မိခဲ့ပါတယ္။ ယာဥ္ေၾကာက်ပ္ေနတဲ့ Lawrence Expressway မွာ သြားဖုိ႕ေစာင့္ဆုိင္းေနတုန္းမွာ ျဖစ္ပ်က္ခဲ့တာပါ။ Apple ရဲ႕ကားေမာင္းႏွင္ခဲ့တာက 1 mph ထက္ နည္းေပမယ့္လည္း Nissan Leaf ကေတာ့ 15 mph နဲ႕ ေမာင္းႏွင္ခဲ့တာပါ။
ဒါဟာ ေမာင္းသူမဲ့ကားေတြကို လူေမာင္းကားေတြက အေနာက္ကေန၀င္တိုက္တာ trend တစ္ခုလိုျဖစ္ေနပါျပီ။ Carnegie Mellon software engineer Dr. Phil Koopman ကေတာ့ ေမာင္းသူမဲ့ကားေတြဟာ လူသားေတြလိုမ်ိိဳး ျမန္ျမန္မေမာငး္ႏုိင္တာေၾကာင့္ျဖစ္မယ္လို႕ ဆိုထားပါတယ္။ မေကြ႕ျခင္း၊ လမ္းမကူးျခင္း၊ လမ္းမေပးခင္မွာ ရပ္နားေလ့ရွိပါတယ္။ လူသားေတြကေတာ့ ယာဥ္စည္းကမ္းကို အျမဲတေစလိုက္နာတာမဟုတ္ေတာ့ အရွိန္ေလွ်ာ့ရမယ့္အခ်ိန္မွာ အရွိန္တင္ၾကတယ္လို႕ သိရပါတယ္။
Apple ကေတာ့ ဒီကိစၥကိုမွတ္သားျပီးေတာ့ လူသားေတြနဲ႕ယွဥ္ေမာင္းႏွင္တဲ့အခါ သတိထားဖို႕ ျပင္ဆင္ရပါေတာ့မယ္။ ေက်းဇူးတင္စရာေကာင္းတာကေတာ့ လူတစ္ေယာက္မွ ထိခိုက္မႈမရွိပါဘူး။ ဒါေပမယ့္လည္း ကားႏွစ္စီးလံုး ထိခိုက္ခဲ့ပါတယ္။

Unicode Version

Apple ရဲ့ မောင်းသူမဲ့ကားဟာ ယာဉ်ကြောကျပ်နေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Apple ကတော့ သူ့ရဲ့မောင်းသူမဲ့ကားစီမံကိန်းကို ထုတ်မပြဘဲထားတာပါ။ ဒါပေမယ့်လည်း သူတို့ဘာလုပ်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ တစ်စွန်းတစ်စသိထားပါတယ်။ မောင်းသူမဲ့ကားထဲမှ တစ်စီးဟာ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာလည်း လူတွေကြောင့်ပါပဲ။
စာတမ်းတွေအလိုအရ Apple ရဲ့ အစမ်းကားတစ်စီးဟာ autonomous mod နဲ့ သြဂုတ်လ၂၄ရက်နေ့ ၂နာရီ ၅၈မိနစ်မှာ 2016 Nissan Leaf နဲ့ တိုက်မိခဲ့ပါတယ်။ ယာဉ်ကြောကျပ်နေတဲ့ Lawrence Expressway မှာ သွားဖို့စောင့်ဆိုင်းနေတုန်းမှာ ဖြစ်ပျက်ခဲ့တာပါ။ Apple ရဲ့ကားမောင်းနှင်ခဲ့တာက 1 mph ထက် နည်းပေမယ့်လည်း Nissan Leaf ကတော့ 15 mph နဲ့ မောင်းနှင်ခဲ့တာပါ။
ဒါဟာ မောင်းသူမဲ့ကားတွေကို လူမောင်းကားတွေက အနောက်ကနေဝင်တိုက်တာ trend တစ်ခုလိုဖြစ်နေပါပြီ။ Carnegie Mellon software engineer Dr. Phil Koopman ကတော့ မောင်းသူမဲ့ကားတွေဟာ လူသားတွေလိုမျိုး မြန်မြန်မမောင်းနိုင်တာကြောင့်ဖြစ်မယ်လို့ ဆိုထားပါတယ်။ မကွေ့ခြင်း၊ လမ်းမကူးခြင်း၊ လမ်းမပေးခင်မှာ ရပ်နားလေ့ရှိပါတယ်။ လူသားတွေကတော့ ယာဉ်စည်းကမ်းကို အမြဲတစေလိုက်နာတာမဟုတ်တော့ အရှိန်လျှော့ရမယ့်အချိန်မှာ အရှိန်တင်ကြတယ်လို့ သိရပါတယ်။
Apple ကတော့ ဒီကိစ္စကိုမှတ်သားပြီးတော့ လူသားတွေနဲ့ယှဉ်မောင်းနှင်တဲ့အခါ သတိထားဖို့ ပြင်ဆင်ရပါတော့မယ်။ ကျေးဇူးတင်စရာကောင်းတာကတော့ လူတစ်ယောက်မှ ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့်လည်း ကားနှစ်စီးလုံး ထိခိုက်ခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.